60

242 13 0
                                    

စုန်းလုပ်တယ်ဆိုတာတွေကို တကယ်မယုံခဲ့ဘူး
နောက်တော့ မျက်ဝါးထင်ထင်မြင်မှ ယုံလိုက်ရတဲ့ အကြောင်းပြောပြမယ်

ကိုယ်သုံးတန်းနှစ်လောက်က သစ်ထုတ်လုပ်ရေးအကြီးအကျယ်လုပ်တဲ့နေရာမှာ အိမ်က စားသောက်ဆိုင်ဖွင့်တယ်ပေါ့
အဲ့တုန်းက ကိုယ့်ထက် ၅နှစ်၆နှစ်လောက်ကြီးတဲ့အစ်မက အပျိုဖော်ဝင်စကွာ
သူ့ကို စုန်းလုပ်တယ်ဆိုတာတွေတော့ကြားပါတယ်
သူက တခြားမြို့ကို သွားသွားကုတာ
ကိုယ့်စိတ်ထဲတော့ အာပလာလို့ပဲထင်တာ

တစ်ရက်တော့ သူက ချောင်းမှာရေချိုးရင်း ပြန်မလာတော့မှ မူးလဲနေတာတွေ့တာ
အတွေ့မြန်လို့ မမြန်ရင်သေတယ်ပေါ့
အဲ့နေ့က စပြီးတော့ သူက တခြားတစ်ယောက်လိုဖြစ်သွားတာ
တခါတလေ သူတစ်ယောက်တည်း စကားတွေပြောပြီး ရီနေတာ
အဲ့တုန်းက သူဟန်ဆောင်နေတယ်ပဲထင်တာ

အိမ်ခြေကလည်းနည်းတော့ ဆော့စရာဆိုလို့ လဠ်ကွင်းတွေပဲရှိတာ အဖွဲ့လိုက်ဆော့နေကြတုန်း သူရောပါ လာထိုင်လာတာ
ပထမတော့ အကောင်းပဲ ပုံမှန်ပဲ

နောက်တော့ သူ့ဆံပင်သူ လက်နဲ့ဆွဲပြီး

“ကယ်ကြပါဦး ဒီမှာ ဆံပင်ကိုဆောင့်ဆွဲနေလို့” ဆိုပြီး အသံပြဲကြီးနဲ့အော်တာ
ကိုယ်တို့သူငယ်ချင်း တစ်သိုက်ကလည်း ဘာလုပ်ပေးရမလဲမသိဘူး ငယ်လည်းငယ်သေးတော့ ကြောင်နေကြတာ
သူကတော့ သူ့ဆံပင်သူ အားနဲ့ကို ဆောင့်ဆွဲနေတာ
ပါးစပ်ကလည်း ကယ်ကြပါဦး ပဲ ဆက်တိုက်အော်နေတာ
ဘာလုပ်ရမှန်းမသိတာနဲ့ သူ့အဖေကိုသွားခေါ်ကြတာပေါ့ သူ့အဖေကလည်း အိမ်ကိုခေါ်သွားတယ်

နောက်ကျ သူ့ကိုမမြင်ရတော့ဘူး
နေမကောင်းတာ မထနိုင်ဘူးတဲ့
ကြာတော့ သူ့အိမ်က အဲ့လိုအိမ်ကိုခေါ်ပြီးကုတယ်ပေါ့
ဘာလို့ဆို သူက တော်တော်ကို အခြေအနေမကောင်းတာ

ကုနေတယ်ဆိုတော့ မမြင်ဖူးကြတော့ သွားကြည့်ကြတာပေါ့
ပထမရက်တွေကတော့ မေးတာဖြေလိုက် ဘာညာပါပဲ
တစ်ရက်ကျ ကုနေပြီဆိုလို့ စပ်စပ်စုစုသွားကြည့်ပြန်ရော

အဲ့ချိန်မှာ အဲ့အစ်မက ဧည့်ခန်းထဲမှာ ပက်လက်လန် မျက်တောင် တစ်ချက်မှ မခတ်ပဲ ခေါင်မိုးကို တွေတွေကြီး စိုက်ကြည့်နေတာ မျက်လုံးတွေက ပုံမှန်မဟုတ်တာတော့သတိထားမိတယ်

ခဏနေကျ

“အားးးးးးးးကယ်ကြပါဦး ခြေထောက်ကြီးကို ဆွဲနေလို့” ဆိုပြီး အကျယ်ကြီး ထအော်ပါရော

အဲ့ချိန်မှာ သူ့ခြေထောက် နှစ်ချောင်းကလေ အပေါ်ကို မြောက်သွားပြီး အောက်ဘက်ကို တရွတ်ဆွဲကြီးပါသွားတာ

“ဇောက်ထိုးကြီး မဲမဲကြီးက ခြေထောက်ကို ဆွဲနေလို့ပါ” အဲ့လိုကလည်းအော်သေးတယ်

သိတတ်နားလည်တဲ့ အန်တီတစ်ယောက်က အိမ်ပြင်မရောက်ခင် သူ့အနားက အဖြတ်မှာ သူ့အပေါ်ကို ခုန်ထိုင်လိုက်တော့တာ

အပြင်ရောက်ရင် အသေပဲတဲ့

ပြီးကျ သူတော်တော်ကုလိုက်ရတယ်
အဲ့တုန်းကဆို ကိုယ့်မှာ ကြောက်လွန်းလို့ ဘယ်မှကိုမသွားရဲ မလာရဲပဲ

တကယ့်ကို ရှိတယ်ဆိုပြီး လုံးဝကို ယုံသွားတာပါဆို

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now