45

255 20 0
                                    

2012 လောက်တုန်းက ရန်ကုန်မြို့ရဲ့
ဆေးရုံတစ်ခုမှာပေါ့လေ
(ဆေးရုံနာမည်တော့ ထည့်မရေးတော့ပါဘူး)
😁
ကိုယ်က အလုပ်သင်ဆရာဝန် ဆင်းနေချိန် OG ward ရဲ့ သားဖွားခန်းမှာ ဂျူတီကျနေခဲ့တုန်းက အဖြစ်အပျက်လေးပါ

တစ်နေ့တစ်နေ့ မွေးလိုက်ရတဲ့ လူနာဆိုတာ သောက်သောက်လဲမို့ သရဲခြောက်တယ်လို့ နာမည်တွေကြီးနေပေမယ့်လည်း
ထမင်းတောင် အချိန်မှန်အောင်
မစားရတဲ့အပြင် ယားလို့​တောင်
မကုတ်အားခဲ့တဲ့ ဂျူတီတွေချည်းမို့
သရဲဆိုတာ ဂျိုနဲ့လားလို့တောင်
မေးရမလိုလိုပါပဲ
😅
အဲ့လိုနဲ့ပဲ 24 hrs duty တရက်ဟာ ရုံးပိတ်ရက် တနင်္ဂနွေနေ့နဲ့
သွားတိုက်ဆိုင် နေတာကြောင့်
ဝန်ထမ်းအင်အားလည်းနည်းနေပြီး
စနေနေ့မှာ မမွေးချင်လို့ အောင့်ထားတော်မူကြတဲ့ သားဦးကိုယ်ဝန် မဗိုက်များကြောင့်
ဆရာဝန် ဆရာမတွေခမျာ ည ၈ နာရီအထိ
ထမင်းစားဖို့ မပြောနဲ့ ရေတောင်
ထမသောက်နိုင်လောက်အောင်ကို
ကိုယ့်အလုပ်နဲ့ကို ရှုပ်နေခဲ့ကြတာများ
တယောက်နဲ့တယောက်တောင်
ဝင်ဝင်တိုက်မိကြတဲ့ထိပဲ
🤧
မှတ်မှတ်ရရပေါ့လေ
အဲ့လူနာ အမျိုးသမီးငယ်လေးက
၁၉ နှစ် သားဦးကိုယ်ဝန်နဲ့
အရပ်က ရှည်ရှည် ဒေါင်ကောင်းကောင်းပေမယ့် မွေးလမ်းကြောင်းက ကျဉ်းလွန်းတော့
ရိုးရိုးမှ ထွက်ပါ့မလား
Operation ဝင်ပြီး ခွဲထုတ်ရမှာလားနဲ့
ရင်တထိတ်ထိတ်ပေါ့လေ

လူနာစောင့်ပါလာတဲ့ သူ့အမေနဲ့ အမတွေ သူ့အမျိုးထဲက မိန်းမအဖော်တွေကလည်း
“ဆရာမရယ် ရိုးရိုးပဲ ထွက်အောင်မွေးပေးပါ
ခွဲရစိတ်ရမှာ ကြောက်လို့ပါဆိုတော့
ကိုယ်ကလည်း အဲ့ည တာဝန်ကျတဲ့ OG ကို
ပြပေးလိုက်ပါတယ်
OG အမက “ကလေးကသေးတော့ ထွက်လောက်ပါတယ်ဟဲ့
ငါအမွှာကိုယ်ဝန် အရင်သွားခွဲလိုက်ဦးမယ်
မွေးကြည့်ထား
အဆင်မပြေရင် ခွဲဖို့သာ တခါတည်းပြင်ပြီး ပို့ပေးလိုက်”ဆိုလို့
ကိုယ်ကလည်း ကြိုးစားပမ်းစားနဲ့
မွေးလိုက်တယ်ပေါ့
မွေးလမ်းကြောင်းကကျဉ်းတာနဲ့
လူနာက မညှစ်နိုင်တာနဲ့ပေါင်းပြီး
မွေးလမ်းကြောင်းချဲ့လိုက်ရတာမို့
ကလေးထွက်အပြီး ကိုယ့်မှာ
ပုံမှန်ထက် ပိုကြီးတဲ့ မွေးလမ်းကြောင်းအနာကို ကျကျနနနဲ့ အသေအချာ ချုပ်နေတာပေါ့လေ

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now