44

249 14 0
                                    

သရဲရယ်လို့တော့ မဟုတ်ပါဘူး
လူသေတာကို မြင်ပြီး Trauma တစ်ခု လိုကို ဖြစ်သွားတာပါ ။ ( ကိုယ်တိုင်ဖြစ်တာပါ )

ငယ်ငယ်တုန်းက ( ၂တန်းလောက်ဖြစါမယ် )
ကျွန်တော်တို့ ဆော့နေကြနေရာတစ်နေရာရှိတယ် ။
ရထားလမ်းဘေးမှာရှိတဲ့ ကွင်းပြင်ကြီးမှာပါ ။
အခုတော့ မသိပေမယ့် အရင်ကလေ ရထားအတွဲတွေက နောက်တံခါးအပေါက်မပါကြတော့ ဈေးသည်တွေက ဘူတာရောက်မှ အတွဲပြောင်းရင်ပြောင်း အဲ့လိုမဟုတ်ပဲ တစ်ချို့ က ပြတင်းပေါက်လို နေရာမျိုးကနေ တစ်ဆင့်တွယ်ပြီး အတွဲပြောင်းရောင်းကြတယ် ။

တစ်ရက်တော့ အဲ့ကွင်းပြင်ကြီးထဲ ဆော့နေတုန်း တွဲကူးပြောင်းတဲ့ ဈေးသည် ယောကျားလေး တစ်ယောက် တွဲကူးရင် ပြုတ်ကျတာ အကြိတ်ခံရပါရော

ခေါင်းပါပြတ်သွားတာ အဲ့ခေါင်းက ကျွန်တော့ခြေထောင်တည့်တည့် အောက်ရောက်လာတာပဲ ။ ပြတ်ပြတ်ချင်းမို့လို့လားမသိ မျက်တောင်လည်းခတ်နေသလို အသံမထွက်တော့ပေမယ့် သူ့ကယ်ပါ ဆိုတာလိုလိုမျိုး စကားပြော ( နှုတ်ခမ်းလှုပ်တယ် ) ပြောရမှာပဲ ။ အဲ့တာကြီးကို မြင်ပြီး လူက ကြက်သေသေချသွားတာပဲ အသံလည်းမထွက်ရဲ လှုပ်လည်းမလှုပ် အသိလည်း မကပ်သလိုပါဖြစ်သွားတာ ။ မှတ်မှတ်ရရ လူကြီးတွေ အခင်ဖြစ်နေရာရောက်လာကြတော့ ကလေးကို လူပ်ပါဦးဘာညာနဲ့  ကျွန်တော့်ကို ခေါ်သွားကြတော့တာပဲ ။ အခုစဥ်းစားရင် ကို အဲ့ခေါင်းကြီး မျက်လုံးထဲ ပေါ်တုန်းပဲ ။

အဲ့တာဖြစ်ပြီးသွားထဲက ခေါင်းပြတ် ဆို ငါးတွေ ကြက်တွေမြင်ရင်တောင် မရဘူး ကြောက်တာ ။ နောက်ဆုံး အစားစားရင်တောင်လေ ပဲဟင်းတို့ ချဥ်ရေဟင်းတို့ထဲ ဟင်းအိုး မွှေနေတုန်း ကြက်ခေါင်းတို့ ငါးခေါင်းတို့ မြင်လိုက်ရရငါ အဲ့ တစ်အိုးလုံးပါ မစားရဲတော့ဘူး။ ငါးကင်စားလည်း အိမ်က မောင်နှမတွေကို ဖြစ်ဖြစ် သူငယ်ချင်းတွေကို ဖြစ်ဖြစ် စမစားခင်မှာ ( ကျွန်တော်မမြင်ခင် ) ခေါင်းဖြုတ်ခိုင်းမိတယ် ။ ရုပ်ရှင်ဆိုလည်း သရဲကား Horror ကားကြိုက်ပေမယ့် ခေါင်းပြတ်သွားတဲ့ Scene တွေဆို စိတ်ထဲ တစ်မျိုးကြီးပဲ
,#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now