170(ep_2 final

180 3 0
                                    

/

ရက်လည်မတိုင်ခင် တစ်ညအလိုမှာ ဖြစ်ခဲ့တာတွေ
ပြောပြီးသွားတော့ ရက်လည်နေ့ အကြောင်းက
ပြန်စပြီးပြောပါမယ်။မနက်စောစော တရားနာ၊
အမျှဝေ အားလုံး အေးအေးဆေးဆေးနဲ့ ပြီးသွားတယ်။
နေ့လည်အထိ ရက်လည်မှာ ဝိုင်းဝန်းကြသူတွေနဲ့
စည်စည်ကားကားပေါ့။ညက ကိစ္စကိုတော့ လူကြားထဲ
တီးတိုးတီးတိုးပဲ ပြောနေကြတာ။ရက်လည်နေ့ ညနေမှာ
သူ့အဖေရယ်၊သူရယ်၊သူ့အဒေါ်ရယ်၊သူ့အဖေ သူငယ်ချင်း
နှစ်ယောက်ရယ် လူငါးယောက်ပဲ အိမ်မှာ ကျန်ခဲ့တော့တယ်။
သူ့အဖေသူငယ်ချင်းနှစ်ယောက်ကတော့ ကားအတူမောင်းတဲ့
ဘော်ဒါတွေပေါ့။

သူ့အဒေါ်နဲ့သူက အောက်ထပ် က အိပ်ခန်းမှာ အိပ်တယ်။
အိပ်ခန်းက နောက်ဖေးဘက် တော်တော်ရောက်တယ်။
အိမ်ဖွဲ့စည်းပုံက ဝင်ဝင်ချင်းမှာ ဧည့်ခန်းကြီး၊ဧည့်ခန်းရဲ့ နောက်မှာ
ထမင်းစားခန်းနဲ့ မီးဖိုချောင်ကို အလယ်က လျှောက်လမ်း
ခြားထားတယ်။အဲ့ဒီနောက်မှာက ညာဖက်ခြမ်းမှာ အိပ်ခန်း၊
ဘယ်ဖက်ခြမ်းမှာ အိမ်သာနဲ့ရေချိုးခန်းရှိတယ်။လျှောက်လမ်း
အဆုံးမှာ နောက်ဖေးကိုထွက်တဲ့ တံခါးတပေါက်ရှိတယ်။
အိမ်ဝင်ဝင်ချင်းအပေါက်က လှမ်းကြည့်ရင် နောက်ဖေးထိ
တိုးလျှိုပေါက် မြင်‌နေရတယ်ပေါ့။‌အပေါ်ထပ်ကို တက်တဲ့
လှေကားက ဧည့်ခန်းရဲ့ ညာဖက်ခြမ်းမှာ။

