150

211 9 0
                                    

Please Admin!
အရင်ကတော့ စာဝင်ဖတ်ရုံသက်သက်ပဲ
အခုတော့ ကိုယ်တွေ့လေးတွေပြန်ပြချင်မိတာနဲ့
စာပြန်ရေးဖို့ဆုံးဖြတ်လိုက်ပြီဗျာ
ပရလောကနဲ့ပတ်သတ်တွေကြုံရသမျှကို
"ကျွန်တော့ကိုယ်တွေ့ဖြစ်ရပ်များ" လို့
ခေါင်းစဉ်တပ်ပါရစေ တခါမကကြုံခဲ့ရလို့ ၁/၂/၃
စသည်ဖြင့်ခွဲပြီးရေးပါမယ် မိတ်ဆက်နိဒါန်းလေးရှည်သွားရင်
Sorry ပါဗျာ
ကဲ ! ဒါဆို စလိုက်ကြတော့မလား?

  #ကျွန်တော့ကိုယ်တွေ့ဖြစ်ရပ်များ-၁
  (ပန်းရောင်ဝမ်းဆက်နဲ့အထည်ချုပ်အလုပ်သမလေး)

ဒီအဖြစ်အပျက်ကပြီးခဲ့တယ့်2019 ဒီဇင်ဘာလလောက်ကကြုံခဲ့ရတာ
ကျွန်တော်ကကျွန်တော့အမကိုအလုပ်အကြိုအပို့လုပ်ပေးရတယ်
မနက်တခေါက်ညတခေါက် ဖယ်ရီပေးပေမယ့် စိတ်မချလို့ကိုယ်တိုင်ပဲ
အကြိုအပို့လုပ်တယ် ညဆို စောတယ့်နေ့တွေ့ရှိသလို over time
ဆင်းရတယ့်ညတွေဆို 7:30pm 9:00pm ရှိတတ်တယ်
ဒီလိုပဲအမြဲအပို့အကြိုလုပ်ပေးနေရာက တရက် အမက
"ဒီနေ့ over timeရှိတယ် 9:00"လို့ဖုန်းဆက်ထားလို့ ကျွန်တော်လည်း အမကိုသွားကြိုဖို့ ဒီနေ့တော့ ငါ 8:00လောက်
သွားမယ်ဆိုပြီးပြင်ဆင်ပြီးဖုန်းယူပြီး ဆိုင်ကယ်နဲ့ထွက်ခဲ့တယ်
ဒီလိုနဲ့ အမတို့အလုပ်မရောက်ခင်နားမှာ အထည်ချုပ်စက်ရုံ ၂ရုံရှိတယ်
အမအလုပ်နဲ့ဘေးချင်းကပ်စက်ရုံနားရောက်တော့ ဆိုင်ကယ်မောင်းရင်း
ကျောထဲစိမ့်ပြီးအေးလာရော ကြက်သီးတွေထပြီးလူလည်းတွန့်တက်
သွားရော ဪ ဒီဇင်ဘာလပဲလေ ဆောင်းလေအေးဝေ့တယ်ပေါ့
ပြီးတော့ လမ်းကလည်း မြောက်ဥက္ကာလာအောင်မင်္ဂလာအဝေးနဲ့ အမှတ်သုံးလမ်းမကြီးလေ 9:00ဆိုတော့ ကားကရှင်းနေပြီ
Hight wayကားနဲ့ ဆိုင်ကယ်တစီးစ၂စီးစလောက်ပဲ ရှိတော့တာ
