193

169 5 0
                                    

အချိန်က ၂၀၁၄ ဆောင်းတွင်း ဒီဇင်ဘာလညတစ်ညပေါ့  မန္တလေး က အဖွားနေမကောင်းလို့ ညတွင်းချင်း မန္တလေးတက်ခဲ့ဖို့ အမျိုးတွေဖုန်းဆက်တော့ ကျွန်တော်ရယ် အမေရယ် ကျွန်တော့် အဒေါ်ရယ် ဦးလေးရယ် လေးယောက်သား အိမ်က ကား နဲ့ပဲ ညတွင်းချင်း မန္တလေးတက်ဖြစ်ခဲ့ကြပါတယ် မိုးကတော့အတော်ချုပ်နေပြီဖြစ်ပြီး ကျွန်တော်တို့ အမြန်လမ်းတိုးဂိတ်ရောက်တော့ အချိန်က ည ၉  နာရီခွဲကျော် ရှိနေပါပြီ  အမေနဲ့အဒေါ်ကအနောက်မှာထိုင်ပြီး  ကျွန်တော်နဲ့ဦးလေးကတော့အရှေ့မှာပေါ့ ။ လမ်းခရီးက ညလုံးပေါက်မောင်းရမှာမို့လို့ ဦးလေးတလှည့် ကျွန်တော်တလှည့်မောင်းဖို့တူဝရီး နှစ်ယောက်သဘောတူထားကြတယ် ။ မိုင်တိုင် ( ) က  ယာဥ်ရပ်နားစခန်းမှာ ခဏနားကြ ပြီး မှတ်မှတ်ရရပဲ သန်းခေါင်ကျော် ၁၂ နာရီ ၁၅ မိနစ်မှာတော့ ပြန်ထွက်ခဲ့ကြပါတယ် ။ ဒီတခါတော့ ကျွန်တော်မောင်းရမယ့်အလှည့်ပေါ့ ။ နေပြည်တော်ကျော်တဲ့ အထိက ဘာပြသနာမှသိပ်မရှိပါဘူး အေးဆေးပဲ ။ နေပြည်တော်ကျော်ရင် သူမောင်းမှာမို့ သူ့ကိုနိူးဖို့ ကျွန်တော့်ဦးလေးကပြောထားပေမယ့် ကိုယ့်ဘာသာ ညဘက်ဟိုင်းဝေးမောင်းကြည့်ချင်တာရော လူကြီးတွေနားပါစေဆိုတဲ့စိတ်နဲ့ရော ကျွန်တော့်ဦးလေးကို မနိူးဖြစ်ခဲ့ပါဘူး ။ ခုမှ ဟိုင်းဝေး စမောင်းဖူးတာဆိုပေမယ့် လိုင်းစင်ရထားတာလဲ ၂ နှစ်ကျော်ပြီ မြို့ထဲလမ်းတွေလဲမောင်းနေကြမို့ ကျွန်တော့်အတွက်တော့ အခက်အခဲသိပ်မရှိလောက်ဖူးလို့လဲ ထင်မိလိုက်တာပေါ့လေ ။

