41

254 14 0
                                    

"သွေးစုပ်ဖုတ်"
ညီမငါးတန်းနှစ်တုန်းက အမေ့ဘက်ကအကိုမိန်းမကသားအိမ်ကင်ဆာနောက်ဆုံးအဆင့်နဲ့အိပ်ယာထဲလဲနေတာပါ ပိန်ချုံးကျပီး မျက်လုံးကြီးကပြူးထွက်နေတာပါ မျက်လုံးကလည်းလုံးဝအညိမ်မနေပါဘူး အထဲကမျက်စံကိုလည်နေအောင်ကြည့်တာပါ..အရမ်းလည်းသနားအောင်ပြောတက်ပါတယ် သူတို့အိမ်သွားရင် အိမ်ရှေ့ခြံဝိုင်းထဲပဲရောက်သေးတာတောင် သူ့အိမ်ဘယ်သူလာတယ်ဆိုတာသိပါတယ် ညီမကိုဆို "သမီးလေး ကြီးကြီးကိုမသနားဘူးလား ကြီးကြီးမောနေလို့ ရင်ဘက်လေးလာဖိပေးပါ ညောင်းနေလို့ ခြေသလုံးလေးလာနိပ်ပေးပါ"ဆိုပီးလူတောင်မမြင်သေးဘူး အော်ခေါ်နေတာပါ ညီမအမဝမ်းကွဲ သူ့သမီးဆို သူ့အမေကိုပြုစုရ​တော့လုံးဝသွေးမရှိသလိုဖြူဖတ်နေတာရော် အ့တော့လူကြီးတွေကအခြေအနေမဟန်ဘူးဆိုပီး ဗေဒင်တွေမေးတော့ သွေးစုတ်ဖုတ်ဝင်နေတာလို့ပြောပါတယ် သေချာအောင် ဖဲရွက်ကို သူ့အိပ်ယာအောက်မှာထား တံပိုးကြီးကို(နွားလှည်းတွေမှာသုံးတဲ့ဟာပါ)သူနေတဲ့ နေရာကိုမှန်းပီး အိမ်အောက်ကနေထိုးထားဆိုပီးမှာတဲ့အတိုင်းလုပ်တော့ ညိမ်ညိမ်မနေတော့ပါဘူး ဟိုနားကယားတယ် ဆိုပီးနေရာတွေရွေ့ သူရွေ့တဲ့အောက် လိုက်လုပ်တော့ ဒီအိမ်မှာမနေတော့ဘူး ငါ့အမေအိမ်ပြန်မယ်ဆိုပီးပါလုပ်လာပါတယ် တခြားတော့မသိပေမယ့် သူ့ကိုဝင်တဲ့ ဖုတ်ကတော့ တော်တော်ဥာဏ်များပြီး လူတော်တော်များများကိုလည်းသိပါတယ် အ့တော့ သူ့အမေကိုဖုန်းဆက်ပေးပါပြောလို့ ဖုန်းခေါ်ပေးတော့ "အမေရေ သမီးအမေ့ကိုလွမ်းလို့ အမေဆီလာချင်တယ်ဆိုပီးငိုပြီးဖုန်းပြောပါတယ် သူ့အမေနေတဲ့ရွာနဲ့ ညီမတို့ရွာကတော်တော်ဝေးပါတယ် ပြီးတော့ ရေလမ်းနဲ့ပဲသွားလို့ရတာပါ အ့တော့ငိုယိုနေတော့သူ့အမေကလည်း လာပို့ပေးပါပြောတော့ အဘကလည်း တခြားနေရာသွားပီး ဒီမှာတော့ဖုတ်ဝင်တာစမ်းသပ်လို့ကချီကချောင်ကျနေပီ လာပို့ရမှာလားမေးတော့ သူတို့မယုံလို့လာပို့ပေးပါပြောတော့ သွားပို့လိုက်ပါတယ်
၁ပတ်လောက်ပဲ ကြာတယ် ဖုန်းပြန်ဆက်တယ် "အမေ့ကငါ့ကိုနိုပ်စက်နေပိိ ပြန်လာခေါ်ပါယောကျာ်းရေ"ဆိုပီး ပြန်လာခေါ်ခိုင်းပါတယ် သူ့
အမေပြောတာတော့ သူတို့ လည်း စိတ်ထဲထင်လာလို့ စမ်းသပ်လိုက်တာ သူမနေနိုင်တော့ဘူး သူ့သမီးလေးကိုတခုခုလုပ်ပေးပါအုံးဆ်ုပီးငိုတော့ လူကြီးတွေက မဖစ်တော့ဘူး ကြာရင် တခြားလူတွေပါဒုက္ခရောက်မယ်ဆိုပီးစုံစမ်းကျတော့ ဆရာတယောက်ဆီမှာ ပရိတ်ရေလိုမျိုး အရည်တခု ရလာပါတယ် အ့တုန်းကသူပြန်ရောက်လာပီး ၂ရက်လောက်နေမယ် ည၈နာရီလောက် အ့ပရိတ်ရေ အိမ်ပေါ်တင်ကာပဲရှိသေးတယ် သူထိုင်နေတဲ့ပက်လက်ကုလားထိုင်ပေါ်ကနေ အောက်ကိုအတင်းထိုးဆင်းတာ ဆရာက အ့ပုရိတ်ရည်နဲ့တောက်ချလိုက်တော့ ချက်ချင်းလည်ပင်းကြီးလိမ်ပီး ငြိမ်ကျသွားရော အဲ့ဆရာက ကဲ မြန်မြန်လုပ်တော့ ကြာရင်ပုတ်တော့မှာလို့ပြောပါတယ် သူကအရင်က သူဝိဉာဉ်ကော ဝင်နေတဲ့သရဲမကော တလှည့်စီဝင်နေတာလို့ပြောပါတယ် ပီးတော့ သူ့အမေအိမ်ကပြန်လာထဲက သူကအသက်မရှိတော့တာပါတဲ့ ဝင်နေတဲ့ဖုတ်ထွက်သွားတော့ သူသေနေတာ၃ရက်ပြည့်ပီပေါ့နော် အတော့အမြန်သဂြိုလ်ရတယ် 
သဂြိုလ်တဲ့ထိသူ့မျက်လုံးကြီးကပြူးနေတာပါ အ့တုန်းက ညီမလည်း ကိုယ့်ကြီးတော်ကိုချစ်တော့ သွားသွားနိုပ်ပေးတာ ညီမသွေးလည်းတော်တော်စုပ်မိသွားမယ် သူ့ရင်ဘက်ပေါ်လက်တင်ထားရင်များ မှိန်းပီးအရသာခံနေသလိုမျိုးကြီးပါ လက်ဖယ်လိုက်တာနဲ့ ချက်ချင်းမျက်လုံးပွင့်လာပီး သနားအောင်ပြောတော့တာပါပဲ အိမ်ကအမေကနောက်သိတော့အသွားမခံတော့ဘူး  ဘဝမှာသွေးစုတ်ဖုတ်ကို တခါတော့နီးနီးကပ်ကပ်ကြီးကိူယ်တွေကြုံဖူးတာပဲ...
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now