124

184 9 0
                                    

သိုက်ဆက်တွေသတိထားကြဘို့ (၁)

ကျမရေးချင်တာလေးတွေများလို့အခန်းဆက်
တင်လိုက်ပါတယ်ရှင် …..
ရှည်လျားလှတဲ့သံသရာခရီးမှာဘဝတေွအများကြီး
ကိုဖြတ်သန်းကြရပါတယ်  ကိုယ်ပြုခဲ့တဲ့ကံတွေအရ
ရောက်သွားရတဲ့ဘဝတွေကိုမှတ်မိသလောက်
ဘဝဟောင်းကရေစက်ရှိသူတွေနဲ့ပြန်ဆုံရသလောက်
သတိထားရဆောင်ရ ရှောင်ရမှာတွေပြောပြချင်ပါတယ်
ကျမငယ်ဘဝကသိုက်ဆက်ဆိုတာနားမလည်ခဲ့ပါဘူး
ဒါပေမယ့်ရွှေလက်ကောက်တွေအများကြီးဝတ်ချင်
ခြေချင်းနဲ့မှနေချင်တဲ့သဘာဝလေးတွေတော့ရှိပါတယ်
အမေနဲ့အဖွားကသိမ်ကြီးစျေးကပလတ်စတစ်ရွှေလက်
ကောက်တွေဝယ်ပေးရင်အရမ်းသဘောကျတာ
ကျမအဖွားကရှေ့ဘဝ နောက်ဘဝတွေသိနိုင်မြင်နိုင်တဲ့
ပါရမီရှင်ပါ  ကျမကိုကောင်းကောင်းဂရုစိုက်နိုင်ခဲ့လို့
အသက်ရှည်ခဲ့တယ်ပြောရမှာပါဘဲ  ရေလမ်းခရီးဘဲသွား
သွား ကုန်းလမ်းခရီးဘဲသွားသွား ကျမပါရင်အဆင်မပြေ
ပါဘူး အဲဒါခုချိန်ထိပါဘဲ  ရေလမ်းသွားလှေပေါ်က
ချော်ကျ ကုန်းလမ်းသွားကားပျက်မို့နောက်တော့ဘယ်
ခရီးမှမလိုက်ရပါဘူး ကျမကခြေလေးချောင်းသတ္တဝါ
နဲ့သားကြီး ငါးကြီးတွေလည်းဘာမှစားမရပါဘူး
ကျမသိုက်ကဆိုတာ(၁၆)နှစ်ကျော်မှစသိခဲ့တာပါ
ပြောရရင်ကျမကမချောပေမယ့်ကြည့်ကောင်းတယ်
ပြောရမှာပါဘဲ (၁၆)နှစ်ဝန်းကျင်ကစပြီးကြိုက်တဲ့သူ
တွေဝိုင်းဝိုင်းလည်ပေါ့  တက္ကသိုလ်ရောက်တော့လည်း
ထင်ပေါ်တာပါဘဲ ဒါပေမယ့်တက္ကသိုလ်ရောက်တော့
အိပ်မက်တွေစမက်ပါတယ် ကျမဒီလိုစန်းပွင့်နေတာ
စောင့်ရှောက်တဲ့သူတွေရှိတယ်ဆိုပြီးပေါ့ နောက်တစ်ခုက
ရည်းစားထားမရတာပါဘဲ ထားမယ်ကြံရွေးမယ်ကြံ
နောက်ဆုတ်သွားတာပါ  နောက်ပြီးကျမအပြောခံလာ
ရတာရှိလာတယ် အဲဒိကောင်မလေးကမျက်နှာများမယ့်
ရုပ် ဆိုတာ နောက်ဆုံးကျမအော်တိုစာအုပ်ထဲထိဝင်ရေး
ခံရတယ် ကျမအရမ်းစိတ်ဆိုးတာ  ကျမအိမ်ထောင်ပြု
ပြလိုက်မယ် ကျမကိုမယူရဲဘူးဆိုတဲ့သူတွေထက်သာ
အောင်ပေါ့  အမေနဲ့အဖွားကိုပြောပြတယ်  အဲဒိတော့
အဖွားကပြောတယ် ကျမအိမ်ထောင်ပြုမယ်ဆို
အနောက်မယ်တော်တွေဆီအကူအညီတောင်းရမယ်တဲ့
ကျမလည်းမခံချင်တော့အကူအညီတောင်းမယ်ပေါ့နော်
အဲဒါနဲ့နတ်ကန္ဓားပွဲတစ်ခုကိုသွားပြီးကန္နားစည်းအဖွား
နတ်ဝင်ချိန်မှာကျမထပြီးလက်ပစ်ကြေးလှူပြီးဆုတောင်း
လိုက်တယ် ဖူးစာရှင်ရွေးပေးပါပေါ့ စိတ်ထဲကပြောတာပါ
နတ်ကတော်ကကျမလက်ကိုဆွဲထားပြီးစားတော်ဆက်