ဒါနဲ့ ဆက်မောင်းလာရင်း အရှေ့ဘက်ခပ်လှမ်းလှမ်းမှာ မြန်မာဝတ်စုံ
ပန်းရောင်လက်ပြတ်ဝမ်းဆက်လေးနဲ့ ဆွဲခြင်းအနီလေးဆွဲပြီးကောင်မလေးတယောက် ဆံပင်ဂုတ်ဝဲလေးနဲ့
ဒါနဲ့ ဪ စက်ရုံဆင်းပြီးပြန်လာတယ်ထင်တယ် အဖော်လည်းမပါဘူး
ပေါ့ သူ့ကိုကျော်မောင်းလာပြီးဆိုင်ကယ် backမှန်ကနေလှမ်းကြည့်
လိုက်သေးတယ် မျက်နှာကသေချာမမြင်ရဘူး ဆံပင်စတွေကွယ်နေတယ် ဒါနဲ့ဆက်မောင်းတော့ အမရဲ့အလုပ်ရှေ့ရောက်တော့ ဆိုင်ကယ်စက်သတ်ပြီး ခုနကနေရာကိုလှမ်းကြည့်တော့ဘယ်သူမှမရှိဘူး ဪ အိမ်ကလာကြိုသွားပြီထင်ပါတယ်လေဆိုထားလိုက်တယ်
ဒီလိုနဲ့နောက်တည အမလည်းအလုပ်က9:00pmဆိုတော့
အာ့မှာ စိတ်ထဲကသူ့အလိုလိုစောစောသွားချင်နေတာနဲ့မနေ့ကအချိန်ပဲ
ပြန်ထွက်လာမိတယ် သီချင်းလေးညည်းရင်းဆိုင်ကယ်ကိုမှန်မှန်ပဲ
မောင်းလာခဲ့တယ် ဒီလိုနဲ့မနေ့နေရာလောက်အရောက်မှာ
မနေ့ကလိုပဲ ကျောထဲစိမ့်လာပြီး ကြက်သီးတွေထပြီးတကိုယ်လုံး
တွန့်တက်သွားတယ် အာ့မှာသတိထားမိတယ် လေမတိုက်ဘူး
သေချာတယ်လေမတိုက်ဘူးပြီးတော့ Tရှပ်ကို အပေါ်က Hoodie
ထပ်ဝတ်လာတယ်ဘောင်းဘီကအရှည်နဲ့ လေမတိုက်ပဲကျော့ထဲစိမ့်လာ
တာတခုခုတော့တခုခုပဲဆိုပြီးစိတ်ထဲတွေးမိရင်းဆက်မောင်းလာခဲ့တယ်
တွေးနေတယ့်အတွေးစပျက်လို့ဆိုင်ကယ်ကိုဂရုစိုက်ပြန်မောင်းရင်းအရှေ့ကိုကြည့်လိုက်တော့ ဟော!မနေ့ကကောင်မလေး ဒါပေမယ့် သိပ်ဂရုစိုက်မိလိုက်ဘူး သူ့ဘေးကဖြတ်မောင်းရော ခေါင်းတွေပူထူး
သွားတယ် ဘာလဲဟပေါ့ အာ့ကျမှအသိဝင်တာ အင်္ကျီအရောင်တူတာ
ထားပါတော့ ပုံစုံတူတာဖြစ်နိုင်တယ် ဆံပင်ဂုတ်ဝဲ လက်ထဲကခြင်းတောင်းအနီလေး စိတ်ထဲမထိန်နိုင်ဘူး သိချင်နေတာ
