72

217 12 0
                                    

အိပ်မရတာနဲ့ စာလေးနဲနဲရေးမယ်ဗျာ plz မင်မင်

သက်ြန်တွင်းနယ်ဘုန်းကြီး‌ေကျာင်းမှာ ဦးပဇင်း၀တ်ရင်းကြုံရတာလေးပေါ့
ရန်ကုန်ကနေ4လပိုင်းပထမပတ်လောက် ပဲခူးတိုင်းမင်းလှမြို့ကို ဘုန်းကြီး၀တ်ဖို့သွားပါတော့တယ် 11ရက်၀တ်မယ်လို့ ဆုံးဖြတ်ထားတော့ သက်ြန်မကျခင်3ရက်အလိုလောက်ထဲက သိမ်ဆင်းရဟန်းခံပါတော့ တယ် ကျွန်တော်တို့ဘုန်းကြီးစ၀တ်တော့ ကျောင်းရှိသံဃာဟာ 3ပါးနဲ့ ကျွန်တော်ညီကိုနှစ်ယောက် ဦးဇင်းနှစ်ပါးနဲ့ ညီလေးတစ်ယောက်ကကိုရင်ကြီးပေါ့ စု့စု့ပေါင်းမှ6ပါးပေါ့ ကျောင်း၀န်းကြီးကျယ်တယ် နယ်ကျောင်းတွေဆိုတော့ သစ်ရိပ်ဝါးရိပ်နဲ့ နေလို့အရမ်းကောင်း တော်တော်လေးအေးချမ်းပါတယ် နှစ်ရှည်ခံသီးပင် ဝါးပင်တွေနဲ့ သက်တမ်း150ကျော် ရေတွင်းဟောင်းနှစ်တွင်းရှိပါတယ် ကျောင်းရဲ့ပတ်ပတ်လယ်မှာ လဲ သီဟိုလ်ပင်တွေနဲ့ လယ်ကွင်းများစွာရှိပါတယ် ဒါကတော့ဘုန်းကြီးကျောင်းရဲ့ပတ်၀န်းကျင်ပေါ့ မြို့ကျောင်းတွေနဲ့မတူဘူးပေါ့ ကျွန်တော်တို့က ကျောင်းတိုင်ဘုန်းဘုန်းရဲ့ သိမ်ကျောင်းမှာ အိပ်ပါတယ် ညီကိုသုံးယောက်ပေါ့ သိမ်ကျောင်းရယ် ကျောင်းမကြီးရယ် ဓမာရုံရယ် ထမင်းစားဆောင်ရယ် သက်န်း၀တ်တဲ့ပထမနေ့မှာပဲ ကျွန်တော်ညီက ပူလို့ညဘက်ရေသွားချိုးတာ သူ့စိတ်ထဲတမျိုးကြီးပေါ့ လူပဲဘေးကဖြတ်သလိုသလို ‌ခွေးသို့ ကြောင်ပဲလားပေါ့ မဲရိပ်မဲရိပ်နဲ ဖြတ်ပြေးတာ သူကလဲသိပ်မကြောက်တက်ဘူး ရေချိုးပြီးပြန်လာတာပေါ့အေးဆေးပဲ ကျောင်းတွင်းမှာကိုယ်တွေကလူသစ် ဘုန်းကြီးသစ်တွေဆိုတော့ကျောင်းအထာကိုနားမလည်သေးတော့မကြောက်ကြဘူးပေါ့ ပထမကရက်အေးဆေးညဘက် ဘုရားရှိခိုး ပုတီးစိပ် အိပ် နောက်ရက်ကျတော့ ကျွန်တော်နဲ့ကျွန်တော့်ညီက မသင်ကာလို့ ပြီးတော့ပူတာရယ် ဖုန်းလဲမသုံးရဘူးဆိုတော့ ညဘက် ထွက်ထိုင်စကားပြောကြတယ်ဘာများထူးခြားမလဲပေါ့ ကျွန်တော့်ညီကကွမ်းစားတယ် ကျွန်တော်ကဆေးလိပ်သောက်တယ် ဦးပဇင်းနှစ်ပါး 🤣အဲ့လိုနဲ့စကားစမြည်ထိုင်ပြောရင်းည12ထိုးဖြစ်ခါနီးရော အဲ့မှာစတာ မီးကလဲပျက်နေတော့ကောင်းကင်ရဲ့အလင်ရောင်မှိန်မှိန်လေးပဲရှိတယ် ညီက ဦးဇင်း တဲ့ဓာတ်မီးနဲ့လှမ်းထိုးပြီးပြတာ ဟိုမှာကြည့်လိုက်စမ်းရေတွင်းဘေးနားမှာ အရိပ်ကြီးရပ်နေတယ်တဲ့ ကျွန်တော်ကလဲမကြောက်တက်တော့သေချာကြည့်လိုက်တယ် တကယ်အရိပ်ကြီး လူအရိပ်လို ကြီး ကျွန်တော်ကလဲသိပ်မယုံလို့ အပင်ရဲ့အရိပ်ပါလို့ပြောလိုက်တယ် နောက်ပြီးအဲ့လိုပြောပြီးလို့မကြာသေးဘူး ကျွန်တော်ညီရဲ့ လက်မောင်းပေါ်ကို ရေစက်တွေ လိုမိုးစက်တွေလို ကျလာရော မနဲများတယ် ‌ပူလောင်နေတဲ့အချိန်မှာ ဘယ်မိုးမှမရွာပါဘူးပေါ့ ပြီးတော့နှင်းစက်လဲမဖြစ်နိုင်ဘူး သစ်ပင်နဲ့လဲအဝေးကြီးပေါ့ ငှက်တွေပါတွေ များ သူတို့ပျံရင်း စွန့်ခဲ့တာလားပေါ့ မဟုတ်ဘူးရေတွေခု့ဏကရေးတွင်းလို့ကျွန်တော်တို့စကားသုံးလိုက်မိတယ် ဦးဇင်းတွေနော် နဲနဲလေးခေါင်းမွှေးကထောင်ချင်နေပြီ ကျွန်တော့်ညီဦးဇင်းကတော့တော်‌တော်လန့်နေပြီ မှောင်ကလဲမှောင်တော့ ပြီးတော့ကျွန်တော်စကားလမ်းကျောင်းလွှဲပြီးပြောလိုက်တယ် ဘာမှမဟုတ်ပါဘူးပေါ့ မကြာဘူး ကျွန်တော်ညီဦးဇင်းရဲ့ခုံကိုအနောက်ကနေလာဆွဲတာ အနောက်ကိုယိုင်သွားတယ် ဦးဇင်းတဲ့ ခုံကိုလာဆွဲတယ်တဲ့ ကျွန်တော်ကလဲမယုံလို့ ပလက်ကုလားထိုင် ခြေထောက်မခိုင်လို့နေမှာပါလို့ပြောလိုက်တယ် တော်တော်လေးတော့ခေါင်းမွှေးထောင်နေပြီ ကျွန်တော်ညီက လက်မှာကြက်သီးတွေအပြွတ်လိုက် ထနေပြီ စိတ်ကိုပြန်တည်ညိမ်အောင်ထားတယ် ဘာမှမဖြစ်ပါဘူးပေါ့ ခဏမကြာဘူး ကျွန်တော်တို့ထိုင်နေတာ သိမ်ကျောင်းရှေ့မျက်စောင်းထိုး ကျောင်းမကြီးရဲ့ဘေး အဲ့ဒိကျောင်းမကြီးကလဲအိုနေပြီမို့ အောက်ထပ်ပဲအသုံးပြု့လို့ရတာ ခု့ဏစကားပြန်စပ်မယ် အဲ့လိုဦးဇင်းနှစ်ပါးလုံးခေါင်းကြိမ်းနေချိန် ကျောင်းမကြီးအပေါ်ထပ်က လမ်းလျှောက်သံစကြားရရော ပျဉ်ပြားကို တပ်နင်းတဲ့အခါ သံချက်ကကြွနေရင် အသံမြည်တယ်လေ အဲ့လိုမျိုးမြည်တာ တော်တော်လေးကျယ်တယ် လေးငါးလှမ်းလောက်ရှိမယ် ကျွန်တော်တို့သေချာနားစွင့်နေတယ် ကြွက်လားသို့မဟုတ်ကြောင်လားပေါ့ ကျောင်းမကြီးအပေါ်ထပ်ကိုဓာတ်မီးနဲ့ထိုးကြည့်တယ် ဒုံလဘတ်တွေမလာခင် ကျောင်းမှာကကျောင်းရှိသံဃာက3ပါး ကျွန်တော့်တို့ညီကိုသုံးယောက်နဲ့ဆို အားလုံး6ပါး သိမ်းကျောင်းထဲမှာလဲကျောင်းထိုင်ကြီးနဲ့ ကိုရင်လေးရှိတယ် ဓမာရုံမှာလဲဦးဇင်းနှစ်ပါးကျိမ်းနေ ပြီ အဲ့တာဆိုလမ်းလျှောက်တာကဘယ်သူလဲပေါ့ ကျွန်တော်တို့စဉ်းစားနေပြီ ခေါင်းတွေလဲကြိမ်းနေပြီ မကြာဘူးကျောင်းပေါ်ကနေ‌ နေ့ခင်း‌အအေးကပ်တဲ့ ကော်ခွက်နဲ့ကျောင်းပေါ်ကလှမ်းပေါက်တာ အဲ့တော့မှဦးဇင်း နှစ်ပါး ကျွန်တော်တို့ထပြေးရရော ကျွန်တော်ကတော့မကြောက်ပါဘူး ကျွန်တော့်ညီအရမ်းကြောက်မှာဆိုးလို့ သိမ်ကျောင်းထဲပြန်၀င်ရအောင်လို့ မပြီးသေးဘူး ကျောင်းထဲရောက်တော့လဲ အိပ်ယာထဲ ဘေးပြတင်းပေါက်ကဖွင့်ထားတာ အရမ်းပူလို့ ကျွန်တော်ညီ ဦးဇင်းကတော့င်ဆုံးမှာအိပ်တယ် သူကတော့တော်တော်လန့်သွားတာ သက်န်းကြီးမျက်နာပေါ်အုပ်ပြီးအိပ်တာ အိပ်တယ်ဆိုပေမဲ့တစ်ညလုံးအိပ်မရဘူးကျွန်တော်လဲအိပ်မရဘူး သိတဲ့အတိုင်းမျက်လုံးကအညိမ်နေတာမဟုတ်တော့ ပြတင်းပေါက်ကိုကြည့်မိရော အရိပ်လိုလို ပါလိုဖြတ်လျှောက်ပါလေရော ခြေသံတွေလဲကြားတယ် ကျောင်းတိုင်ကြီးက သက်တော်ကြီးတော့အစောကြီးကျိမ်းတယ် ဦးဇင်းနှစ်ပါးကတော့အိပ်မရတော့ဘူး🤣 ညီလေး ကိုရင်ကအစောကြီးအိပ်သွားတာ သူကမသိလိုက်ဘူး နောက်ရက်တွေ နေရအုံးမှာဆိုတော့သူ့ကိုတော့မပြောပြလိုက်ဘူး မနက်ကျအာရုံဆွမ်းစားပြီး ကပ်ပိယပေါ့ အဲ့ဦးလေးကိုမေးကြည့်တာ ကျောင်းမှာရှိတယ်လို့ပြောတယ်ဧည့်သည် ရှမ်းဘုန်းကြီးတစ်ပါးပျံလွန်တော်မူထားတာတဲ့တစ်နှစ်လောက်ပဲရှိအုံးမယ်တဲ့ သူကကျောင်းမကြီးအပေါ်ထပ်မှာနေတာတဲ့ အပေါ်ထပ်မှာပဲပျံလွန်တော်မူတာတဲ့ ကျွန်တော့်စိတ်ထဲအဲ့ဘုန်းကြီးက သရဲဖြစ်သွားတာလား ဒါမှမဟုတ် အစောင့်ဖြစ်သွားတာလားပေါ့ 3ရက်မြောက်နေ့မှာ ကိုရင်ပါအခြောက်ခံရတာ အပေါ့သွားနေတုန်း Toilet မှာလေ၀င်လေထွက်ကောင်းအောင် အပေါက်ပေါက်ထားတယ် တြိဂံ အပေါက်လေးတွေရှိတယ် အဲ့ပေါက်ကနေ ကိုရင်ကိုမျက်လုံးပြူးပြလို့တဲ့ ကိုရင်ပြေးပြီး လာပြောတာ ချွေးတွေပြန်ပြီး🤣 ကျောင်းတိုင်ကြီးကသိတော့သိတယ်ကျွန်တော်တို့ကိုဘာမှမပြောပြဘူးနောက်ရက်ကျမှ ဒုံလဘတ်တွေ 25ပါးလောက်လာ၀တ်ကျတယ် အဲ့နောက်ပိုင်းကတော့ညိမ်သွားပါတယ် အမှတ်တရလေးတစ်ခု့အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်ဗျာ မှားတာရှိရင်၀ဏာမိပါ
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now