86

226 12 0
                                    

တိုက်ခန်းသစ်ကသရဲ

ပထမဆုံးတော့မဟုတ်ပေမဲ့ အကြီးကျယ်ခြောက်ခံရတာ ဒီတစ်ခေါက်ပါ။ ညီမတို့ကနေတာ နယ်မှာနေပါတယ် စီးပွါးရေးကနယ်မှာမို့။မန္တလေးနဲ့ နယ်နဲ့က ၁ နာရီခွဲလောက်ပဲ ကားစီးရတာမို့ တစ်လကို ၁ ခါလောက်တော့လာဖြစ်တယ်။

အခုတစ်ခေါက်ကတော့ အမရဲ့အလုပ်ကိစ္စလာရင်းနဲ့ ညီမတို့ဝယ်ထားတဲ့ တိုက်ခန်းအသစ်အရ ကွက်တိမို့ ညကို တိုက်ခန်းသစ်မှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။အဲ့တာနဲ့ မန္တလေးကိုရောက်တော့မနက်ပိုင်းပါ။ညီမရယ် ညီမရဲ့အမရယ် သူ့အမျိုးသားရယ် သုံးယောက်ဆင်းကြတာပါ။ ဒါနဲ့ တစ်နေကုန်အလုပ်တွေလုပ် သူငယ်ချင်းနှစ်ယောက်နဲ့ သူငယ်ချင်းမောင်လေး စုစုပေါင်းနောက်ထပ်သုံးယောက်နဲ့တူတူ မုန့်စား ရုပ်ရှင်ကြည့် လျှောက်လည်ပြီး ည ၉ နာရီလောက်မှ တိုက်ခန်းကိုရောက်ပါတယ် ။

ရောက်ရောက်ခြင်း ပိုင်ရှင်ဆီ အိမ်သော့ယူ ပစ္စည်းတွေအကုန်ဝိုင်းချ ကြတာပေါ့ ။ စုစုပေါင်း ညီမတို့အဖွဲ့ က မိန်းကလေး ၄ယောက် ယောကျ်ားလေး ၁ ယောက်နဲ့ ၁၀ နှစ်အရွယ်ကလေးရယ်ပါ။ တိုက်ခန်းကအသစ်ပါ။ တိုက်မှာ နေတဲ့သူဆိုလို့ ညီမတို့အောက်ထပ်အခန်းနဲ့ ညီမတို့ဘဲရှိတာပါ။ ညီမတို့တိုက်ခန်းအနေထားကတော့ ၃၀*၅၀ ဆိုတော့မကျယ်မကျဉ်းပါ ။ အခန်းတမင်ဖွဲ့မထားဘဲ hall လိုမျိုး အရှည်လိုက်ပဲထားထားပါတယ်။ ၅ထပ်တိုက်ကိုမှ အခန်းက မြေညီထက်နေဆို ၃ ထပ်မြောက်မှာပါ။ မီးကတော့ ထုံးစံအတိုင်းပျက်ပါတယ် ညီမတို့ပြန်ရောက်ကတည်းကမလာပါဖူး။

ဇာတ်လမ်းက ဒီမှာစတာပါ။ ညီမတို့ အခန်းရောက် ရေချိုးမိုးချိုး ပါလာတဲ့ထမင်းကြော်တွေစား ဘာညာနဲ့ဆိုတော့ ၁၀ နာရီခွဲလောက်မှပဲအိပ်ယာတွေခင်းဖြစ်တယ်။ မီးမလာ တိုက်ခန်းက လေလာတဲ့ဘက်မဟုတ် အရမ်းပူလာတာနဲ့ ညီမရယ် ညီမသူငယ်ချင်းနှစ်ယောက်ရယ် ကလေးလေး ရယ်က ဝရံတာမှာထွက်အိပ်ပြီး အမတို့လင်မယားကတော့ အထဲမှာကဲကျန်ခဲ့ပါတယ် ။ဝရံတာ နဲ့ အတက်အဆင်းလှေကားနဲ့ နီးပါတယ် ။ ကြားထဲမှာတော့ စတီးတံခါးရှိပါတယ် ။

ညီမတို့က အဲ့တံခါးကိုခေါင်းထိုးအိပ်တာပါ။ လှေကားနဲ့နီးပေမဲ့ တံခါးရှိတော့လှမ်းမမြင်ရပါဖူး။ ဝရံတာကနေအခန်းကိုကြဝင်တဲ့တံခါးကိုတော့ဆွဲပိတ်ထားတယ် အထဲကအမက နားညီးလို့ဆိုတော့။ တံခါးအသစ်ဆိုတော့ ဖိပိတ်ရင် ကျစ်သွားတာမျိုးပါ ဟိုလို ကိုင်ရုံနဲ့ကျွီဆိုပြီးမပွင့်ဖူး။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now