အဲ့ဒီည ၁၁ လောက်မှာ သူ့အဖေနဲ့ဘော်ဒါ နှစ်ယောက်က
ဧည့်ခန်းမှာထိုင်ပြီး အရက်သောက်၊စကားပြောနေကြတယ်။
ကလေးကတော့အိပ်နေပြီ။သူ့အဒေါ်က မအိပ်သေးဘူး။အိပ်ယာထဲ
လှဲပြီး ပုတီးစိပ်နေတယ်။ည လူခြေတိတ်ချိန်ဆိုတော့
ဧည့်ခန်းက စကားပြောနေတဲ့ အသံကို ကောင်းကောင်းကြားရတယ်။အဲ့လိုနဲ့ သူ့အဒေါ်ကအိပ်ပျော်တော့မလို မှေးခနဲဖြစ်သွားတဲ့အချိန် ကလေးလေးကထ လာတယ်တဲ့။"သား အိမ်သာသွားမလို့လား "
လို့မေးတော့ခေါင်းပဲညိတ်ပြတယ်။အရင်လည်း အဲ့လိုပဲ ထသွားနေကျမို့သူ့အဒေါ်ကလည်း ပုတီးပဲ ဆက်စိပ်နေလိုက်တယ်။ကလေးက
အိပ်ခန်းတံခါးကိုဖွင့်ထားခဲ့ပြီး လျှောက်လမ်း ဟိုဖက်ခြမ်းက
အိမ်သာတံခါးကိုဖွင့်တဲ့အသံ၊ရှူး‌ပေါက်တဲ့အသံ၊အိမ်သာ တံခါး
ပြန်ပိတ်တဲ့အသံတွေ ကြားလိုက်ရတယ်။ဒါပေမယ့် တော်တော်
ကြာတဲ့အထိ အိပ်ခန်းထဲ ပြန်ဝင်မလာတော့ သူ့အဒေါ်လည်း
ထပြီး ကြည့်ရတယ်။အဲ့မှာ အိပ်ခန်းက အထွက် နောက်ဖေး
တံခါး ဖွင့်ထားတာတွေ့တော့ ကလေးက နောက်ဖေးထွက်သွား
တာလားဆိုပြီး သူ့အဒေါ်က လိုက်ကြည့်ရတယ်။နောက်ဖေးမှာ
ငါးပေလောက်မြေအလွတ်ရှိပြီး အုတ်တံတိုင်းကာထားတယ်။
အဲ့မှာ မီးတော့မထွန်းထားပေမယ့် ကလေးလေးက
အုတ်တံတိုင်းဖက်ကို မျက်နှာမူပြီး မတ်တပ်လေး ရပ်နေတယ်တဲ့။
သူ့အဒေါ်ကလည်း သူ့အမေကို သတိရလို့ ထင်တယ်ပေါ့ဆိုပြီး
ဘာမှ မပြောဘဲ အိမ်သာထဲဝင်၊အိမ်သာတက်နေလိုက်တယ်။
အိမ်သာတက်ပြီး ပြန်ထွက်လာတဲ့အထိ နောက်ဖေးတံခါးက
ဖွင့်ထားတုန်းပဲ။အဲ့ဒါနဲ့ ကလေး ငိုများနေလားဆိုပြီး အပြင်ကို
ထွက်ကြည့်တော့ ခုနကလိုပဲ အုတ်တံတိုင်းဖက်လေးကို
မျက်နှာမူပြီး ရပ်နေတုန်းပဲ။သူ့အဒေါ်က သားရေ၊အေးတယ်၊
အိမ်ထဲဝင်လေ ဆိုပြီး ပြောတာလည်း လှည့်မကြည့်ဘူးတဲ့။
အဲ့အချိန် ဧည့်ခန်းကနေ "တီတီရေ...သားက ဒီမှာလေ " ဆိုပြီး
လှမ်းပြောတဲ့ အသံကြားလိုက်ရတော့ သူ့အဒေါ် ကျောထဲ
စိမ့်ခနဲဖြစ်သွားတယ်တဲ့။ အုတ်နံရံဖက်ကို လှည့်နေတဲ့
ကလေးကလည်း သူ့မျက်စိထဲ သူ့တူလေးမှ သူ့တူလေး။
ဧည့်ခန်းက အသံကလည်း သူ့တူလေး အသံ အစစ်။
အဲ့ဒါနဲ့ လူရှိတဲ့ ဧည့်ခန်းကိုပဲ ချာခနဲ လှည့်ပြေးတော့တာ။
ဧည့်ခန်းရောက်တော့ ကလေးက သူ့အဖေ ပေါင်ပေါ်မှာ။
အဲ့မှာတင် သူ့အဒေါ် ကြောက်လန့်သွားပြီး ဘုရားခန်းထဲဝင်
ရသမျှ ဘုရားစာတွေ အကုန်ရွတ်တော့တာပဲတဲ့။အဲ့ဒီမှာ
သူ့အဖေ ဘော်ဒါနှစ်ယောက်က နောက်ဖေးကို လှမ်းပြီး
ကြည့်လိုက်တာ နောက်ဖေးတံခါးက ပိတ်လျက်လေးပဲတဲ့။
သူ့အဒေါ်ကလည်း တံခါးဖွင့်လျက်ထားခဲ့ပြီး ပြေးလာတာလို့
အခိုင်အမာပြောနေတော့ ခက်တော့တာပေါ့။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now