148

179 9 0
                                    

ခံနိုင်ရည်ရှိအောင်ကျင့်ပါ ( ၁ )

ကျမတို့မိသားစုမှာအဖွားကနူးနူးညံ့ညံ့
အေးအေးချမ်းချမ်းရှိပြီးအမေကဟောဟောဒိုင်းဒိုင်းပါ
ကျမကတော့အေးသလိုနဲ့ပြန်မပြောထင်ရာလုပ်
လက်တစ်လုံးခြားပြောတတ်စတဲ့အကျင့်ဆိုးလေး
တွေပိုင်ရှင်ပေါ့ ဟောဟောဒိုင်းဒိုင်းအမေကအဖွား
ပြောရင်ပြီးပေမယ့်ကျမကဆင်ခြေဆင်လက်
ဆင့်နားရွက်နဲ့ဆိုတာလိုအမြဲဆင်ခြေတက်တတ်
ပါတယ် ဒါပေမယ့်အဖွားရဲ့အချစ်ဆုံးမို့ငယ်ကထဲက
အဖွားနဲ့အတူအိပ်ပြီးအဖွားရဲ့ဘဝအတွေ့အကြုံတွေ
ကိုအိပ်ယာဝင်ပုံပြင်တေွလိုမှတ်ခဲ့ရပါတယ်
ဓနိချောင်းလေးတွေချိုးပြီးရေမှာမျှောရင်း
ပုဇွန်ဆိတ် ပုဇွန်ဆိတ်လို့ပြောလိုက်ရင်ဓနိချောင်း
လေးတေွကပုဇွန်ဆိတ်ဖြစ်ပြီးရေတောင်ကူးသွား
အောင်လုပ်ပြတတ်တဲ့ပညာသည်သူငယ်ချင်း
အောင့်တယ် အောင့်တယ်ဆိုလို့ဆေးဆရာပင့်ပေမယ့်
မသက်သာတဲ့အချိန်မှာ အမလေး အဖေထင်းပေါက်
နေတာနှလုံးကြီးကအရမ်းခုန်နေလို့သနားတာနဲ့
နှလုံးကိုဒုတ်ကလေးနဲ့တောင်ထောက်ထားပေး
လိုက်သေးဆိုလို့လူကြီးတွေသဘောပေါက်ပြီး
ကမန်းကတန်းဖယ်ခိုင်းရအောင်ပညာတတ်တဲ့
သူငယ်ချင်း စတာတွေနဲ့ပေါင်းခဲ့ရပေမယ့်ချစ်ချစ်
ခင်ခင်ရှိခဲ့ကြတာမို့ဘာမှအထိအခိုက်မရှိခဲ့တဲ့အဖွား
ဟာသူ့အချစ်ဆုံးမြေးမှာတော့အတော်ကယ်တင်ရ
တာတွေများခဲ့ပါတယ် တက္ကသိုလ်ပြီးတဲ့နောက်
အဖွားကျမကိုကယ်ခဲ့ရတာကတော့ကျမရဲ့အိမ်ထောင်
ရေးမှာပါဘဲ  အိမ်ထောင်ရေးမှာကိုယ်ကြိုက်တာကိုယ်
ယူမယ်လို့ကြွေးကြော်ခဲ့တဲ့ကျမဟာတကယ်လည်း
ကျမကိုအရမ်းချစ်တဲ့သူနဲ့ဖူးစာဆုံခဲ့ပါတယ်
အချစ်ဆုံးသားကိုအိမ်ထောင်မချပေးချင်တဲ့ကျမရဲ့
ယောက်ခမဟာအဲဒီအချိန်မှာ
နယ်မြို့ကအုပ်ချုပ်ရေးပိုင်းကလူကြီးတော်တော်
များများကိုးကွယ်တဲ့ဆရာနဲ့ရင်းနှီးတာမို့ဆရာကိုယ်
တိုင်နည်းပေါင်းစုံနဲ့ဝင်ကူပေးခဲ့ပါတယ် ဒါပေမယ့်