တဲ့ဗန်းကိုဘေးကလှမ်းတောင်းလိုက်တယ် ဗန်းထဲမှာပုဇွန်ထုပ် နဲ့ ကြက်ကြော်ပါတယ်ရှင် အဲဒီဗန်းကိုကျမကို
ကိုင်ခိုင်းပြီးအကြိုက်လည်းရမယ် အထုပ်လည်းပိုက်
ရမယ် အဲဒီအခါနတ်ကန္နားလာပေးလို့ပြောလိုက်ပါတယ်
ကျမစိတ်ထဲကပြောတာကိုအဲလိုပြန်ပြောလို့အံ့တော့ဩ
မိတာပေါ့ နောက်(၃-၄)လလောက်အကြာမှာကျမရဲ့
ဖူးစာရှင်နဲ့ဆုံရတာပါဘဲ  သူတို့သူငယ်ချင်းတွေ
ကျမတို့ကျောင်းဘက်လာကြချိန်နဲ့ကျမကျောင်းဆင်း
လမ်းဖြတ်ကူးချိန်ဆုံမိရာကဇာတ်လမ်းစကြတာပါ
တိုတိုပြောရင်အခက်အခဲတွေကြားကယူဖြစ်ကြပါတယ်
ကျမအိမ်ထောင်ပြုခါနီးတော့အိပ်မက်ပေးပါတယ်
ကျမရဲ့ကျန်ခဲ့တဲ့မောင်နှမတွေပါတဲ့ အစ်မအိမ်ထောင်
ပြုရင်အမြဲတမ်းမဟုတ်ပေမယ့် လပြည့် လကွယ်ညတွေ
လာပါရစေလို့ပြောပါတယ်  နောက်ပြီးအသက်(၄၀)ကျော်
ရင်အိမ်ထောင်နဲ့နေခွင့်မရှိဘူး  အသက်ကြီးလာတဲ့အခါ
မုဆိုးမဘဝနဲ့ဘဝကိုဖြတ်သန်းနေထိုင်ရမယ် ရှင်ပြု
ဘုရားတည် ထီးတင် မလုပ်ရဘူးဆိုတာတွေလည်း
ပါသေးတယ်ရှင့် ဒါဟာအိပ်မက်တွေဘဲ အခုအိမ်ထောင်
တောင်ပြုလို့ရပြီဘဲ ကျန်တာနောက်ရောက်ရားပေါ့လို့
ပေါ့ပေါ့ဘဲတွေးဖြစ်ခဲ့ပါတယ် အိမ်ထောင်ကျတဲ့အတွက်
နတ်ကန္နားပေးတဲ့အခါသိုက်ဆက်ဖြတ်ဘို့လုပ်ကြပါ
သေးတယ်  မအောင်မြင်ခဲ့ပါဘူး လပြည့်လကွယ်ဆို
ကျမတို့ခွဲအိပ်ရပါတယ် တခါတော့အမျိုးသားကစိတ်
ပေါက်ပေါက်နဲ့လပြည့်လကွယ်ရက်မှာ မင်းတို့လည်း
လာမနေနဲ့ ငါလည်းဖယ်မပေးဘူးလို့ကြုံးဝါးလိုက်ပါ
တယ် သူ့စကားအဆုံးမှာလော့ခ်ချထားတဲ့တံခါးဟာ
အသံမမြည်ဘဲဖြည်းဖြည်းချင်းပွင့်လာတာလူဝင်လာ
သလိုပါဘဲ ရုတ်တရက်မို့အမျိုးသားကလန့်အော်လိုက်
ပါသေးတယ်  အဲဒီတော့မှတံခါးပြန်ပိတ်သွားတာ
ကြက်သီးတောင်ထပါတယ် နောက်တော့အိပ်မက်ထဲမှာ
ကျမကိုတောလမ်းလေးကိုပြပါတယ် အဲဒိမှာစေတီကြီး
တစ်ဆူရှိပါတယ် ကျမကဒါဘယ်ဘုရားလည်းလို့မေး
တဲ့အခါအသံရှင်က မဟာစေတီအစ်မရဲ့ အဲဒါထုံး
သင်္ကန်းကပ်ကြမလို့ အစ်မကိုခေါ်ပြတာလို့ပြောပါတယ်
အမျိုးသားကပဲခူးသားမို့သူ့ကိုပြန်ပြောပြတော့သူလည်း
အံ့ဩပါတယ် တစ်ခါမှမရောက်ဘူးတဲ့ကျမပြောတဲ့လမ်း
တွေကမှန်နေလို့ပါ ဒိထက်အံ့ဩစရာကနောက်နှစ်ရက်
မြောက်နေ့သတင်းစာမှာမဟာစေတီထုံးသင်္ကန်းကပ်
မယ်လို့ပါလာတာပါ ကျမကသွားလှူချင်ပေမယ့် အမေက
သွားမလှူနဲ့ ဘဝတွေခြားပြီ ထားလိုက်တော့လို့ပြော
