140

174 6 0
                                    

မှတ်မှတ်ရရ💕

ကျမငယ်ငယ်ကပါရမီရှင်တစ်ယောက်နဲ့
နေခဲ့ရတယ် ကိုယ်တိုင်ကစာတွေအတော်ဖတ်ပေမယ့်
ဒီဘက်ခေတ်လောက်အသိအမြင်မများတော့
ကိုယ့်ဘေးနားမှာရှိတဲ့သူပါရမီရှင်မှန်းမသိဘူးပေါ့နော်
အမေ့ဖက်ကအဖွားတော်ပါတယ် အကြောင်းတစ်ခုခု
ဆိုအဖွားပြောတာနဲ့တိုက်ဆိုင်တာတေွဖြစ်ပေမယ့်
အဖွားကပါရမီရှင်မှန်းမသိခဲ့ပါဘူး  ကျမအိမ်ထောင်ကျ
ပြီးနောက်နှစ်မှာ(၈၈)အရေးအခင်းဖြစ်ပါတယ်
(၈၈)အရေးအခင်းမှာကျမတို့စုံတွဲရွာတစ်ရွာမှာ
ပိတ်မိလို့အိမ်ပြန်မရောက်တာတစ်လကြာပါတယ်
ဘယ်ပြောကောင်းမလဲ အရေးအခင်းချိန်ကြီး
အိမ်နဲ့ဝေးနေတော့ဟန်းနီးမွန်းထွက်သလိုပျော်ကြတာ
အမျိုးသားကဆရာဝန်ဆိုတော့ရွာနီးချုပ်စပ်ကလူနာတွေ
လာပြရင်ကြည့်လိုက် ရွာထဲလျှောက်သွားလိုက်နဲ့ပေါ့
အဲလိုနဲ့လမ်းတွေပွင့်တော့အိမ်ပြန်လာကြတာ
အိမ်ရောက်တော့အဖွားကိုပျောခဲ့တာတွေပြောပြပေါ့
အဲဒီမှာအဖွားကကျမကိုပြောတယ်ရှင့် ဒီလိုမျိုး
အရေးအခင်းနောက်ထပ်လာအုံးမယ် လူတွေဆေးဝယ်
လို့မရတဲ့အချိန်တစ်ချိန်လည်းလာအုံးမယ်  လူတွေ
ဆေးဝယ်မသောက်နိုင်အောင်ပိုက်ဆံရှားတဲ့အချိန်
လည်းလာအုံးမယ်တဲ့  ကပ်ကြီး(၃)ပါးနဲ့ကြုံမှာလို့
ပြောပါတယ်  ကျမက(၈၈)လိုအရေးအခင်းထပ်ဖြစ်
ရင်ရွာမှာသွားနေမှာ ပျော်စရာကြီးလို့ပြောတော့အဖွား
ကပြုံးပါတယ် သွားနေဖြစ်မှာမဟုတ်ပါဘူးလို့ပြောပါ
သေးတယ်  အဲဒါတွေပြောပြီးနောက်(၂)နှစ်လောက်
အတွင်းအလှူတော်တော်များများလုပ်ပါတယ်
တွေ့ချင်တဲ့သူတွေကိုသူ့ဆီလာခဲ့ဘို့ခေါ်ခိုင်းပြီး
သူ့မှာအပြစ်ရှိရင်လည်းခွင့်လွှတ်ဘို့နဲ့သူကလည်း
ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်းပြောပါတယ် နောက်ဆုံး
အလှူကတော့နတ်ကန္နားပေးတာပါဘဲ ကျမကအဖွား
ကိုယ်စားသွားပေးရပါတယ်  ရိုသေသမှုနဲ့ရော သံသရာ
အကြွေးမပါအောင်လို့ရောပေးလှူတာလို့တော့ပြော
ပါတယ် မကွယ်လွန်ခင်တစ်လအလိုမှာကျမတို့တစ်အိမ်
လုံးရှိသမျှတစ်ယောက်တစ်ရက်အိပ်မက်မက်ပါတယ်
အဖွားကကုတင်ခြေရင်းမှာရပ်ပြီးသွားတော့မယ်လို့
