191

168 8 0
                                    

ကိုငှက်ရဲ့ ဂျက်ဆင်ထိပ်က လရိပ်ပြာ သို့မဟုတ် ဂျက်ဆင်ထိပ်က လွင့်မျောနေတဲ့ ဝိဥာဥ်ဖြူ
.....................................
သူမ နာမည်က........... ရန်ကုန်တက္ကသ်ိုလ် ရူပဗေဒမေဂျာ တတိယနှစ်ကျောင်းသူ ။ အချိန်က ၁၉၉၀ နိုင်ငံရေးမုန်တိုင်းမီးကုန်ယမ်းကုန်တိုက်ခတ်ပြီး ငြိမ်သက်စပြုနေတဲ့ကာလ ။ သူမ ကို ကျွန်မ စသတိထားဖြစ်တာ ဂျက်ဆင် ဘုရားကျောင်း လက်ဝါးကပ်တိုင်ရှေ့မှာ ။ ညနေလောက်ရောက်ရင် အဆောင်မှာလူစုံတာကြောင့် ကျွန်မလဲ စာကျက်ရ မှတ်ရတာ တိတ်ဆိတ်တဲ့ စာကြည့်တိုက်ကိုသွားပြီးစာကြည့်လေ့ရှိတယ် စာကြည့်တိုက်ပိတ်ချိန် ၄ နာရီကနေ ၅ နာရီကျော် ၆ နာရီအထိကိုတော့ ဘုရားကျောင်း မှာ စာလာမှတ်စမြဲ ။ ကျွန်မ လာတဲ့အချိန် သူမ ကို မတွေ့ရဘဲ ညနေ ၄ နာရီကျော် ၅ နာရီ ကျွန်မ အဆောင်ပြန်ခါနီးမှ သူမကိုတွေ့ရတယ် ဇာပဝါခေါင်းမှာခြုံပြီး ဝတ်ပြုဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက်....။ အစကတော့ ကျွန်မသိပ်သတိမထားဖြစ်ခဲ့ပါဘူး အမှုမဲ့ အမှတ်မဲ့ ပါပဲ ဒါပေမယ့် တွေ့ရမြင်ရတာ ကြာလာတော့ သတိထားမိလာတယ် ။

ခရစ်ယာန်တွေက များသောအားဖြင့် စနေ တနဂ်နွေပဲ ဘုရားကျောင်းတက်ဝတ်ပြုကြတယ် ဒါပေမယ့် ဒီကောင်မလေးကိုကြ ကျွန်မနေ့တိုင်းတွေ့နေရတယ် စာကြမကျက်ဘဲ ဆုပဲတောင်းနေတယ်လို့ ကျွန်မစိတ်ထဲကတွေးလိုက်မိသေးတယ်...။ တစ်ရက် အဲ့တစ်ရက် ၂ လပိုင်း ၁၉၉၀ ပြည့်နှစ် ..... ကျွန်မ အဖေ ဆုံးပြီတဲ့ အိမ်က ကြေးနန်းစာ ပို့လာတယ် ။ ကျွန်မ အရမ်းဝမ်းနည်းမိတယ် သူငယ်ချင်းတွေရှေ့လဲ မငိုချင်တာကြောင့် ကျွန်မ ဘုရားကျောင်းဘက် ထွက်လာရင်း ဘုရားကျောင်းထဲ ထိုင်ငိုနေမိတယ် ။ ဘယ်လောက်ကြာအောင်ငိုမိနေမှန်းမသိ ကျွန်မ ဘေးနားက ဖြတ်သွားတဲ့ ခြေသံတစ်ခု ကြားတော့မှ ကျွန်မခေါင်းမော့ကြည့်မိတယ် ။ ကျွန်မတွေ့နေကြ ဝတ်ပြုတဲကောင်မလေး သူထိုင်နေကြနေရာကိုသွားပြီး သူလုပ်နေကြအတိုင်းပဲ ဝတ်ပြုဆုတောင်းနေလေရဲ့...။ ကျွန်မလဲဆက်မငိုတော့ဘဲ သူအနှောင့်အယှက်ဖြစ်မှာစိုးလို့ ပြန်တော့မယ်လုပ်တဲ့အချိန်မှာပဲ ကျွန်မ သတိထားမိလိုက်တယ်......။ သူ့ခေါင်းမှာ ခြုံထားတဲ့ ဝတ်ပြုနေကြ ဇာပုဝါအဖြူမှာ သွေးကွက်....။ ကျွန်မလဲ အဖေ့အတွက် ဝမ်းနည်းနေတာတွေတောင်ပျောက်သွားပြီး သွေးကွက်မြင်လိုက်ရတော့ လန့်သွားမိတယ် ။ ဒီလောက်သွေးထွက်နေတာတောင် သူသတိမထားမိဘူးလား မသိဘူးဆိုပြီး အကူအညီ တစ်ခုခုပေးဖို့ သူ့ဆီသွားဖို့ပြင်နေရင်း ပုဝါမှာသွေးတွေပေနေတဲ့အကြောင်း လှမ်း ပြောမိလိုက်တယ် ။ သူကတော့ နောက်ကိုပြန်လှည့်မကြည့်ဘဲ အဲ့ သွေးပေနေတာ နှစ်နှစ်ကျော်ပါပြီ လို့ အက်ကွဲကွဲအသံနဲဲ့ပဲ ပြန်ပြောတယ် ။ သူ့ရဲ့အက်ကွဲကွဲအသံကို ကြားပြီးတဲ့နောက် သူနဲ့ကျွန်မကလွဲပြီး ဘယ်သူမှမရှိတဲ့ဒီဘုရားကျောင်းခန်းမကြီးထဲ ကျွန်မ လဲ စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ ကြောက်သလိုလို အားငယ်သလိိုလို ဖြစ်လာတာကြောင့် ဘာမှမပြောဘဲ ပြေးထွက်လာမိတယ် ။ ဘာမှမစဥ်းစားဘဲ ပြည်လမ်းကနေတဆင့် ကျွန်မအဆောင်ရှိရာ.....လမ်းထဲကိုပဲ ရောက်ချင်စိတ်တွေများနေမိတယ် ။ အဆောင်ထဲဘယ်လိုပြန်ရောက်မှန်း ကျွန်မကို ကျွန်မတောင်မသိလိုက်....။ ချွေးတွေစိုရွဲပြီး မောနေတဲ့ကျွန်မကို သူငယ်ချင်းတွေကဘာဖြစ်လာတာလဲ မေးရင်း ရေတိုက်တော့မှ ကျွန်မ အဆောင်ရောက်နေပြီဆိုတာ သတိထားမိလိုက်တယ်...။ အဲ့နေ့ကစပြီး ကျွန်မ ဘုရားကျောင်းဘက်လုံးဝခြေဦးမလှည့်ဖြစ်တော့...။

