42

256 14 0
                                    

လွန်ခဲ့တဲ့ 10နှစ်ကျော်က ကျမငှားနေတဲ့ အဆောင်အိမ်ရှင်လင်မယား အဖိုးကြီး အဖွားကြီး2ယောက်ရှိတယ်။ သားသမီးမရှိတော့ အခန်းငှားသူတွေကိုပဲခင်မင်အဖော်ဖြစ်နေကြတာ။ အထူးသဖြင့် ကျမနဲ့အတော်လေပေး‌ဖြောင့်တာ။ ကျမက အဖိုးအဖွားတေဆို ချစ်လဲချစ် စိတ်လဲရှည်တာမို့ ကျမနဲ့ဆိုအတော်ခင်မင်တာ။ ကျမကညနေ 6နာရီကနေ မနက်2နာရီအထိ ဘားမှာအလုပ်ဝင်ရတာပါ။ တရက်တော့ ညနေအလုပ်သွားခါနီး uniform ရုတ်ဖို့အခန်းပြင်ထွက်အလာ အိမ်နောက်ဖက်ခြမ်းဝင်းတံခါးကနေ အိမ်ရှင်အဖိုးကြီးက အဖြူရောင်ရှပ်အကျီ မီးခိုးရောင်ဘောင်းဘီရှည်နဲ့ ခြံဝင်းတခါးကိုအပြင်ကပြန်ပိတ်နေတာတွေ့ရော။ ကျမနဲ့ကစကားလှမ်းပြောရင်ကြားရတဲ့အကွာအဝေးပါ။ သူခြံတခါးကိုပြန်ပိတ်နေတဲ့အနေအထားဆိုတော့ ကျမနဲ့မျက်နှာချင်းဆိုင်အနေအထားပါ။ ကျမက ခါတိုင်းလိုပဲ hi ဆိုပီးပြုံးပြနုတ်ဆက်တာကို မျက်နှာတည်နဲ့ပဲတံခါးပိတ်ပီးလှည့်ထွက်သွားတယ်။ ခါတိုင်းဆို စကားဖောင်ဖွဲ့နေတာကျ။ဘယ်အခန်းကဘယ်လိုညစ်ပတ်တာ။ ဘယ်သူကအခန်းခမပေးသေးတာ။ အဖွားကဘာစားချင်လို့သွားဝယ်လာတာ ဘာညာနဲ့တနေ့တမျိုးမရိုးဘူး။ သူတို့ကိုစိတ်ရှည်ရှည်နဲ့နားထောင်ပေးပီး ရယ်စရာပါလုပ်ပြောတတ်တဲ့ကျမကိုသူတို့အတော်ခင်တာ။ အခုတော့ဘာဖစ်တာလဲမသိဘူးလို့ကြောင်တောင်တောင်ဖစ်သွား‌ေသးတယ်။ အလုပ်ချိန်ကပ်နေတော့ အော်.အလင်းပြန်လို့ငါမှန်းမသိလို့ပြန်မပြောတာနေမှာပါလို့တွေးပီးအလုပ်သွားလိုပ်တယ်။ ည7နာရီလောက်ကျတော့ ကျမဘေးခန်းကသူငယ်ချင်းကဖုန်းဆက်လာတယ်။ နန်းရေ။အိမ်ရှင်အဖိုးကြီးဆုံးသွားပီတဲ့။ ဟယ် ဘယ်တုန်းကလဲ ညနေကတောင်ငါတွေ့လို့လှမ်းနုတ်ဆက်သေးတယ်ဆိုတော့။ မဖြစ်နိုင်တာနင်ကလဲ ။သူကဖြင့်ညနေ5နာရီထိုးခါနီးလောက်ကဆံုးတာတဲ့ ဦးနှောက်သွေးကြောပြတ်ပီးဆုံးတာဆိုတော့ ကျမခေါင်းကြီးသွားတာပဲ။ ညနေကကျမမြင်ခဲ့တာသူဆိုတာသေချာပါတယ်။ စကားပြန်မပြောတာကလွဲရင်အဖိုးပါပဲ။ဘဝမှာ အဲ့တခါပဲဝိညာည်ကိုထင်ထင်ရှားရှားမြင်ခဲ့တာပဲ။ သူဝတ်ထားတဲ့အဝတ်စားနဲ့ လှည့်ထွက်သွားတဲ့ပုံကိုခုထိမျက်စိထဲကမထွက်သေးဘူး။ ထူးထူးခြားခြားခြောက်တာလဲမရှိခဲ့တော့ ကြောက်စိတ်လဲမဖြစ်ခဲ့ပါဘူး။ သူ့တသက်တာက ဒီအိမ်ငှားတွေနဲ့ပဲအချိန်ကုန်ခဲ့တာမို့ ရက်မလည်ခင်လျှောက်သွားနေတာများလားနော်။ ကျမတယောက်ပဲ အဖိုးကိုမြင်ခဲ့တာတဲ့။ အဖွားကိုပြန်ပြောပြတော့ သူဆုံးတဲ့နေ့ကဝတ်တဲ့အဝတ်အစားက ကျမပြောပြတဲ့အရောင်အတိုင်းပဲ။ အဖွားခမြာသူ့ကျမမြင်ရတော့မျက်ရည်လေးစမ်းစမ်းနဲ့။ ကျမက ကံနိမ့်တဲ့အခိန်မို့မြင်ရတာလား ခင်မင်လို့လာ‌နုတ်ဆက်တာလားနော်
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now