35

257 14 0
                                    

ကျမ ဖြစ်စဉ်လေး ရေးပြပါအူးမယ်..

ကျမအသက်15နှစ်လောက်ကပေါ့။အဖေနဲ့ အမေက အိမ်၀င်းမပ်ုင်တော့ ခဏတိုင်း အိမ်ပြောင်းရတယ်။
အိမ်ငှား ဘ၀နဲ့ ဟိုအိမ်ပြောင်းသည်အိမ်ပြောင်းနေလာလိုက်တာ ကျမအသက်15နှစ်ရှိတဲ့ အထိပါဘဲ။

အရင်အိမ်က အိမ်ငှားခဈေးတတ်လိုက်လို့ သက်သာတဲ့အိမ်လေး တစ်ခုကိုပြောင်းဖို့ ကျမတို့ထုတ်ပိုးသိမ်းဆည်း ပြီး ရွှေ့ခဲ့ကြသည်ပေါ့။

အိမ်ပုံစံက ထပ်ခိုးလေးပါတဲ့ တစ်ထပ်အိမ်လေး။အပေါာထပ်မှာ ဘုရားစင်နဲ့ ကျမက ဘုရားစင်ရှေ့အိပ်မယ်ဆို နေရာယူပလိုက်တာပေါ့။

အောက်ထပ်ကအခန်းမှာ အမေရယ်အဖေရယ် ကျမညီမပေါက်စနှစ်ယောက်ရယ် နေကြတာပေါ့။

‌သည်လိုနဲ့1လလောက်အထိ ဘာမှထူးထူးခြားခြား မဖြစ်ဘူး။
အဖေက ဈေးသည်ဆိုတော့ မနက်အစော3နာရီဆို ဈေးရောင်းဖို့ ထရတော့ စားပွဲခုံပေါာမှာ ဆေးလိပ်ပြာတွေ တွေ့တော့ (ကျမအဖေက အရက် ဆေးလိပ် ကွမ်း လုံး၀မသောက်မစား)တတ်သူမို့ အဖေ ဒါတေက ဘာတေလဲ လို့မေးတော့ အဖေက ခြင်ဆေးက ပြာနေမှာ ငါ့သမီးဆို အမှုမဲ့အမှတ်မဲ့ဘဲ နေလိုက်မိတယ်။

နောက်သတိတစ်ခုထားမိလာတာ က ‌ လှေကားက လူတတ်တဲ့အခါ ထပ်ခိုးကပါလှုတ်တပ်တော့ လူတတ်လာရင်တန်းသိနေတာမျိုး။

အဖေနဲ့အမေ ဘုရားစင်ရှေ့ရှိခိုး ကိုယ်ကစာကျက်နေရင် လှေကားက တစ်ယောက်ယောက်တတ်လာသလိူ တစ်လှုပ်လှုပ်နဲ့။

အဖေနဲ့အမေကတော့ သတိထားမိပေမယ့် ကိုယ်ကြောက်မှာစိုးလို့ အဖေက အိမ်ကသိပ်မခိုင်ဘူး တေဘာတေ အာရုံတေလွှဲတာပေါ။

တစ်ရက် ကျမ သည်မြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဖူး။အခုကျမအသက်36နှစ်ထိ အခုရေး အခုထိမြင်တုန်း။

ညသန်းခေါင် ကျမက အိပ်ရေးမက်တဲ့သူ အိပ်ရင်တစ်ခါမှ မနိုးဖူး။တစ်ကျိုးထဲအိပ်တတ်သော ကျမက သန်းခေါင်2ချက်တီးကြီး အကြောင်းပြချက် မရှိ ထနိုးလာတာ။ဆောင်းတွင်းဆိုတော့ အေးကအေး စောင်ကြီးခြုံပြီး အောက်ထပ်က အဖေ့ရဲ့သွားကျိတ်သံ အမေ့ရဲ့ ဟောက်သံတေကြားနေရ။

ကျမနိုးနိုးခြင်း တစ်ယောက်ယောက်က ကျမကိုစိုက်ကြည့်နေသလို မသိုးမသန့် ခံစားရလို့ ဘုရားစင်ကိုမော့ကြည့်လိုက် ဘယ်ဘက်ကြည့်လိုက် ညာဘက်ကြည့်လိုက်နဲ့။

ထပ်ခိုးကဟောဆိုတော့ လှေကားက တတ်ရင် ကျမ အိပ်တဲ့နေရာနဲ့ကွက်တိ ဘာအခန်းမှမရှိ ဘုရားစင်အောက်မှာကျမဘဲ

နောက်ဆုံး ကျမခြေရင်းကို စိတ်မသန့်လို့ လှမ်းအကြည့် ခြေရင်းက လှေကားဘက်ကို ခြေထောက်ချ ပြီး ကျမအိပ်တဲ့နေရာကို မျက်နှာလှည့်ထိုင်နေပြီး ပြုံးပြပြီး စိုက်ကြည့်နေသော အရာတစ်ခု

မတအားကိုကြောက်လွန်းလို့ အသက်ရှူသံပါ မထွက်ရဲ စောင်ခေါင်းမူးခြုံးပီး အောက်ကအမေတို့ကိုလည်းမအော်ရဲ့

ပြုံးပြုံးကြီးကလည်း ဆက်ကြည့်နေတာ အကြည့်မလွှဲသေးတာကို ဂွမ်းစောင်အပေါက်ကလေးကနေ (စောင်ကပေါက်)ချောင်းကြည့်လိုက်သော ကျမ

ဘုရားစားတေပေါက်ကရ ရွတ် အစီလိုက်တေမဟူတ်ဘဲ ပါးစပ်က ဘာတေရွတ်မှန်းမသိ တတိယအကြိမ်ပြန်ကြည့်တော့ လှေကားရင်းမှာမရှိတော့ကာမှ သက်ပြင်းတေချပြီး ချမ်းနေတဲ့ဆောင်းတွင်းကြီးမှာချွေးပြိုက်ပြိုက်ကြရင်း

တစ်ဆောင်းတစ်ည ကိုဖြတ်သန်းခဲ့တုန်းကပေါ့။

သင်လည်း ခြေရင်းကို မကြည့်မိပါစေနဲ့😬😬😬
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now