100

242 13 0
                                    

ညီမ မြစ်ကမ်းစပ်က သရဲအကြောင်းပြောပြတဲ့သူပါ။ ရွာမှာပဲညီမ အဒေါ် သရဲခြောက်ခံရတဲ့ပုံလေးကိုရေးပြမယ်။ ရွာပုံကိုသိချင်ရင် ပထမအပုဒ်လေးကိုဖတ်ပေးပါ link ချထားပါမယ်။။

   အဒေါ်တို့ခေတ်က 1990 လောက်က ရွာလေးတွေကအေးချမ်းတယ်။ သာသာယာယာဘဲ။ ဒါပေမဲ့ ခုခေတ်ကို ကွန်ကရစ်လမ်းမပေါက်သေးပါဖူး ခြုံတွေရှင်းထားပေမဲ့ ခြုံထူသေးတယ်ပေါ့လေ ။ သစ်ပင်တွေ လည်း ထူတယ် ။ လရောင်နဲ့ စာကျက်ရတဲ့အချိန်တွေတဲ့။ မီးဆိုတာ ရေနံဆီမီးအိမ်လေးတွေ ပဲသုံးကျတယ်တဲ့ ။ အဒေါ်က အဲ့ချိန်က ၁၅ နှစ်သမီးအဒေါ် တို့ ညီမ အမေတို့ မိသားစုတွေက ရွာတောင်ပိုင်းအစ မှနေပြီး အဒေါ်ရဲ့ ကြီးတော်တွေက ရွာမြောက်ပိုင်းအဆုံး။ မြောက်ဆုံး နဲ့ တောင်ပိုင်းအစ ဆိုတော့ ကြီးလေး တို့အိမ်နဲ့ဆို ၆ မိနစ်လောက် လမ်းလျှောက်ရင်ရောက်တယ် ။

   ကြီးလေးတို့က အဒေါ်တို့တွေနဲ့ အမေတို့ တွေကို တစ်ပတ်တစ်ခါလောက် အိမ်မှာထမင်းကျွေးတယ်။ ညစာကို ဒံပေါက်တို့ ကော်ရည်ခေါက်ဆွဲတို့ ပဲထမင်း အုန်းထမင်းတွေလုပ်ကျွေးတာ ။ နေ့ဘဲစားရတာ ပျင်းစရာကောင်းတယ် ညမှာစားကြမယ်ဆိုပြီး ညစာဖိတ်ကျွေးလေ့ရှိတယ်။ အဒေါ်တို့ အုပ်စု ၄ ယောက် ညီအမတွေချည်းဘဲ။

   အဲ့တာနဲ့ တစ်ရက်ကြတော့ ကော်ရည်ခေါက်ဆွဲချက်စားတဲ့ရက် ကြက်သားပေါပေါနဲ့စားကြရော။ညဘက် တီဗွီလေးကြည့်ရင်း ညနက်ရောပေါ့။ ရွာထဲ တီဗွီရှိတဲ့အိမ်က ခပ်ရှားရှား ။ အဒေါ်ကဖြစ်ချင်တော့ စားပြီးတော့ အိပ်ပျော်သွားရော် ။ ကြီးလေးတို့ကလည်း အိပ်ရင်အိပ်ဆိုပြီး အိပ်ခိုင်းထားတာ အဒေါ်ကညနက်မှ နိုးလာရော ။ ၉ နာရီခွဲလောက်ပေါ့။ အဲ့တာနဲ့ အဒေါ်ကလည်းသူအိမ်ပြန်မယ်ပေါ့ ။ ကြီးလေးတို့က ဒီမာဘဲ အိပ်လို့ပြောပေမဲ့ အဒေါ်က အိမ်စာ လုပ်လို့မပြီးသေးတာမို့  စာလုပ်ရဦးမှာ သချ်ာဆရာမက အရိုက်ကြမ်းတာမို့ ဆိုပြီးပြောတော့ကြီးလေးတို့ကလည်းပြန်ပြန်ပေါ့။ အိမ်ထဲကထွက်ဖို့ဆို မီးဖိုချောင်ကိုအရင်ဖြတ်ရတော့ အုပ်စောင်းမှာကျန်တဲ့ ကြက်ခြေထောက်ရိုးလေးကို ကိုက်ချင်တာနဲ့ တစ်ချောင်းယူလာတာ ကြီးလေးတို့ကတော့မသိဖူးပေါ့ ။