နဲ့ဆိုင်ကယ်ကိုဘေးဆွဲရပ်လိုက်ပြီး စက်မသတ်ပဲထောင့်ထောက်ပြီးအနောက်ဘက်ကိုဆွဲလှည့်ပစ်လိုက်တယ် အာ့မှာ လူလည်းမျက်လုံးပြူးပြီးပြာထွက်သွားတာပဲ လွန်ခဲ့တယ် ၁မိနစ်၂မိနစ်လောက်ကဘေးကဖြတ်မောင်းလာခဲ့တယ့်နေရာမှာ
ကြောင်တကောင် ဝက်တမြှီးမှမရှိဘူး ဒါလည်းကိုယ့်ကိုကိုယ် မယုံဘူး
လမ်းမပေါ်တက်ပြီးရှေ့နောက်ပတ်လည် လျှောက်ကြည့်တယ် မတွေ့ဘူးဗျာ စိတ်ထဲသိပ်မကျေနပ်ချင်ဘူး ခင်ဗျာတို့စဉ်းစားကြည့်လေ
၁မိနစ်၂မိနစ်လောက်အချိန်လေးမှာ ဆိုင်ကယ်နဲ့လာကြိုသွားတယ်ဆို
ကျွန်တော့ဘေးကဖြတ်ရင်ဖြတ်မဟုတ်လို့အနောက်ဘက်ပြန်လှည့်သွားတယ်ဆိုလည်းလှမ်းတော့မြင်ရဦးမှာပဲ ကားလမ်းမကြီးဟိုဘက်မှာက
လည်း အလှစိုက်ပန်းရောင်းတယ်ခြံပဲရှိတယ် လမ်းမကပုံထက်အရှင်းကြီး ကိုယ့်ကိုကိုယ်ပြန်မေးတယ် ငါအမြင်မှားတာလား ဒါမှမဟုတ်သရဲအခြောက်ခံရတာလား
စိတ်ထဲမတင်မကျနဲ့ အမရဲ့ အလုပ်ရှေ့ကိုသွားပြီး အမကိုစောင့်နေလိုက်တယ် အမ အလုပ်လွှတ်တော့ ပြန်ကြိုလာရင်း
ဟိုနေရာကျော်လာလို့ Myanmar Beerစက်ရုံနားရောက်မှ
အမကိုမေးလိုက်တယ်"မမ ဒီလမ်းကြောမှာ မတော်တဆဖြစ်ပြီးသေ
တာတွေညာတွေရှိလား"မေးတော့ အမက "အေးရှိတယ်လေ ပြီးခဲ့တယ့်၃ရက်လောက်ကညနေပိုင်းအထည်ချုပ်စက်ရုံတွေလွှတ်တော့
ကားလမ်းဖြတ်ကူးတယ့်ကောင်မလေး၂ယောက် ကားကြီးနဲ့တိုက်မိတာ
တယောက်ကနေရာတင်ပွဲချင်းပြီးသေတယ် တယောက်ကတော့ဆေးရုံ
ရောက်ပြီးတရက်နေမှသေတယ်" Damn! ဒီကောင်ကြောင်ပျောက်
နေပြီလေ အမက"ဟဲ့ထူးထူးဆန်းဆန်းဘာလို့မေးတာလဲ" ကျွန်တော်လည်းအမကြောက်မှာစိုးတာနဲ့ "ဘာရယ်မဟုတ်ပါဘူး
ဒီလိုပဲမေးကြည့်တာ မမလည်းလမ်းကူးရင်သတိထားကြားလား?
အမဖြစ်သူကိုပြောပြီးပြန်လာခဲ့တယ် တလမ်းလုံးစိတ်ထဲလေးနေမိတယ်  ညရောက်တော့အိပ်ယာထဲ
အာ့အကြောင်းပဲပြန်တွေးနေမိတာ အခုထိ ငါအမြင်မှားတာလား?