နေပြည်တော် မြို့ရှောင်လမ်းကနေထွက်လာတော့ ည ၂ နာရီခွဲကျော်နေပြီ ဖြစ်ချင်တော့ ကျွန်တော်တို့ထွက်လာတဲ့ရက်ကလဲ လမိုက်ညတစ်ညဖြစ်နေတယ် နေပြည်တော်ကနေကျော်လာတာနဲ့ ကားမီးကလွဲပြီး ဘာမီးရောင်မှမရှိတော့တဲ့ လမ်းမှောင်မှောင်ပေါ်မှာ ကျွန်တော်လဲကားကို ပုံမှန်အရှိန်နဲ့  ဘဲမောင်းရင်း ပေါ့ ။ ကားပေါ်ကြည့်လိုက်တော့ အမေရော အဒေါ်ရော ဦးလေးရောက အိပ်ပျော်နေပြီ ။ ကျွန်တော်တစ်ယောက်ထဲ ။ တစ်နေရာရောက်တော့ ကားမီးရောင်နဲ့ မြင်လိုက်ရတဲ့  လမ်းဘေးမှာစိုက်ထားတဲ့ မိုင်တိုင်မှတ်တိုင်တစ်ခု သေချာတာပေါ့ အမြန်လမ်းရဲ့ နာမည်ကြီး ( ) မိုင် ။ ဘာရယ်မဟုတ် ဖတ်ထားဖူးတဲ့ အကြောင်းအရာတချို့က ခေါင်းထဲတွေးမိပြီး ကျောထဲစိမ့်ခနဲ ဖြစ်သွားတယ် ။ ဒီမိုင်တိုင် ကနေ အမြန်ကျော်နိုင်အောင် ကျွန်တော်လဲလီဗာကိုဖိနင်းဖို့ပြင်လိုက်တယ် ။ ဒါပေမယ့် ရုတ်တရတ် ရှေ့မှာ မြင်လိုက်ရတာက မိန်းကလေးတစ်ယောက် ကျွန်တော့်ကားကို တားနေတာ ။ ကားမီးရောင်နဲ့မို့ မျက်နှာကိုပါ အသေအချာမြင်နေရတယ် အေးတိအေးစက် မရီမပြုံး ပြူးကြောင်ကြောင်မျက်လုံးတစ်စုံနဲ့ပေါ့ ။ တွေ့လိုက်ရတာာ စက္ကန့်ပိုင်းလေးပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ နှစ်နဲ့ချီအောင်ကြာတယ်လို့ထင်မိတဲ့အခိုက်အတန့်ပါပဲ လူလား ဘာလားမသိ ကားရပ်ပေးသင့် မရပ်ပေးသင့် မကွဲပြားပဲ အတွေးပေါင်းများစွာနဲ့ ခဏ တာ စိတ်နဲ့လူနဲ့လွတ်သွားပြီး ဘယ်အချိန်ထဲက လီဗာကို ဖိနင်းမိလိုက်မှန်းမသိတော့ ဘေးကဦးလေးဖြစ်သူက ဟေ့ရောင် ဆိုပြီးအော်ရင်း နရင်းအုပ်လိုက်တော့မှ ဘရိတ်စောင့်နင်းမိလိုက်တယ် ။ ရုတ်တရတ် အလဲလဲအပြိုပြို ဖြစ်သွားရင်း သတိပြန်ဝင်လာလို့ကြည့်လိုက်တော့ ရှေ့နားဆိုရင် လမ်းကွေ့ကြီးတစ်ခု ဇောချွေးတွေပြန်နေတဲ့ ကျွန်တော့်ကို အိပ်နေရာက နိူးလာတဲ့ အမေတို့ အဒေါ်တို့က ရေတိုက်ရင်း ဘာဖြစ်တာလဲ မေးနေပေမယ့် ကျွန်တော်ကြားတချက် မကြားတချက် ။ ကျွန်တော်တွေးနေမိတာက တကယ်လို့စောနက ကျွန်တော့်ဦးလေးသာ နိူးမလာပဲ ဒီအရှိန်အတိုင်းသာ ဒီ အကွေ့ကို ကွေ့မိလိုက်ရင် သေချာပါတယ် ကျွန်တော်တို့ကားဟာ အနည်းဆုံး နှစ်ပတ်လောက်လိမ့်သွားမှာပါ ။ အမေတို့ ကြောက်နေမှာစိုးလို့ ဘာမှသေချာမပြောဖြစ်ပေမယ့် ဦးလေးက မင်း နားလိုက်ဦးဆိုပြီးကားမောင်းဖို့ နေရာချိန်းရင်း စောနက မျက်နှာပိုင်ရှင်ကိုတွေ့မိတဲ့နေရာကိုလှမ်းကြည့်မိလိုက်တော့ မှောင်မဲနေတဲ့ အမှောင်ထုရယ် မြူတွေဝေနေတာက လွဲရင် ဘယ်သူမှရှိမနေခဲ့ပါဘူး ။ ကျွန်တော့်အဖြစ်ကိုရ်ိပ်မိတဲ့ဦးလေးကတော့ မင်းကို အ့နားမရောက်ခင်ငါ့ကိုနိူး ငါမောင်းမယ်လို့ပြောရက်သားနဲ့ကွာ ကံကောင်းလို့ ဆိုပြီး ပြောရင်း ကားပေါ်မှာပါလာတဲ့ပရိတ်တရားခွေကို ကျယ်ကျယ်ဖွင့်ကာ မန္တလေးရောက်တဲ့ထိ သူပဲ ဆက်မောင်းခဲ့ပါတော့တယ် ။

ဒီအဖြစ်အပျက်က တကယ်လား ကျွန်တော့်ရဲ့စိတ်ကခြောက်ခြားပြီး မြင်မိတာလား နောက်ပိုင်း ဦးလေးပြောသလို လူစားလဲဖို့လား ဘာမှန်းမသေချာပေမယ့် ရန်ကုန် မန္တလေး အမြန်လမ်းမှာ ညဘက်ကားမောင်းတဲ့အခါ ကျွန်တော့်လို  အတွေ့အကြုံသိပ်မရှိ ပထမဆုံးမောင်းဖူးတဲ့သူတွေအနေနဲ့ တစ်ယောက်ထဲ မမောင်းသင့်တာတော့ အသေချာပါပဲ ။ ဒီအဖြစ်အပျက်ကတော့ မန္တလေးဘက်ကို သွားဖြစ်တိုင်း ကျွန်တော်အမြဲ ပြန်တွေးမိတဲ့ အဖြစ်အပျက်တစ်ခုပေါ့ ထိုအဖြစ်အပျက်နဲ့အတူပဲ ကျွန်တော်မြင်ခဲ့ရတဲ့ အေးစက်စက် မျက်နှာပိုင်ရှင်ကိုလဲ ကျွန်တော့်အတွေးထဲကနေ အခုထက်ထိ ထုတ်မရတော့ပါဘူး ။ တစ်ခါတလေ အိပ်ရာမှာအိပ်နေရင်း မီးပိတ်လိုက်လို့ အပေါ်ကမှောင်မဲနေတဲ့ မျက်နှာကြတ်ကို ကြည့်လိုက်တဲ့အခါ အရီအပြုံးမရှိ မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကိုကြည့်နေတဲ့ အဲ့အေးစက်စက်မျက်နှာကြီး ပေါ်လာတဲ့အထိပေါ့....

#NLH_IR

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now