နောက် ကျွန်မ နောက်ဆုံးနှစ်ရောက်တော့ မှ ကျွန်မတို့ မြန်မာစာအဆောင်က ကျောင်းစောင့် ဦးလေးကြီးပြန်ပြောပြလို့ သိခဲ့ရတာက အဲ့ကောင်မလေးနာမည်က မ......တဲ့ ရူပဗေဒ တတိယနှစ် တိုင်းရင်းသူလေး ။ ၈၈ အရေးအခင်းကာလအတွင်း ကျဆုံးသွားတဲ့ ခရစ်ယာန်ကျောင်းသားကျောင်းသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲလုပ်ပြီး အပြန်မှာ လုံထိန်းတွေက ရိုက်နှက်ဖမ်းဆီးရင်း ခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်မိပြီး အသက်သေဆုံးသွားတဲ့ ကျောင်းသူလေး...။ သူသေဆုံးသွားပြီးနောက်ပိုင်း ဘုရားကျောင်းမှာ ငိုသံလိုလိုကြားရတာ တခါတလေ ညဘက်တွေ ဂျက်ဆင်ဘုရားကျောင်းထိပ်က လက်ဝါးကပ်တိုင်အနားမှာ အဝတ်ဖြူ ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်ကို တွေ့ရတာတွေ ဖြစ်ခဲ့တယ် လို့ ဦးလေးကြီးပြောပြတော့မှ ကျွန်မ တွေ့တဲ့ ကောင်မလေးနဲ့ဆက်စပ် တွေးမိခဲ့တယ်....။

အဆိုတော် ထူးအိမ်သင်က ဘာကိုရည်ရွယ်ပြီး ရေးဖွဲ့ခဲ့လဲကျွန်မ မသိပေမယ့် ....ဘာကြောင့်လဲကိုယ်မသိခဲ့ပါ ဂျက်ဆင်ထိပ်က လရိပ်ပြာရယ်...ဆိုတဲ့သီချင်းစာသားနဲ့သီချင်းကြားတိုင်း ကျွန်မ ကတော့ ဂျက်ဆင်ဘုရားကျောင်းထဲက ဝတ်ပြုနေတဲ့ကောင်မလေးကို ပြေးမြင်နေ ဆဲပါ...။

( သိထားတဲ့ အကြောင်းအရာတစ်ခုကို ဖတ်၍အဆင်ပြေအောင် ပြန်လည်စာစီထားခြင်းဖြစ်ပါတယ် ကျေးဇူးပြု၍ အဆိုပါအကြောင်းအရာကို သိထားသူများလဲ ကာယကံရှင်များရဲ့ နာမည်များ ဖော်ပြခြင်း မပြုကြပါနှင့်ခင်ဗျာ။ )

#N

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now