သရဲအခြောက်ခံရတာလား?အမပြောတယ့်ပွဲချင်းပြီးသေတယ်ဆိုတယ့်မိန်းခလေးကငါတွေ့တယ်မိန်းခလေးလား? အတွေးများနေတယ်
ဒီလိုနဲ့ဆုံးဖြတ်ချက်ချလိုက်တယ် မနက်ဖန်ည အမအလုပ်ပိတ်တယ်
ဒါပေမယ့်အာ့နေရာကိုသွားမယ်လို့ ကြောက်စိတ်ကရှိပေမယ့်
အဖြေမှန်ကိုသိလိုစိတ်ကလည်းပြင်းပြနေတယ် နောက်တနေ့
မနက်ထဲကမရိုးမယွ နဲ့ ညမြန်မြန်ရောက်စေချင်နေမိတယ်ဗျ
ဒီလိုနဲ့ စောင့်နေတယ့်အချိန် ည8:00ရောက်လာတယ်
မသွားခင်ဘုရားရှစ်ခိုး သရဏဂုံ တင်လိုက်တယ် ပြီးတော့
ထွက်လာခဲ့တယ် ဟော ဟိုနေရာရောက်ခါနီးပါပြီ လှမ်းကြည့်တော့လမ်းကြောရှင်းတယ်လူသွားလူလာမရှိဘူး ကားနဲ့ဆိုင်ကယ်ကလည်းတစီးစ၂စီးနဲ့အဝေးပြေးကားဒီလောက်ပဲ
ဒီနေ့တော့သေချာမှရမယ်ပေါ့ စိတ်ကိုငြိမ်အောင်ထားပြီးဆိုင်ကယ်ကိုဖြည်းဖြည်းပဲမောင်းလာတယ်
အာ့ချိန်အထိကိုယ့်အရှေ့မှာ ဘယ်လူမှမရှိဘူး ဒီလိုနဲ့
"ဝူးးးးးး"ဆိုဘေးကနေဆိုင်ကယ်ကိုကပ်ပြီးမောင်းသွားလို့လူကလန့်သွားပြီး"ဟာ ဒီမြေနိုးကတော့ကွာ"ပြီးဆဲလိုက်မိတယ် အရှေ့လည်းကြည့်ကော တွေ့ပါပြီကောဗျာ
မြန်မာဝမ်းဆက်လက်တိုပန်းရောင်လေးနဲ့ ဆံပင်ကဂုတ်ဝဲလေး
လက်ထဲမှာခြင်းအနီရောင်လေးဆွဲလို့. လူလည်းခေါင်းနပန်းကြီးသွား
ရောဗျာ ဆိုင်ကယ်လီဗာကိုလျောချပလိုက်တယ် ခဏရပ်လိုက်တယ်
ကောင်မလေးကလှည့်မကြည့်ဘူးဆက်သွားနေတယ် ကျွန်တော်
ကြောက်နေပြီ ဒါပေမယ့်တဖက်မှာလည်းသူ့ကို လူလားဘာလားသေချာကသိချင်တယ် သေချာတာကတော့
ဘယ်မိန်းခလေးကမှ ဝတ်စုံတခုကို၃ရက်ဆက်တိုက်မဝတ်လောက်ဘူး
စက်ရုံဆင်းတယ့်သူဆိုပိုတောင်ဆိုးသေးတယ် သူ့ထက်ငါလှချင်ကြတာကိုးဗျ ဒီလိုနဲ့ ဆိုင်ကယ်ကိုသူ့အနောက်ကဖြည်းဖြည်းလေးမောင်းရင်းသေချာကြည့်မိလိုက်တယ် အခုမှသေချာကြည့်မိတော့ ကောင်မလေးခြေထောက်မှာ
သွေးတွေရဲနေတာပဲ လက်မှာကော ပခုံးကအင်္ကျီကပြဲနေတယ်
ကျွန်တော်လည်းမထူးပါဘူး ခွေးဖြစ်မှတော့ချီးမကြောက်နဲ့ဟဆိုပြီး