    အဲ့တာနဲ့ မီးအိမ်လေးထွန်းပြီးပြန်လာတာ။ ညက လပြည့်ကျော်တစ်ရက်ဆိုတော့ လကသာတယ်။ လမ်းက လင်းတာပေါ့။ အိမ်နဲ့လည်းမဝေး လာနေကြလမ်းဖြစ် တာမို့ အဒေါ်က သိပ်မကြောက်မိဖူး။ သီချင်းတစ်ဆိုဆို လက်ထဲ မှာ ကြက်ရိုးလေးကိုက်လို့။ အဲ့မှာ မြောက်ပိုင်းနဲ့တောင်ပိုင်း ဖြတ်တဲ့ လမ်းကြားလေးကိုရောက်ရော ။ အဲ့လမ်းကြားက ကျဉ်းတယ် ခုခေတ်ထိလည်းကျဉ်းတယ် ။ ဒဲ့ဖြတ်သွားရတဲ့လမ်းမ ရှိပေမဲ့ လမ်းတော်တော်လျှောက်ရတာမို့ အဒေါ်က ဖြတ်နေကြ လမ်းကျဉ်းကပဲဖြတ်တယ်။

  အဲ့မာ ဇာတ်လမ်းကစတာ။ နောက်ကနေ ခြေသံကြားရတာ မလှမ်းမဝေးကနေ ။ လမ်းက သစ်ရွက်တွေနဲ့ဆိုတော့ ခြေဖော့လျှောက်ရင်တောင် သစ်ရွက်သံကြားရတယ်။ အဒေါ်က အစကသတိမထားမိပေမဲ့ ခြေသံကကျယ်လာတော့မှ သူ့ခြေသံမဟုတ်မှန်းသိတာ။ အဲ့မှာ ဟိုသရဲက သူ့နောက်ကိုရောက်နေပြီ အပေါ်ကနေမိုးထားသလိုခံစားမိတာတဲ့။ အဲ့တာ နဲ့အဒေါ်က ဘယ်ရမလဲ တစ်ချိုးတည်းပြေးတာ နောက်ကလည်း ခြေသံ တဖြန်းဖြန်းနဲ့ အကျယ်ကြီးပါချလာတာ။ အဲ့မာ နောက်ကိုလှည့်ကြည့်မိတော့ မဲမဲထွားထွားအကောင်ကြီး အမွှေးတွေနဲ့ အပင်တွေကိုချိတ်ဆွဲလိုက် ပြေးလိုက် နဲ့။

    သူ့လက်ကြီးတွေက ခြေထောက်ထက်ပိုရှည်နေ ပြီးအဲ့လက်ကြီးက တွဲလောင်းချထားတော့ ပြေးရင်းလှူပ်နေတာတဲ့။ မဲမဲကြီးဆိုပြီး အော်ငိုပြီးပြေးတာအဲ့တာ မှ နောက်ကကောင်ကြီးက အဒေါ်ရဲ့ ခြေထောက်ခွက် ကို ဖျက်ကနဲလှမ်းရိုက်ချရော။ ပစ်လှဲတော့မလိုဖြစ်ပေမဲ့အရှိန်ထိန်းနိုင်လိုက်လို့ မလဲဖူး ။အဲ့မှာ သရဲကြီးက “ကြက်ရိုး ကြက်ရိုး ချကျွေးခဲ့ပါ ချကျွေးခဲ့ ပါ ချကျွေးခဲ့” ဆိုပြီး အသံနက်ကြီးနဲ့အော်တော့မှ အဒေါ်က လက်ထဲက ကြက်ရိုးကိုသတိရပြီး ပြေးရင်း လွှင့်ပစ်ပြီး မရပ်ဘဲပြေးတာ ခြေသံမကြားမှလှည့်ကြည့်တဲ့ ကြက်ရိုးသေးသေးလေးကို ကုန်းကုန်းကွကွကြီးထိုင်စားနေတာတဲ့ အကောင်ကြီးက ၇ ပေ၈ ပေလောက်ရှိတဲ့ အမွှေးမွဲမွဲကြီးတဲ့။

အဲ့မြင်ကွင်းကြောင့် သရုပ်ပျက်သွားတဲ့အဒေါ်က
ငိုရင်းဆက်တိုက်ပြေးတာ အိမ်လည်းရောက် ငိုကြီးဟစ်မှနဲ့ သတိလစ်ပါရော ဒါမှ လူကြီးတွေဆင်းလာ ပရိတ်ရေတိုက် ဖြန်းနဲ့ လုပ်မှ ပြန်သတိလည်တယ်တဲ့ အိပ်ယာထဲ ၃ ရက်လောက် လဲသွားတယ်ပြောတယ်။အဲ့ကတည်းက သရဲတွေ့ရင် မပြေးရဲတော့တာတဲ့။သူ့ခြေထောက်မှာလည်း အညိုကွက်ကြီးကျန်ခဲ့တယ်ပြောတယ် ။ အိမ်က ဆူတာလည်းတော်တော်ခံလိုက်ရတယ်တဲ့။ စိတ်ဝင်စားရင် အဲ့သရဲကြီးအကြောင်းဆက်ပြောပေးမယ်

ပုံကတော့ အဒေါ် ခြောက်ခံရတဲ့လမ်းကြားပါ။ မနှစ်ကသွားတုန်းက ရိုက်ထားတာ

#တေး

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now