151

186 8 0
                                    

ကဲ... ညလည်း ရောက်ပီဆိုတော့ ထုံးစံအတိုင်း ကြောက်ရမဲ့အချိန်ရောက်လာပီပေါ့ဗျာ 😁
ဒီအကြောင်းကို မနေ့က Intro လောက်လေးတော့ တင်ထားပီးပီဗျ Intro လေးကိုတော့ Cmt ထဲက Link မှာ ပေးခဲ့မယ် အဲ့ဒါ အရင်ဖတ်ပီး ဒီဟာလေးကို ဖတ်ရင် ပိုပီးဖတ်လို့ကောင်းမှာပါ တကယ် ကျွန်တော့ကို သရဲ တွေ သဘက်တွေဆိုတာ စာအုပ်ထဲမှာမဟုတ်ပဲ အပြင်လောကမှာ ရှိပါလားဆိုတာ ကျွန်တော့ကို သက်သေပြသွားတာပဲဗျာ
ဒီစာကို ခေါင်းစဥ်တပ်ရရင်
*ကျွန်တော်နဲ့ နှစ်၂၀သက်တမ်းရှိတဲ့ သရဲ အကြီးစားကြီး*
လို့ နာမည်ပေးရတော့မှာပဲဗျ.. အာ.. နိဒါန်းကရှည်နေပီ
ဇာတ်လမ်းက စပီဗျာ

ကျွန်တော် ၃တန်းလောက်မှာ ကျွန်တော့အဖိုးက သူရှိတဲ့ မြို့မှာ ကျောင်းလာတက်ဖို့ ကျွန်တော့ကို အဖေနဲ့အမေ့ဆီကနေ ခေါ်လာတာခမျ.. တိုက်ခန်းဆိုတာ အဲ့တော့မှ နေဖူးတာ အဖိုးတို့က အချမ်းသာကြီးမဟုတ်ပေမဲ့ စားနိုင်သောက်နိုင် ထဲက ပဲ ဗျ ကျွန်တော့ကခြေမွှေးမီးမလောင် လက်မမွှေး မီးမလောင် တချက်ကလေးတောင် မခိုင်းရက်တဲ့ အချစ်တော် မြေးဦးလေးပေါ့ဗျာ

တိုက်ခန်းမှာ ကျွန်တော်တို့ ၆ယောက် နေကြတာဗျ
အဖိုးရယ် အဖွားရယ် အဖိုးရဲ့ အစ်မ အပျိုကြီးရယ်
အဖွားရဲ့ ညီမ အပျိူကြီးပဲ ပြောရရင် ဖွားလေးပေါ့ ပီးရင် ကျွန်တော့ အဒေါ်ရယ် နောက်ဆုံး မြေးဦးလေးကျွန်တော်ရယ်ပေါ့ဗျာ