မျက်နှာနေရာကိုလှမ်းကြည့် "ငါ့လခွမ်း ခေါင်းကြီးကဟိုဘက်ကိုလည်နေတာဗျို့ မျက်နှာကိုဆံပင်တွေကအုပ်ထားပေမယ့် ခေါင်းလည်နေတာသေချာပြီး
ဟောအာ့မှာ သွေးပုပ် သွေးညှီနံကြီးက အောဂလီဆန်စရာ အနံဆိုးကြီး
နှာခေါင်းထဲတိုးဝင်လာပါရောကျွန်တော် ဆိုင်ကယ်လီဗာကိုဆွဲပြီး
သုတ်ခြေတင်ပြီလေ "အကိုcarryလား"ဆိုပြီးလိုက်လာရင်ဘယ်လိုလုပ်မလဲ
အမရဲ့အလုပ်နားက လ္ဖက်ရည်ဆိုင်ရှေ့ဆိုင်ကယ်ထိုးရပ်ပြီးဆိုင်ထဲဝင်ထိုင်နေလိုက်တယ်
အအေးမှာပြီးဆေးလိပ်ကိုခပ်ပြင်းပြင်းရှိုက်ဖွာရင်း စိတ်ပြန်ငြိမ်အောင်
ထိန်းလိုက်တယ် ဆိုင်မှာနာရီဝက်လောက်ကြာတယ် ဘာလုပ်ရမလဲ
ငါဘယ်လိုပြန်ရမလဲ အာ့စိတ်မှာအမ့ဘက်ကအဒေါ်အငယ်ဆုံးကို
သွားသတိရတယ် ကျွန်တော့အဒေါ်လည်းထိုင်းမှာကားတိုက်ခံရပြီး
ဆုံးသွားခဲ့တယ့်တာ ကားသမားကတိုက်မိပြီး မထူးဘူးတခါတည်းသေအောင်နောက်ပြန်တခေါက်ခေါင်းကိုထပ်ကျိတ်
သွားတာဗျ အာ့အဒေါ်တုန်းကလည်းသေပြီးရက်လည်တာတောင်မကျွတ်ဘူး
အဘွားရဲ့ခြံရှေ့မှာတွေ့တွေ့နေရလို့ ခေါင်းကဟောင်လိုက်အူလိုက်နဲ့
အဘွားဆိုအရူးတပိုင်းပဲ "သမီးငယ်ရယ် အဖြစ်ဆိုးလိုက်တာ"တယ့်
နောက်တော့အသိတယောက်ကညွန်လို့ဘုန်းဘုန်းတပါးဆီသွားမေးကြတယ် ဆရာတော်ကမိန့်တယ် ဒကာမကြီးသမီးမကျွတ်လွတ်သေးဘူး
ကားအကျိတ်ခံရတယ့်ဒဏ်ကြောင့် ရေစက်ချအမျှဝေတုန်းကဘာမှမကြားရလို့သာဓုမခေါ်နိုင်ဘူးတယ့်
လေဗျာ သနားဖို့ကောင်းလိုက်တာ ဒါနဲ့ ဆရာတော်ကသူ့အကြားအာရုံပြန်ရဖို့ သူ့အတွက်ရည်စူးပြီးအဓိဋ္ဌာန်ပြု
ပုတီးစိပ်ပေးလိုက်ပါလို့မိန့်တယ် အဘွားလည်းအာ့နေ့တည်းက
နေ့ရောညပါပုတီးမပြတ်စိပ်တယ် တပတ်ကြာတော့အဖွားကိုအဒေါ်အငယ်ဆုံးအိမ်မက်ပေးတယ်
သူ့ကိုအမျှဝေပါတော့ နားပြန်ကြားရပါပြီတယ့် ဒီလိုနဲ့ ဆရာတော်ပင့်ဆွမ်းကပ်ပြီးရေစက်ချအမျှဝေပေးလိုက်တယ်
အဲ့ညပဲ သူကျွတ်လွတ်ပါပြီ တခြားနေရာတခုကိုသွားရတော့မယ့်ဆိုပြီး
အဖွားကိုကန်တော့သွားတယ်လို့အိမ်မက်မက်တယ်
ကျွန်တော် ဒီအကြောင်းကိုပြန်သတိရသွားတယ်
