77

204 12 0
                                    

ခုချိန်ထိ ဝေခွဲမရသေးလို့....
ကြုံတွေ့ခဲ့ရတာ လူလား သရဲလားဆိုတာ...
ကိုယ်တိုင်ကြုံတွေ့ဖူးတာလေးပြောပြချင်လို့
မေမေ သည်းခြေအိတ်ထဲ ကျောက်တွေ့လို့ သည်းခြေအိတ်တစ်ခုလုံးထုတ်ပစ်လို့ မန်းလေးက (....)ဆေးရုံတက်ခဲ့တုန်းကပေါ့ သမီးက မေမေ့ကိုပြုစုဖို့ လူမမာစောင့်ပေါ့
ဦးလေးနဲ့ဖေဖေလဲပါတယ် သီးသန့်အခန်းတခုယူတော့ ၄ထပ် မှာရတယ်
အဲ့လိုနဲ့ တစ်ရက်မှာ အညာက မေမေ့အမျိုးတွေ ညနေ‌ေရာက်‌ေတာ့ လူမမာလာမေးကြတာပေါ့ သူတို့နဲ့ စကားတွေပြောရင်း မန်းလေးဘူတာကြီးနားက အမဲစွပ်ပြုတ်တို့ အမဲအကြာလုံးတို့ စားချင်တယ်ပြောတာနဲ့ မေမေက သမီးကို သွားဝယ်ခိုင်းတော့တာပဲ အဲ့ချိန်သမီးက ဧည့်သည်တွေလာလို့ ရှိတဲ့အသီးနှံတွေခွဲကျွေးနေလို့အလုပ်ရှုပ်နေတာပေါ့ ရှင်းရှင်းပြောရရင် ရှူးပေါက်ချင်တာတောင် မပေါက်အားသေးတာ🤧🤧 အဲ့ချိန်မေမေက အောက်ထပ်မှာ ညည်းဦးလေးရှိတယ်(ဦးလေးကဆေးလိပ်သောက်တတ်လို့ အောက်မှာပဲအနေများတယ်) ကားနဲ့သွားဝယ်ချေဆိုပြီးဇွတ်အတင်းသွားဝယ်ခိုင်းတာနဲ့ Toilet ထဲဝင်ချိန်မရပဲ သွားဝယ်ရတာပေါ့
ဆိုင်ရောက်တော့လဲ ဈေးဝယ်ကျနေလို့ ကြာနေရော ရှူးပေါက်ချင်တာကို ဆိုင်ထဲလဲမသွားချင်တာနဲ့ ဒီတိုင်းအောင့်ထားလိုက်တာ အပြန်ကျတော့လဲ မီးပွိုင့်တွေမိလို့ လိုတာထက်ပိုကြာနေရော🤧🤧 ဆေးရုံပြန်ရောက်လာတော့ ဦးလေးကို ကားဇွတ်အတင်းရပ်ခိုင်းတော့ ဦးလေးက ငါ့စောင့်အုံး ငါရောလိုက်ခဲ့မယ်အပေါ်ထပ်ကိုပြောတာတောင် ကိုယ့်ဇောနဲ့ကိုယ်မို့ “အာ ဦးလေး ကားပါကင်ထိုးတာ ကြာနေအူံမှာ သမီးက မရတော့ဘူး တက်နှင့်မယ်"ပြောတော့ ဦးလေးက “ဒီကောင်မလေးဘယ်လိုဖြစ်နေတာလဲ အိနြေကိုမရဘူး ပြာယာခပ်နာပဲ" (ကို့ယ့်ပြသနာသူမှမသိတာ🥺)လို့ဆူပြီး ကားရပ်ပေးတာနဲ့ ပါဆယ်အထုပ်တွေကိုင်ပြီး ခပ်သွက်သွက်လျှောက်ရင်း ဓါတ်လှေကားနားရောက်တော့ ဓါတ်လှေကားတစ်ခုမှာ လူတွေအများကြီးစောင့်နေကြတာ (အဲ့ချိန်က တုတ်ကွေးရာသီမို့ ဆေးရုံမှာလူများနေတဲ့ကာလပေါ့) နောက်ဓါတ်လှေကားတစ်ခုကျ လှေကားဘက်နားရောက်လို့ မှောင်ရိပ်နည်းနည်းကျနေတဲ့ ဓါတ်လှေကားရှေ့ကျ လူတွေတစ်ယောက်မှမရှိဘူး ကိုယ်ကလဲ ရှူးတအားပေါက်ချင်နေတဲ့ဇောနဲ့ လူတွေတန်းစီစောင့်နေတဲ့ဓါတ်လှေကားကိုမစောင့်နိုင်တော့လို့ တဖက်ကဓါတ်လှေကားဆီ ပြေးတော့တာပဲ (စိတ်ထဲကတော့ လူတွေက ‘အ 'လိုက်တာ ဒီဓါတ်လှေကားကိုမမြင်ကျဘူး ဆိုပြီးတွေးမိနေသေး) အဲ့ချိန်ဓါတ်လှေကား တံခါးပွင့်တာနဲ့ အထဲဝင်ပြီး ၄ထပ်နှိပ်ပြီး နောက်မှာရပ်နေတုန်း တံခါးပိတ်ခါနီး လူတစ်ယောက်ဝင်လာတယ် သူက ၇ထပ်ကိုနှိပ်လိုက်တာ ဓါတ်လှေကားထဲ သူနဲ့သမီး ၂ယောက်ထဲ ..သူက သမီးကိုကျောပေးထားတာ လုံးဝလှည့်မကြည့်ဘူး သမီးကလဲ သူပုံကထူးဆန်းလို့ ကြည့်နေတာ ဘယ်လိုထူးဆန်းလဲဆိုတော့ သူ့ခေါင်းမှာ ချုပ်ရိုးကြောင်းကြီးနဲ့ အဲ့ချုပ်ရိုးကြောင်း ဘယ်လောက်ကြီးလဲဆိုရင် ဦးဆက်နေရာအပြည့်ပဲ ချုပ်ရိုးကြောင်းကြီးတွေကလဲ ကင်းခြေများလက်ကြီးတွေကျနေတာပဲ စိတ်ထဲကတော့တွေးမိနေသေး ဒီလူက လူမိုက်ဇိုးကြီးနေမှာ ခေါင်းရိုက်ခံထားရလို့ ချုပ်ထားရတာနေမှာ ငါ့ကိုယ်တောင်လှည့်မကြည့်ဘူးလို့ (ကိုယ့်ဇောနဲ့ကိုယ်မို့ သိပ်ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘူးလေ 🤧)၄ထပ်ရောက်လို့ တံခါးပွင့်တာနဲ့ တန်းပြေးတော့တာ သူ့ကိုလဲလှည့်မကြည့်နိုင်တော့ဘူး (ကိုယ်ကိစ္စကအရေးကြီး‌တယ်) အခန်းထဲရောက်တော့ အထုပ်တွေ ကိုင်ထားကြပါအုံးဆိုပြီး Toilet ထဲပြေးဝင်ရတယ်🥹 ကိုယ့်ကိစ္စရှင်းပြီး (အဲ့ချိန်ဦးလေးလဲ အခန်းထဲရောက်လာပီ) သူ့တို့ကိုဝယ်လာတာတွေကျွေး (သမီးတို့မိသားစုက အမဲသားမစားပါဘူးရှင့်) ပြီး သူတို့ပြန်သွားချိန် ည7နာရီ nurse မလေးတွေ ဂျုတီ round ချိန်ရောက်တော့ မနေနိုင်တော့ မေးပီပေါ့  (အမ အမ ခေါင်းမှာချုပ်ရိုးကြောင်းကြီးက လည်ပင်းအထက်ပိုင်း ဦးခေါင်းနဲ့အဆက်နေရာမှာကန်လန့်ကြီးခွဲထားတာ အာ့ဘာဖြစ်လို့ခွဲရတာလဲဟင် မေးတော့တာပေါ့ အာ့ကျ အဲ့အမတွေဖြေတာက