ကျမတို့ဖူးစာဆုံဖြစ်ခဲ့ပါတယ်  ဒါကတော့သိပ်မပြော
ချင်လို့ကျော်လိုက်ပါတယ်နော် အမျိုးသားဟာကျမ
ကိုလည်းချစ် သူ့အမေကိုလည်းချစ်တာမို့ကျမကို
မခေါ်ဘဲသူ့မြို့ကိုတစ်လတစ်ခေါက်ပြန်တတ်ပါတယ်
သူ့မြို့ကိုသူပြန်တာကမဆန်းပေမယ့်ဆန်းတာက
ပြန်လာရင်ကျမကိုစကားမပြောဘဲစိတ်ဆိုးနေတာပါ
အစပိုင်းကတော့အိမ်နဲ့တစ်ခုခုအဆင်မပြေလာလို့
များလားလို့ထင်ပေမယ့်လတိုင်းပြန်တိုင်းပြန်လာရင်
ဖြစ်တာမို့သတိထားမိလာပါတယ် နောက်ပြီးအဲလိုစိတ်
ဆိုးစိတ်ကောက်နေတာကလည်း(၂)ပါတ်လောက်
ကြာတတ်တော့စိတ်ဆိုးပြေခါနီးဆိုသိပ်မကြာဘဲနယ်က
သူ့အိမ်ပြန်ချိန်ကရောက်ပြန်ရော  ကြာတော့ကျမလည်း
စိတ်ရှုပ် အိမ်ကိုတစ်ခါတစ်လေလာလည်တဲ့မိသားစုဝင်
တွေလည်းသတိထားမိဖြစ်လာပါတယ် အဲဒါနဲ့အဖွား
ကိုပြောပြမိတော့အဖွားကညီးယောကျာ်း သူ့အိမ်ပြန်
ရင်ပုံမှန်စားလာတာရှိတယ်  အဲဒါစားမလာနဲ့လို့မှာ
ခိုင်းပါတယ် ဒါနဲ့ကျမလည်းအမျိုးသားကိုမေးကြည့်
ရပါတယ် သူကလဘက်ကြိုက်တော့သူ့အမေကအမြဲ
လဘက်ပွဲပြင်ကျွေးပါတယ်တဲ့ ကျမကပွင့်ပွင့်လင်း
လင်းပြောတတ်သူမို့အမျိုးသားကို ယောကျာ်းရေ…
မမှာမဖြစ်မှာလိုက်မယ် ဒီတစ်ခေါက်အိမ်ပြန်ရင်
လဘက်စားမလာပါနဲ့ အဲဒါလေးတော့လိုက်လျောပါ
လို့ပြောလိုက်ပါတယ် သူတို့အိမ်ကဘုရားစင်မှာ
ကန်တော့ပွဲပေါင်းစုံ ပုံတော်ပေါင်းစုံနဲ့မြင်နေရတာမို့
သူလည်းသဘောပေါက်သွားလားမသိပါဘူး သူ့အမေ
ပြင်ကျွေးတဲ့လဘက်မစားခဲ့တော့ပါဘူး အဲဒီတော့မှ
တစ်လကိုနှစ်ပါတ်လောက်စိတ်ဆိုးစိတ်ကောက်
အလိုလိုဖြစ်တာကြီးလည်းပျောက်သွားပါတော့တယ်
ချွေးမနဲ့ယောက္ခမအတင်းတော့မဟုတ်ရပါဘူးရှင်😁
ကျမယောက္ခမကလည်းသူ့သားကပြုစားခံရလို့
အိမ်ထောင်ကျတာဆိုပြီးကျမဝယ်ထည့်ပေးတဲ့မုန့်က
အစမစားပါဘူး အဲလိုကိုချစ်ရှာတာပါ အိမ်ထောင်ကျ
ကထဲကအဆင်မပြေပေမယ့်ယောက္ခမကလည်း
သူ့သားကိုချစ် ကျမတို့လင်မယားကလည်းအချင်း
ချင်းချစ်လို့ယူထားတာမို့ရန်မဖြစ်အောင်ရှောင်ကြ
ပါတယ်  သားကိုချစ်ပေမယ့်မြေးတွေတော့လည်း
မချစ်ပြန်ပါဘူး ဒီကြားထဲမှာယောက္ခမကသားအိမ်
ခေါင်းကင်ဆာဖြစ်ပါတယ် သိတဲ့အချိန်မှာဓါတ်ကင်
မှရမှာမို့ကျမတို့အိမ်မှာလာနေရပါတယ် ကျမတို့က
နယ်မှာမို့အိမ်မှာကျမအမေနဲ့ကျမကလေးတွေဘဲရှိ
လို့လာနေဖြစ်တာပါ သူလာနေတော့သားကြီးအခန်း
ကိုပေးထားပါတယ် ကျမလည်းကိုယ့်အိမ်လာနေတာ
မို့နယ်ကနေပြန်လာကြည့်ပေးပါတယ် ကျမအမေချက်
တဲ့ထမင်းဟင်းကိုစားပေမယ့်ကျမလာလို့ချက်ရင်တော့
အပြင်မှာဘဲထွက်စားပါတယ် အဲလိုနဲ့ဓါတ်ကင်ပြီးလို့
ပြန်သွားတဲ့အခါ သားကြီးလည်းသူ့အခန်းသူပြန်နေပေါ့
တစ်လလောက်ကြာတော့သားကြီးကျောင်းကကျောင်း
ခေါ်ချိန်မပြည့်လို့ဖုန်းဆက်တိုင်ပါတယ် ကျမလည်း
အမေ့ကိုလှမ်းမေးရတာပေါ့ အမေ့မြေး ကျောင်းခေါ်ချိန်
မပြည့်ဘူး ဘာလို့ကျောင်းမတက်လဲ ဘယ်တွေသွား
နေလဲပေါ့ အမေကတော့အေးအေးပါဘဲ ကျောင်းမတက်
ပေမယ့်အခန်းထဲမှာရှိတယ်လေ စာကျက်နေမှာပေါ့တဲ့
စာကျက်နေလို့မရဘူး ကျောင်းခေါ်ချိန်ပြည့်အောင်တက်
ရမှာအမေရဲ့ ကျမပြောလည်းပြော စိတ်ထဲလည်းထင့်မို့
အိတ်ဆွဲပြီးရန်ကုန်ပြန်လာခဲ့ပါတယ် အိမ်ရောက်လို့
အမေ့ကိုဘယ်မလဲ သားကြီးလို့မေးတော့အခန်းထဲမှာ
လေလို့အမေကပြောပါတယ် ကျမတို့အိမ်ကမကြီးပါဘူး
ကျမလာတာကိုသားကြီးမသိစရာမရှိပါဘူး ထူးတော့
နေပြီပေါ့ အခန်းတံခါးကိုဆွဲဖွင့်တော့လော့ချထားပါတယ်
ကျမလည်းအပြင်ကနေတံခါးကိုထုပြီးဖွင့်ခိုင်းပေမယ့်
အထဲကအသံမကြားပါဘူး ကဲ အဲဒါဆိုတံခါးဖျက်မယ်
ဆိုပြီးထုချလိုက်မှသားကြီးထွက်လာပါတယ် အိပ်ရေးမဝ
တဲ့ပုံနဲ့ပါ  ကျောင်းဘာလို့မသွားလဲမေးတော့ အိပ်ချင်လို့
တဲ့ အင်း..ဖြစ်ပြန်ပြီပေါ့ သေချာအောင်အခန်းထဲဝင်ရှာ