ဒီကောင်မလေးလည်းသူ့ကိုယ်သူသေလို့သေမှန်းမသိ အလုပ်သွားအလုပ်ပြန်လုပ်နေတာပဲလား သူမိသားစုကအမျှဝေတာများ
မရလို့လား စိတ်ထဲသနားမိတယ် ကျွန်တော်အရဲစွန့်ဖို့ဆုံးဖြတ်လိုက်တယ်ဗျာ ဆိုင်ကပြန်ထွက်ပြီးအာ့နေရာကိုဆိုင်ကယ်ပြန်မောင်းပြီးအာ့နားအရောက်မှာ စိတ်ထဲကနေ"ဒီနေရာမှာ ကွန်ျတော့ကိုကိုယ်ထင်ပြနေတယ့်
မိန်းခေးလ မင်းမကျွတ်မလွတ်ဘဝရောက်နေတယ်ဆိုရငိအကူအညီ
လိုနေတယ်ဆိုရင် ကျွန်တော့ကိုဒီညအိမ်မက်ပေးပါကူညီနိုင်သလောက်
ကူညီပေးချင်ပါတယ်"လို့စိတ်ထဲကပြောရင်းအိမ်ကိုပြန်လာခဲ့တယ်
အိမ်မက်ရောက်တော့ထမင်းစား ဘုရားရှစ်ခိုးပြီး ကြိုးစားပြီးအိပ်လိုက်
တယ် "အကို အကို့"ခေါ်သံကအိမ်က်လားတကယ်လားမသဲကွဲဘူး
အိပ်ယာကထပြီးကြည့်နားထောင်ကြည့်တော့အိမ်ရှေ့ကအသံ
ထထွက်ပြီးတံခါးဖွင့်ကြည့်တော့ အိမ်ရှေ့မှာ ဆွဲခြင်းတောင်းလေးဆွဲ
ထားတယ့်ကောင်မလေး ဒါ ဒါဟိုကောင်မလေး အိမ်ရှေ့မီးမဖွင့်ရဲဘူး
မင်းဘာပြောမလို့လဲ ဘာကိစ္စလဲ ကျွန်တော့ပါးစပ်ကအလိုလိုမေးမိ
သွားတယ် ကောင်မလေးက"အကို ညီမကိုကူညီပါ အကိုကကူညီပေး
မယ်ဆိုလို့လာခဲ့တာပါ ညီမက (-)မြို့ကပါညီမနာမည်က(-)ပါ အသက်က၁၉နှစ်အိမ်နဲ့စိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းလာပြီးရန်ကုန်မှာ
အလုပ်လာလုပ်တာပါသူငယ်ချင်းအကူအညီနဲ့စက်ရုံဆင်းပြီးအဆောင်မှာသူငယ်ချင်းနဲ့နေပါတယ် ညီမအိမ်တော်ကဆင်းလာတာ၆လလောက်
ရှိပြီ သူငယ်ချင်းကအိမ်ထောင်ကျပြီးညီမနေတယ့်(-)မြို့ကိုပြန်သွားပါ
ပြီညီမ မိဘတွေကိုလည်းဒီမှာအလုပ်လုပ်ပြီးလတိုင်းထောက်ပံ့ပေးပါ
တယ်မိဘတွေကနောက်လလာလည်ဖို့ပြောထားတယ် အခုညီမ
သေတာ ညီမမိဘတွေမသိသေးဘူး ကူညီပေးပါအကိုရယ် "ဆိုပြီး
ကောင်မလေးငိုရင်းပြောရှာတယ် ကျွန်တော့စိတ်ထဲစို့တက်လာတယ်
ဖြစ်မှဖြစ်ရလေ ညီမရယ် ငါ့ညီမလေးသာဆိုရင်ကျိုးရချည်ရဲ့
သူထပ်ပြောတယ်"သူ့အဆောင်ပိုင်ရှင်ကိုပြောပြီးသူ့အခန်းထဲကသေတ္တာထဲမှာ သူ့မိဘဖုန်းနံပါတ်မှတ်ထားတယ့်စာအိတ်နဲ့စာအိတ်ထဲပိုက်ဆံ၈သောင်းလောက်ရှိကြောင်းအကျိုးအကြောင်းပြောပြီးသူ့မိဘကိုအကြောင်းကြား
