93

188 13 0
                                    

##ကိုယ်တွေ့ဖြစ်ရပ်လေးသုံးသပ်ပေးပါဦးဗျ🙏

ဖြစ်ပုံက 17.6.2023 ညနေစောင်းဘက် မြို့ပြင်နားက
ဆီပန့်ဆိုင်မှာ ဆိုင်ကယ်ဆီသွားထည့်ရင်း မြို့ပြင်ဘက်ခဏ ဆိုင်ကယ်ပတ်မောင်းကြည့်တယ်...

7:30 လောက်ပြန်လာဖြစ်တယ် ရည်းစားဟောင်းအကြောင်းပြန်တွေးရင်း ဖြည်းဖြည်းလေးစီးလာရင်း
မကြာဘူး အပုတ်နံလိုလို စိမ်းရွှေရွှေအနံလိုလို စနံလာတယ်ဗျ..... ပြီးတော့ စိတ်ထဲဝမ်းနည်းသလိုကြီးဖြစ်လာပြီး ခေါင်းကကြီးလာသလိုပဲ အဲ့အချိန်မှာပဲ

ဘေးကနေ စက်ဘီးနင်းလာတဲ့ ဆံပင်ထူထူနဲ့ဦးလေးကြီးကိုတွေ့ရတော့ ကြောင်သွားတယ် နောက်မှ Aww
ကုန်းအဆင်းမို့ နောက်ကမှီလာတယ်ထင်တာပေါ့(ကိုယ်ကလဲ ဖြည်းဖြည်းပဲ မောင်းလာတာကိုး.....
ဒါနဲ့ အရှိန်တင်ပြီးသိပ်မကြာဘူး စောနအနံတွေထပ်ရပြီး တစ်ကိုယ်လုံးရှိန်းတိမ်းတိမ်းစဖြစ်လာတယ် အဲ့မှာပဲ
စောနဦးလေးကြီးက ဘေးကနေစက်ဘီးကြီးနဲ့ထပ်ကပ်လာရော ဘာလဲဟပေါ့ အရှိန်နဲ့မောင်းနေတဲ့ ဆိုင်ကယ်ကို အသက်ကြီးကြီးလူကမှီအောင်မနင်းနိုင်ဘူးလေ စိတ်ထဲအဲ့ကနေစပြီး တစ်ခုခုတော့လွဲနေပြီသိလိုက်ရပြီဗျာ ပုံမှန်မဟုတ်တော့ဘူးလေ... ဒါနဲ့ ဘေးလဲမကြည့်တော့ပဲ အရှိန်တင်ပြီးမောင်းတော့တာပဲ

ဘေးမကြည့်တော့ပေမဲ့ အနံရယ် စက်ဘီးနင်းသံကြီးက တစ်ကျွီကျွီနဲ့ကဘေးကနေ တောက်လျောက်ပါလာတယ်လို့ထင်တယ် ဘုရားစာကပေါက်တိကပေါက်ချာ ရွတ်ရင်းမြို့ထဲ ကားဆိုင်ကယ်စည်တဲ့နေရာမှ အသံရောအနံပါပါမလာတော့တာလို့ထင်တာပဲ.....
အိမ်အထိ ကတုန်ကယင်နဲ့ မောင်းလာပြီး အမေ့ကိုပြော အဖြစ်ပျက်ကို ရေတွေသောက်ရေမန်းသောက်မှပဲ စိတ်ငြိမ်တော့တယ် စိတ်ခံစားချက်တွေပြင်းလို့နဲ့တူတယ် သတိထားမိတာက လက်ဖဝါးကနေချွေးစီးမထွက်ပဲ လက်ဖမိုးကနေချွေးစီးအသီးတွေ စုထွက်လာတာပါ ပြီးတော့ရေပဲအရမ်းဆာနေတာ.... ၂ရက်လောက် ဖျားသွားသေးတယ်.....

ဘယ်လိုမြင်ကျလဲဗျ အသံနဲ့အနံတွေကတော့ ထားပါ
အရှိန်နဲ့မောင်းနေတဲ့ ဆိုင်ကယ်ဘေးကို နှစ်ခါတိတိဘေးချင်းယှဥ်ကပ်စက်ဘီးနဲ့ကပ်လာတယ်ဆိုတာကို
သာမန်မဟုတ်သလို ခံစားမိလို့ စာရေးဖြစ်တာပါဗျ...
သောက်လဲမထားပါဘူး.... နေရာကတော့
ချောက်မြို့ Denko ဆီဆိုင်ကိုသွားတဲ့လမ်းပါ
နာမည်ကြီးပါတယ် တစ်ခါမှမကြုံဖူးဘူး ခုကပထမဆုံးပါပဲ စက်ဘီးနင်းတဲ့ပုံကခုချိန်ပြန်တွေးကြည့်ရင် ဝိုးတိုးဝါးတာပေမဲ့ စက်ဘီးနင်းသံကြီးကတော့ ထင်ထင်ရှားရှားပဲ ဗျ

အထင်အမြင်လေးနဲ သုံးသပ်ပေးကျပါဦးခင်ဗျာ
တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးလို့ပါ.........
(အရေးအသား ခွင့်လွတ်သီးခံဖတ်ပေးပါဗျ

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now