48

253 14 0
                                    

#ခွေးသရဲ
ငယ်ငယ်တုန်းက ကိုယ်တွေ့ပါ
အဲတုန်းက ၇တန်းမှာ ကျုရှင်တက်ရ​ေတာ့ ကျူရှင်က အစိုးရရုံးဝင်းတခုကို ပတ်ပြီး သွားရတာပေါ့
ဝန်ထမ်းအိမ်ယာမို့ အိမ်လေးတွေနားပဲ ခြုံရှင်းကြတယ်
ဘေးပတ်လည် စည်းရိုးတွေက ခြုံနွယ်ပိတ်ပေါင်းအပြည့်ပဲ ညဆို မီးတိုင်မရှိ မှောင်မဲနေတာ
​ဒါကြောင့် ကျူရှင်အပြန်ဆို လမ်းတူတဲ့သူ နီးတဲ့သူစုပြန်ခိုင်းတာ ပြန်ခိုင်းရတဲ့အကြောင်းကလဲ ရုံးဝင်းထဲက အိမ်က ဦးလေးကြီးတယောက် ဆုံးပြီး မကြာဘူး သူ့အိမ်ကိုစွဲပြီး ညဆို ဆေးလိပ်ဖွာပြတာရယ် လူပြောများနေတာကိုး
ကိုယ်တွေကပြန်ရင် အဲလမ်းကပြန်ရမှာမို့ ဆရာမက သေချာစုပြန်ခိုင်းတယ် အဲခေတ်ကလဲ နယ်ဘက်မို့ ၉၆၉၃ ပဲ အိမ်ကလိုက်မပို့ဘူး 😅
ကျူရှင်မှာလဲ အဲအိမ်က ဦးလေးက ဘယ်သူ့ကိုခြောက်တယ် ဘာညာ သူငယ်ချင်းတွေကြားထဲရေပန်းစားနေရော
မှတ်မှတ်ရရ အဲ ဖြစ်မယ့်နေ့ ( ခြောက်ခံရတဲ့) က ကိုယ်က အမတွေရဲ့အကျဝတ်ရသူမို့ အွန်စောစကပ်လား ဘာလဲ ခေတ်စားတာ စကပ်အကွက်ကြီးကိုမှ အသားကလဲ သိုးမွှေးသားဂွမ်းသားလို ထူထူကြီး ဝတ်ချထားတာ( အဲတုန်းကတော့ တအားလှတယ်ထင်😁)
အဲစကပ်ကြီး ဝတ်ပြီးကျူရှင်ထဲအလာ ဆရာမအိမ်ကဘဲငန်းက နောက်ကလိုက်ထိုးရော စကပ်အထူကြီးဝတ်တော့ ဘဲငန်းထိုးတာမသိဘဲ ခပ်တည်တည်လမ်းလျောက်
သူငယ်ချင်း တွေက သတ္တိရှိလှချီလား မေးရော 😂
အာ့နဲ့အပြန်ကျ အဲစကပ်ကြီးနဲ့ မို့ လမ်းလျောက်ရအဆင်မပြေဖြစ် နောက်ကျန်နေခဲ့တာ အဲခြောက်တဲ့ အိမ်ဘက်သတိတရလှမ်းကြည့်လိုက်သေးတယ် ဘာမှမရှိဘူး
ဒါနဲ့အေးဆေးပေါ့ ဒီမှာပဲ သူငယ်ချင်းတေက နောက်လှည့်ကြည့်ပြီး နင်မြန်မြန်လာလေ ပြေးခဲ့နောက်မှာ ခွေးကြီး ခွေးကြီး လှမ်းအော်တာ
ကိုယ်ကလဲ ညနေကျူရှင် မှာတောင် ဘဲငန်းထိုးတာဘလိုမှမနေတော့ ဒီစကပ်နဲ့ကိုက်မရဘူးပေါ့
မကြောက်မလန့် လက်တောင်လှမ်းပြလိုက်သေး အဲမှာ အကြောက်လွန်မ တွေက နောက်ကျတဲ့ခြေထောက်သစ္စာဖောက်နဲ့ တဖုံးဖုံးပြေးကြရော
ကိုယ်လဲအဲကျတယောက်ထဲကျန်မှာကြောက်တယ်လေ ဟဲ့... နေဦး စောင့်ဦးနဲ့အော်ရင်း နောက်လှည့်ကြည့်လိုက်တာ နောက်မှာအမလေး ခွေးမဲကြီး..
ကြီးတာမှ အဲအရွယ်မြင်ဖူးသမျှခွေးထဲ ကြီးလိုက်တာပဲ
မျက်စိကြီးက အနီကြီးနဲ့ သရေတေလားဘာလားအရေတေတလစပ်ကျပြီး ပါးစပ်ကြီးဟ လို့
လူလဲ ကိုယ့်နောက်အနီးကပ်မြင်ရော တအားလန့်ပြီး အော်ပြေးတာ စကပ်ကြီးလဲ ပေါင်လောက်ထိကိုမ ပစ်ပြီးပြေးတာ မှောင်ထဲ ပစ်လဲပါရော
လဲတာကို အတင်းကြုံးထပြီး ပြေးမယ်လုပ်တုန်း ရှေ့ကပြေးနှင့်သူတွေရဲ့မိဘတွေ အလာနဲ့တိုးတော့ ဘာဖြစ်တာလဲဘာညာနဲ့ ဓာတ်မီးနဲ့ထိုးလိုက်တာ ဖျတ်ကနဲပျောက်သွားရော ချက်ချင်းမီးရောင်အောက်မှာ
အဲကျမှ လူကြီးတွေကအိမ်လိုက်ပို့ပေးပြီး ပရိတ်ရေတွေတိုက် ဆေးလိမ်း လုပ်ပေးသွားတာ
အဲတုန်းက လဲလို့ ဒူးခေါင်းကြီးပွန်းသွားတာအမှတ်တရပါပဲ သူများတွေ ဆေးလိပ်မီးဖွာပြပေမယ့် ကိုယ်တွေကျ ခွေးသရဲကြီး 😬

(p.s အကြောင်းသိတဲ့မိန်းမတေ လာမမန့်နဲ့နော် အဲတုန်းကတအားရှက်ပေမယ့် ခုတော့ရီစရာလေးပါ😁)
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now