ပေးပါတယ့် "ကျွန်တော်လည်းသူ့အဆောင်နေရာနဲ့အဆောင်ပိုင်ရှင်
နာမည်မေးပြီးစိတ်ချဖို့ကူညီမယ်ဆိုတာပြောနေရင်း "...."ဖုန်းAlam
သံကြောင့် လန့်သွားတယ် ပြီးတော့မှ ဟာ ငါအိမိမက်မက်နေတာပဲ
နာရီ ကြည့်တော့၆နာရီ ရေချိုးမျက်နှာသစ်ပြီး ဆိုင်ဖွင့်ဖို့ဆိုင်ကယ်မောင်း
ထွက်လာတယ် 10:00amလောက်ဆိုင်ပြန်ပိတ် ကောင်မလေးပြော
တယ့် နာမည် အဆောင်ပိုင်ရှင်နာမည် (ဒေါ်....)ကိုစက်ရုံအနီးနားက
ရပ်ကွက်ထဲပတ်ရှာကြည့်တော့ နေ့လည်2:00ကျော်လောက်မှာရှာတွေ့
တယ် အကျိုးအကြောင်းပြောပြတော့ အဆောင်ပိုင်ရှင်က အံ့သြသွား
တယ် သူထင်တာကပြီးတယ့်ရက်ပိုင်းကသူ့အိမ်နဲ့ဖုန်းပြောနေတာကြား
လို့သူ့မိဘတွေဆီအလည်ပြန်သွားတယ်ထင်နေတာတယ့် အဒေါ့်ကို
တောင်ဘာမှမပြောပဲပြန်လို့စိတ်ဆိုးနေသေးတာတယ့် ဒီလိုနဲ့ သူ့အခန်း
ကိုဖွင့် သူ့သေတ္တာကိုရိုက်ဖွင့်ပြီး ရှာတော့ စာအိတ်လေးထဲမျာပိုက်ဆံ
တွေနဲ့ စာအိတ်ပေါ်မှာဖုန်းနံပါတ်တခု ဆက်ပြီး သူ့မိဘကိုအကျိုး
အကြောင်းပြောပြီးဒီကိုခေါ်လိုက်တယ် ပြီးတော့ သူ့စက်ရုံကိုဆက်သွယ်
တော့စရွာက်စာတမ်းမစုံပဲအလုပ်ခန့်ထားတာ နေရပ်လိပ်စာဆက်သွယ်
ဖို့မရတော့ ဆေးရုံကရေခဲတိုက်မှာထားထားတယ် အကြောင်းကြားဖို့စုံ
စမ်းနေလို့ပါတယ့်(ကျွန်တော်တော့မထင်ဘူးဗျ)ဒါနဲ့ ကျန်တာသူ့မိဘ
တွေဆက်လုပ်ကြတာပေါ့ တပတ်ပြည့်တယ်ညအိမ်မက်ထဲမျက်ရည်တွေကျလို့
"ကျေးဇူးပါ အကိုရယ်"တယ့် အိပ်ယာကနိုးတော့
သူ့အခန်းထဲကသူ့အပုံလေးပြန်မြင်မိရင်း
"အကို့ တာဝန်ကျေပါတယ်နော် ညီမ"လို့ပြောရင်းဝမ်းသာမိတယ်
မျက်ရည်ဝဲရင်းနဲ့
.
.
ကဲ သူငယ်ချင်းတို့ စာရေးဆရာမဟုတ်လို့အရေးအသားညံ့ရင်ခွင့်လွှတ်
ပါ နောက်ထပ်ကြုံတွေ့ဖူးတယ့် အကြောင်းတွေလည်း အားရင်အားသ
လိုရေးပြီးတင်ပေးပါ့မယ့် အခုတော့ဤမျှသာ

#လေးစားစွာcreditပေးပါသည်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now