ပါသေးတယ် ( ဆေးတွေဘာတေွချလားလို့ပေါ့ )
ဘာမှမရှိပါဘူး ကျမခြေထောက်တွေတောင်မတ်မတ်
မရပ်နိုင်ပါဘူး ဘာလုပ်ရပါ့မလဲ ကျမကိုကယ်နေကြ
အဖွားလည်းရှိတော့တာမဟုတ် အဖော်ပါလာတဲ့
သူငယ်ချင်းကသူ့အသိရွှေရင်ကျော်ဂိုဏ်းကရှိတယ်
သွားမလားပေါ့ ကျမလည်းမစဉ်းစားနိုင်ပါဘူး သွား
မယ်ပေါ့ ရောက်သွားတော့စစ်ကြည့်ပြီး ပြုစားတာဘဲ
အဲဒီအခန်းကရွှေ့မှ ကုပေးဘို့ကတော့ဂိုဏ်းထဲဝင်မှ
လို့ပြောပါတယ် အဲဒီအချိန်မှာတော့ကျမစိတ်နည်းနည်း
အေးသွားပြီမို့တွေးနိုင်သွားပါပြီ ဒါကြောင့်ဆရာဖြစ်သူ
ကို ကျမဂိုဏ်းတော့မဝင်နိုင်ပါဘူး အခုလောက်ကြည့်
ရှုပေးတာကျေးဇူးတင်လှပါပြီလို့ကန်တော့ပြီးပြန်လာ
ခဲ့ပါတယ် အိမ်ရောက်မှကပ်ထားတဲ့သောက်တော်ရေ
ခွက်ကိုယူ အဖွားကိုတမ်းတပြီးသားကြီးကိုတိုက် အခန်း
လည်းပြောင်း အခန်းကိုလည်းတရော်ကင်ပွန်းနဲ့ဆေးပေါ့
သားကြီးပြန်ကောင်းလာပေမယ့်အဲဒိနှစ်စာမေးပွဲကျပါ
တယ် အမြဲတမ်းသွက်လက်ပြီးထူးချွန်ခဲ့တဲ့ကျောင်းသား
တစ်ယောက်အတွက်အားလုံးအံ့ဩစရာဖြစ်ခဲ့ရတာပါဘဲ
သားကြီးကိုတည်တည်ငြိမ်ငြိမ်နဲ့အားပေးနိုင်ခဲ့တဲ့ကျမ
ဟာနယ်အိမ်ပြန်ရောက်ချိန်မှာပေါက်ကွဲတာပါဘဲ
ငါ့သားကိုဒီလိုဖြစ်အောင်လုပ်တဲ့သူ ရောဂါဆိုးနဲ့ကြုံရ
ပါစေ သူခံစားရတာကိုငါသိရပါစေလို့ကျိန်မိတဲ့အထိပါ
အမျိုးသားကတော့ဘာမှမပြောပါဘူး  ဟုတ်ချင်မှဟုတ်
မှာပေါ့လို့တွေးပုံလည်းရပါတယ် အဲလိုနဲ့(၆)လလောက်
အကြာမှာကျမယောင်းမဖုန်းလှမ်းဆက်ပါတယ် ကျမ
ယောက်ခမ သူ့အမေဗိုက်အောင့်အောင့်နေလို့ဓါတ်မှန်
သွားရိုက်တာအလုံးတွေ့လို့ပါတဲ့ ယောင်းမကကျမကို
ဆက်ပြောလိုက်တာက ..အမေ့ဗိုက်ထဲအလုံးဘယ်က
ရောက်ရသလဲတဲ့ ကျမလည်းပြန်ဖြေလိုက်ပါတယ်
ဟဲ့..ဒါငါကဘယ်လိုသိမလဲ နင်တို့အစ်ကိုကိုမေးကြည့်
ပေါ့လို့ဖြေလိုက်ပါတယ်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now