ပါတယ်  နောက်ပိုင်းသူတို့လည်းမလာတော့ကျမလည်း
အဆက်ပြတ်သွားပြီပေါ့  အဲဒါနဲ့ပထမကလေးကိုယ်ဝန်
ရပါတယ် အဲဒိအချိန်ကဒီလိုခေတ်မမီသေးတော့ဆီးကို
ရွှေဘုံသာလမ်းမှာသွားစစ်ရတာ ကိုယ်ဝန်ရှိတယ်ဆို
အမျိုးသားကဝမ်းသာလို့သူငယ်ချင်းတွေခေါ်ကျွေးပေါ့
ညလည်းကျရောမနာမကိုက်ဘဲသွေးတွေဆင်းပါတယ်
လှုပ်ရှားရင်ပျက်ကျသွားမှာစိုးလို့ငြိမ်ငြိမ်နေ သွေးထိမ်း
ဆေးတွေထိုးပေါ့ နောက်ပြန်စစ်လိုက်တော့သားအိမ်
လည်းပွင့်မထွက်ဘဲကလေးမရှိတော့ပါဘူး စိတ်မကောင်း
လိုက်တာလေ  အဲဒါနဲ့အဖွားကဘဲ ညီးတို့နတ်ကပေးစား
လို့အဆင်ပြေတာ ဆူးလေဘိုးဘိုးကြီးဆီသွားတောင်း
ခိုင်းမှသားဦးရပါတော့တယ်  အဲဒါနဲ့သားနှစ်ယောက်
ရပြီးကျမအသက်(၃၀)ကျော်ပေါ့  သူများတွေကပြောကြ
တယ် ဘုရားထီးတင်တဲ့ကြိုးကိုဆွဲရင်သိုက်ဆက်ပြတ်
တယ်ပေါ့လေ အဲဒါနဲ့ဆွဲကြည့်ကြမယ်စိတ်ကူးပါတယ်
တိုက်တိုက်ဆိုင်ဆိုင်အဲဒီနှစ်သီတင်းကျွတ်လပြည့်မှာ
အမျိုးဦးလေးကပြည်မြို့မှာဘုရားထီးတင်မယ်ဆိုတော့
သွားကြမယ်ပေါ့ ကျမတို့ကအဖိတ်နေ့ညမှထွက်သွား
မနက်ထီးတင်ဝင်ကြိုးဆွဲမယ်ပေါ့ အဖိတ်နေ့ည
လကလည်းသာလိုက်တာ ထိန်နေတာဘဲ ရန်ကုန်ကပြည်
ကိုသွားတော့ညာဘက်ယာဉ်ကြောကမောင်းရတာ
အဲလိုနဲ့ဂျိုးဖြူရွာနားရောက်တော့အမျိုးသားမောင်းတဲ့
စတီယာတိုင်ကထိန်းမရဘဲညာကနေဘယ်ကိုအလိုလို
ဆွဲချသွားတာ ဘယ်ဘက်အောက်ကချောက်ကြီး ညာ
ဘက်အောက်ကချောင်း ရှင့် ဘယ်ဘက်ကိုဆွဲသွား
တော့ချောင်းထဲမကျတော့ကံကောင်းပါတယ် ပိုကံ
ကောင်းတာကချောက်ထဲတန်းမကျဘဲခြုံပုတ်ကြီးပေါ်
ကားကတင်သွားတာ အဲဒီအချိန်လန့်ပြီးစိတ်ထဲကပြော
မိပါတယ် ဘုရားထီးတင်သွားမိတာခွင့်လွှတ်ပါ မိသားစု
လိုက်ဆိုတော့လူတွေချမ်းသာပေးပါ ခေါ်မထားပါနဲ့လို့
ချောက်ထဲကဆင်းသွားရင်ခပ်ပြေပြေဆင်းသွားရပြီး
အောက်မှာရွာရှိတယ်ရှင့် ရွာကလူတွေလည်းချောက်ထဲ
ကျပြီဟဆိုပြိးစိုးရိမ်တကြီးတစ်ရွာလုံးထလာကြ အဲဒီ
မတိုင်ခင်ရက်ကချောင်းထဲကားတစ်စီးကျသေးတယ်တဲ့
ကျမတို့လည်းကားထဲကဖြည်းဖြည်းခြင်းလေးဖက်
ထောက်ထွက်ရတာပေါ့ ခြုံကြီးကတောင့်လိုက်တာ
ကားကိုခြုံကြီးပေါ်ကဖြည်းဖြည်းခြင်းနွားလှည်းနဲ့ဆွဲချ
ရတယ် ဘန်ဘာတွေဘာတေွပြုတ်ထွက်ကုန်ပေမယ့်
ကားကမောင်းလို့ရသေးတော့အမျိုးသားကစိတ်မလျှော့
ဘဲပြည်မြို့ဘက်ဆက်မောင်းတာပေါ့ရှင်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now