အဒေါ်နဲ့ ဖွားလေးတို့က စျေးမှာ လဖက်ဆိုင်ဖွင့်ထားတော့ မိုးလင်းကနေမိုးချုပ် အိမ်မှာ မရှိတာများတယ် အဖိုးက စျေးသိမ်းချိန်ဆို သူတို့ကို သွားကြိုနေရတော့ ည ၇ နာရီလောက်မှ အိမ်ကို အကုန်ပြန်ရောက်လာကြတာ
ဖြစ်ပုံက ကျွန်တော် စရောက်ကတည်းက ဖြစ်နေတာ
တစ်ရက်သော ညနေတစ်ခုပေါ့ဗျာ
တစ်အိမ်လုံး စျေးက ပြန်မလာကြသေးတဲ့အချိန် မီးကလည်းပျက်နေတော့ အဖွားက ဝရံတာလေးမှာ ထမင်းခူးပီး ကျွန်တော့ကို ခွံကျွေးနေတာဗျ ကျွန်တော်သိပ်ကြိုက်တဲ့ ဝက်သားဆီပြန်ကို အသားချည်းပဲ.. အဲ့မှာတင် စားနေရင်း အိမ်နောက်ဖေးရေချိူးခန်းထဲကနေ ရေဇလုံ အလွတ်တွေ ပုံးတွေကို ဝုန်းဒိုင်းနဲ့ ကိုင်ပေါက်သလို အသံတွေက တိုကိခန်းဝရံတာ အထိ အတိုင်းသား ကြားနေရတာဗျ.
ကျွန်တော်လည်း ကြားတယ် အဖွားလည်းကြားတယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အဖွားက ခဏလေး မြေးလေးတဲ့ အိမ်ထဲကို ကြောင်တွေများ ခိုးဝင်သလား
အဖွားသွားကြည့်ဦးမယ်ဆိုပီး ထသွားရော.. မကြာပါဘူး အဖွား ပြန်ရောက်လာတယ်.. အဖွားမျက်နှာက မျက်စိပျက် မျက်နှာပျက်ဖြစ်နေတာ.. အဖွားကလည်း သရဲကြောက်တတ်တယ်ဆိုတာ နောက်မှ သိသကိုး
ကျွန်တော်က အဲ့အရွယ်တည်းက မျက်နှာရိတ် မျက်နှာကဲ သိပ် ခတ်တတ်တဲ့ကောင်ဆိုတော့ အဖွား မျက်နှာ ပျက်လာတာ သိတာပေါ့ အဖွားက ဘာမှမပြောပဲ ဘေးနားပြန်ထိုင်ပီး ထမင်းဆက်ခွံနေရောအချိန်က ၆နာရီကို ကျော်လာခဲ့ပီ
အပြင်ကို ဝရံတာက ကြည့်ရင် မီးကလည်းပျက် လူလုံးလည်း မကွဲတော့တဲ့အချိန်ပေါ့.. မကြာပါဘူး ရေချိုးခန်းထဲက အသံတွေ ထပ်ကြားရပြန်ရော 😕
အဲ့မှာ အဖွားက နေရာကနေ ထကို မထတော့တာ ကျွန်တော့ကိုလည်း မြေးလေး နောက်ဖေးကို မသွားနဲ့တဲ့ ထမင်းကိုပဲ ကုန်အောင်စားရမယ်ဆိုပီး ထမင်းချည်း လှိမ့်ခွံ့တော့တာပဲဟေ့. ကိုယ်က လည်း ကြိတ် တာ ကြိတ်တာ
အဖွားကို ဘာဖြစ်လဲတောင် မမေးဘူး 🤣
မကြာပါဘူး အိမ်ကို စျေးကလူတွေ ပြန်ရောက်လာကြရော
သူတို့လည်းပြန်အရောက် မီးက အလာ ကွက်တိပဲ 😁
လဘက်ဆိုင်မှာ အလုပ်လုပ်တဲ့အကိုကြီးက အရင် အိမ်ထဲ ဝင်လာတာ သူဝင်လာမှ အဖွားက ဝရံတာက ထပီး ပန်းကန်သွားဆေးတယ် ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နဲ့ နောက်ဖေးလိုက်သွားပီး ေရချိူးခန်းကို ကြည့်တော့ ေရဇလားတွေ ရေပုံးတွေက သူ့နေရာနဲ့သူ
အဲ့မတိုင်ခင်က ရေတွေ ဖွင့်ချလိုက် ဒန်ဇလားတွေကို ဝုန်းဒိုင်းလုပ်နေတဲ့အသံတွေ ကြားနေရတာ အခုရေချိုးခန်းထဲ ဝင်ပီး ကြမ်းပြင်ကို လက်နဲ့ ကိုင်ကြည့်တာ ရေတစက်မှကို မရှိတာဗျာ ဘုရားစူး ရေချိုးခန်းကြမ်းပြင်က ခြောက်ကပ်နေတာ ဒန်ဇလားတွေကလည်း ကျွန်တော် မ. ကြည့်တာ တော်တော် မ. ရတယ် အလေးကြီးတွေ အဲ့ဒါကို
ဘယ်ကြောင်တွေကများ ဝုန်းဒိုင်းလုပ်ပီး ရေဘုံမိုင်တွေကိုတောင် ဖွင့်နိုင်မလဲဆိုပီး ကျွန်တော် အဲ့အချိန်က ခလေး အတွေးနဲ့ တွေးခဲ့မိတာတော့ အမှန်ပါ.. ဇာတ်လမ်းက အဲ့နေ့တည်းက စတာပါ..
အဲ့နောက်ရက်တွေဆို လုံးဝ အေးဆေး ငြိမ်နေရော ဘာသံမှကို မကြားတော့ဘူး ဒီလိုနဲ့ ရက်ကို လ .စား လကို နှစ်စားပီး ဗြုန်းဆိုပီး ကျွန်တော် ၄တန်းရောက်ပါရောလား

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now