လူတွေသေလို့ ဦးစက်ခွာပြီးရင် ပြန်ချုပ်ထားတာတဲ့လေ (သူတို့က သမီးကို လူသေကိုတနေ‌ရာရာမှာတွေ့လာတယ်ထင်လို့ )ညီမလေးက ဘယ်အထပ်မှာမြင်ခဲ့တာလဲတဲ့ မေးပါရော သမီးကလဲ ဓါတ်လှေကားထဲကလူကြီးတစ်ယောက်နဲ့အတူစီးခဲ့လို့သူ့မှာတွေ့လို့မေးကြည့်တာ သူက ၇ထပ်ကိုဆက်တက်သွားတာပြောတော့ သူတို့က ညီမလေး ၇ထပ်က ခွဲစိတ်ခန်းအထပ်မို့ ဓါတ်လှေကားအပေါက်နေရာမှာပိတ်ထားတယ်တဲ့ ဆရာဝန်သီးသန့်ဓါတ်လှေကားပဲဖွင့်တာတဲ့လေ အာ့လိုပြောပီးဘားဆက်မပြောတော့ပဲပြန်ထွက်သွားကြရော  ‌အဲ့ချိန်မေမေက ကောင်မလေးပေါက်တတ်ကရတွေပြောမနေနဲ့ ဦးဆက်ခွာခံရမှတော့ အဲ့လူကအသက်ရှင်ပါအုံးမလားတဲ့   ညည်းမြင်ခဲ့တာ အမြင်မှားတာနေမှာပါတဲ့လေ (အမြင်ကမှားစရာလား စဉ်းစားကြည့်လေ ဓါတ်လှေကားထဲ ၂ယောက်ထဲ နောက်ပြီးသမီးက နောက်က သူကသမီးရှေ့မှာရပ်နေတာလေ အကြည့်တွေက အဲ့လူနောက်ကျောမှာပဲရှိနေတာကို 🤧) ဆူပါရော အဲ့ချိန် အနားမှာ ဦးလေးလဲရှိတာမို့ ကိုယ်အမြင်မမှားကြောင်းပြောဖို့ ဦးလေးကို တပ်ကူခေါ်တာ‌ေပါ့ “ဦးလေး ဦးလေး သမီးဓါတ်လှေကားထဲဝင်သွားတာမြင်လိုက်လား"လို့ မေးတော့ ဦးလေးက “မြင်တယ်လေ ငါတောင်ကားပေါ်ကကြည့်နေတာ ဒီကောင်မလေးပြာယာခပ်ပြီးသွားတာ တခုခုဖြစ်မှာစိုးလို့ လှမ်းကြည့်နေတာ နင်တစ်ယောက်ထဲဓါတ်လှေကားထဲဝင်သွားတာ မြင်လိုက်တယ်"တဲ့ “ဟာ ဦးလေးကလဲ သမီးနောက်က လူတစ်ယောက်ထပ်ဝင်သေးတယ်လေ"ပြောတော့ “ငါမမြင်ပါဘူး နင်တစ်ယောက်ထဲပဲတွေ့လိုက်တာ"တဲ့လေ အဲ့လိုပြောမှ ကြက်သီးထလာတော့တာပဲ စဉ်းစားကြည့် အဲ့တာဆို သမီးနဲ့အတူစီးလာတဲ့လူက ဘယ်လိုလူဖြစ်နိုင်မလဲ? နောက်ပြီး တံခါးမရှိတဲ့ ၇ထပ်ကို ဘာလိုနှိပ်ပြီးတက်သွားတာလဲ?  လူလား သရဲလား ? သရဲဆိုရင်ရော ဓါတ်လှေကားထဲ ၂ယောက်ထဲအတူစီးရရင် ဘယ်လိုနေကြမှာလဲဟင်

စာရှည်သွားရင်ခွင့်လွှတ်ပါ မရေးတတ်လို့ လိုတာဖြည့်တွေးပေးကြပါနော် ဆေးရုံနာမည်တော့ ထည့်မရေးတော့ပါဘူးနော်
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now