107

221 12 0
                                    

##ပရလောကသားနဲ့ မိတ်ဆွေ ဖြစ်ခဲ့ခြင်း

ဒီအကြောင်းကိုရေးဖို့ တွေးကြာပြီမအားသေးတာနဲ့ မရေးဖြစ်ဘူး မှတ်မိကြလား လူပျိုကြီးအဆောင်မှာ သရဲ ခြောက်ခံရတဲ့ တစ်ယောက်ပါ။

ဒီတစ်ခါနေပြည်တော်မှာပါ နိုင်ငံရေးတွေမကောင်းတော့ အမျိုးသားနဲ့ ခဏခွဲနေပြီးအလုပ်လုပ်ကြတာ ကိုက မန်းလေး သူက သူ့ဇာတိ နေပြည်တော်မှာ
သက်ြန်ပိက်ရက်ရတော့ မန်းလေးက နေ နြေပည်တော်ဆီ ပိက်ရက် အလည်သွားတာပေါ့ အမျိုးသားမိဘတွေ အိမ်ကို ။
ထုံးစံ အတိုင်း ယောက္ခမနဲ့ ယောင်းမတွေ က ခဏလေးလာ လည်တာတောင် မပြေလည်ဘူး စကားတွေများပြီး ကျွန်မကမနေနိုင်လို့ ဆင်းရော ဆင်းတော့ အမျိုးသားကပါ ပါရော သူ့အသိအိမ်မှာ တည်းတာပေါ့
ရက်ကကြာလာသက်ြန်ကပြီးပေမယ့် ပြန်ဖို့က မန်းလေးအခြေအနေတွေ ဆိုးနေတော့ ပြန်လို့မရသေးဘူး အဲ့ဒီတော့ ခဏအိမ်ဌားမယ်ပေါ့ အိမ်လိုက်ရှာတော့ တစ်ယောက် လုပ်စာပဲ ရှိတော့ ဈေးသက်သာတဲ့ အိမ်ရှာ ရတယ် ။
ဒီလိုနဲ့သူ့အမေ လမ်းထဲမှာ ပဲ အိမ်တစ်လုံးရခဲ့ပါတယ် ။တစ်လ 30000 နဲ့ အိမ်က အပြင်က ကြည့်ရင်မမြင်ရလောက်အောင် အိမ်ရှေ့လမ်းဘေးမှာ ဇီးပင်အုပ်အုပ်ကြီး ရယ် သရက်ပင်ရယ် ရှိတယ် လူမနေတာ ကြာတော့ သူများတွေက အမိူက်တွေ လဲ လာပြစ်ကြတယ် ထင်ပါတယ် ။

အိမ်ကတော့သေချာလေးဆောက်ထားတာ ခြံ တင်ပေ 60 အနောက် 80 လောက်ရှိတယ် အိမ်ကိုယ်ထည်က‌တော့ အကြမ်းထည်ပေမယ့် လူနေလို့ရတယ် ခြံတံခါးကလဲ သံပန်းတံ ခါးနဲ့ အိမ်ရှေ့ဆင်ဝင် အသေးလေးလဲ ပါတယ် သေချာပြုပြင် အတော်လေး လှမယ့် ပုံလေးပေါ့ ။

အတွင်းဖွဲ့စည်းပုံ က ဝင်ဝင်ခြင်း ဘယ်ဘက်မှာ အိပ်ခန်း သုံးခန်း အနောက်ဘက်အထိ တန်းစီဖွဲ့ထားတယ် ညာဘက်ခြမ်းမှာ က ဟော ကြီး အနောက်နားမှာ အခန်းကန့်ပြီး မီးဖိုဆောင်ပေါ့ ရေချိုးခန်း အိမ်သာက နောက်ဆုံးအခန်းရဲ့ ဘေးမှာ ဝင်ရင် ရေချိုးခန်း ပြီးမှာ အိမ်သာ တစ်ဆက်ထည်းပါ ။
အိမ်အကျယ် က ပေ 25 70 လောက်ကျယ်တယ် ‌နှစိယောက်ထည်းဆို အတော် ကျယ်တာထက်ကိုပိုတယ် ။ အိမ်ကမီးပါတယ် ရေမပါဘူး သူများဆီကဝယ်သုံးပေါ့ ။ကျွန်မတို့က ဝင်ဝင်ခြင်းဘက်က အခန်းကို ယူလိုက်ပါတယ် အခန်းရဲ့မျတ်နှာ ခြင်းဆိုင်ခေါင်းရင်းဘက်မှာ ဘုရားခန်း ထားလိုက်ပါတယ် ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now