နှုတ်ဆက်တာကိုပါ မနက်မိုးလင်းရင်အိပ်မက်မက်တဲ့
သူကအဖွားကိုသွားပြောရင်အဖွားကပြုံးနေတာပါဘဲ
အဖွားမဆုံးမီတစ်ပါတ်လောက်မှာညဘက်ဆိုအဖွားအခန်းထဲမှာလင်းနေတတ်ပြီးစကားပြောသံတေွကြား
ရတတ်ပါတယ် အတူအိပ်တဲ့အစ်မကိုမေးတော့
ဟုတ်တယ်ဟ လရောင်လားမသိဘူး ညဆိုအဖွားမျက်နှာ
ပေါ်ကျပြီးလင်းနေတာ  နောက်ပြီးစကားတွေပြောနေ
သလိုတော့ရှိတယ် အဲဒီအချိန်အိပ်ချင်တာမျက်စိကို
မဖွင့်နိုင်ဘူးဟာလို့ပြောပါတယ် အဖွားဆုံးမယ့်နေ့က
အိမ်မှာရှိတဲ့ပန်းပင်တွေပွင့်တာမွှေးနေရော လူနာသွား
ကြည့်မလို့ပြောတော့သွားလေတဲ့ အဲဒါနဲ့အမျိုးသားက
ကြံရည်ဝယ်တိုက်တော့ပြုံးလို့ ဒါနဲ့ဆိုင်ကယ်နဲ့နှစ်ယောက်
သားထွက်လာတာ ကျမကနောက်ကနားကြပ်လေးကိုင်
ရင်းသွားမယ့်နေရာမရောက်ခင်နားကြပ်အလယ်က
အပြားလေးကထောက်ကနဲကျိုးသွားတာ အကောင်း
ကြီးကနေပေါ့ အဲဒါနဲ့ကျမကနမိတ်မကောင်းဘူး ပြန်
လှည့်ကြမယ်ဆိုတော့အမျိုးသားကရောက်တော့မှာ
ဆက်သွားလိုက်မယ်ဆိုပြီးသွားတာပေါ့ ကျမတို့သွား
တဲ့ဆီမှာ မဝတဥက္ကဌကကြိုရောက်နေတယ် ဘာကိစ္စ
ပါလိမ့်ပေါ့ အဲဒီတုန်းကကြိုးဖုန်းတောင်ရှားသေးတာ
ကျမတို့ထွက်သွားပြီးသိပ်မကြာဘူး အဖွားဆုံးသွား
တော့အိမ်က မဝတရုံးကိုဆက်ရတာ ကျမတို့ပြန်လာ
လို့အိမ်ရောက်မှအအေးတိုက်ပို့ရတာ လာသယ်သွား
ပြီးချိန်မှာရေမွှေးနံ့တွေရလို့ဘယ်မှာမှောက်သလဲ
ရှာကြည့်ကြသေးတယ်ရှင့် ဘယ်မှာမှမှောက်တာမတွေ့
မှအဖွားရောက်တဲ့ဘုံမြင့်လို့ဘဲလို့ပြောမိကြတယ်
နောက်ပိုင်းတော့တစ်ခုခုဆိုအရေးအခင်းဖြစ်တော့မလား
လို့ဝယ်ကြခြမ်းကြနဲ့ မဖြစ်တော့..အော်မဟုတ်သေးဘူး
ပေါ့ ဆိုပြီးနေလာတာ (၂၀၂၁)မှဘဲထပ်ကြုံရတော့တာ
ကိုဗစ်မှာဆေးဝယ်မရတာကြုံကြပြီပေါ့  ဆေးဝယ်စရာ
ပိုက်ပိုက်မရှိကြမဖြစ်အောင်တော့ကြိုပြီးရတနာ
(၃)ပါးကိုကိုးကွယ်ဆည်းကပ်ကြပါလို့ဘဲပြောချင်ပါ
တယ်ရှင် အခုကတော့လူတွေလက်ဖျားငွေသီးလို့ပြောရ
လောက်အောင်ဘယ်ပစ္စည်းဘယ်စျေးခေါ်ခေါ်ဝယ်နိုင်
နေကြတာပါဘဲ ဒါပေမယ့်တိုက်ဆိုင်လို့သတိပေး
ပြောပြမိတာပါနော်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now