16(7အဆက်

331 20 0
                                    

အပိုင်း (၄)

''မမ ဖမ်း... ဖမ်း အဲ့ဒီဘက်မှာ...''

ညီမလေးက သူခုန်ဖမ်းလိုက်တဲ့ ယုန်ကလေးလွတ်သွားပြီး ကျမဘက်ပြေးဝင်လာလို့ လေးဘက်ထောက်လဲရာကနေ မထနိုင်သေးဘဲ အော်တယ်...
ကျမ ဂါဝန်ကို ဆွဲကားလိုက်ပြီး ယုန်ပြေးလာတဲ့ လမ်းတည့်တည့်မှာ ဒူးထောက်ထိုင်ချလိုက်တယ်၊ ယုန်ဆိုတဲ့အမျိုးဟာ အရှိန်နဲ့ပြေးနေရင်းဘယ်တော့မှ လမ်းကြောင်းမပြောင်းကြဘူးလေ၊ အင့်ကနဲ့ကျမပေါင်ကြားထဲဝင်တိုးလာတဲ့ ယုန်ကိုဖက်ပြီး ကျမဝပ်ချလိုက်တာပေါ့...

''မိပီ မိမီ... ဟီး ဟီး ဟီး''

ညီမ​လေးက ခုနလဲနေတဲ့နေရာမှာတင် ခြေပစ်လက်ပစ်ထိုင်ချပြီး ယုန်ကိုဖက်လျက်ဝပ်နေတဲ့ ကျမဖြစ်နေပုံကို ကြည့်ပြီး တဟားတဟားအော်ရယ်နေတယ်လေ...

''ရီမနေနဲ့ လာယူ... ဒီမှာ''
''ငယ် ထလို့မရဘူး... ဒူးခေါင်းစုတ်သွားပြီ... နာတယ်''
''​မမ လဲထလို့မရဘူးလေ... လွတ်သွားမှာပေါ့''

ကျမတို့တယောက်ကိုတယောက်စိုက်ကြည့်ပြီး ခနတွေဝေနေသေးတယ်၊ ယုန်ကလေးက မျက်စိသူငယ်နဲ့ ကြောက်လွန်းလို့ တုန်နေရောပဲ...

နောက်မှ ညီမ​လေးကစပြီး လွှတ်လိုက်ပါဟာ၊ သနားပါတယ်တဲ့...
ကျမက သိပ်မကျေနပ်တဲ့ပုံနဲ့ ပြီးရောလို့ပြောပြီး ကိုယ်ကိုမတ်လိုက်တာနဲ့ ယုန်ကလေးဟာ ကျမဗိုက်ကို ခြေကန်ပြီး ခြံနောက်က မြယာပင်တွေထဲ လှစ်ကနဲ ဝင်ပြေးသွားတော့တယ်...၊

''သနားပါတယ်နော်... ပျော်သွားလိုက်တာကြည့်ပါအုံး''
ကျမက မျက်စိတဆုံးလိုက်ကြည့်နေရင်း ပြောလိုက်တယ်၊
''....''
ညီမလေးဆီက ဘာသံမှ မကြားရလို့ လှည့်ကြည့်လိုက်တော့ ခုနထိုင်နေတဲ့နေရာမှ မရှိတော့ဘူး...
ကျမထရပ်ပြီး ဂါဝန်က မြတ်ခြောက်စတွေ ဖုတ်တွေခါရင်း ဘေးဘီဝဲယာ လှည့်ရှာနေမိတယ်၊ ခြံဝန်းကြီးဟာ ပကတိလူသူမရှိ... အရိပ်အယောင်တောင်မမြင်ရ...
အိမ်ထဲဝင်ပြေးသွားတာများလား...ခုနပြောတော့မထနိုင်ဘူးဆို... အိမ်နဲ့က ပေ ၁၀၀ လောက် ဝေးတဲ့ဟာကို...

တ​ယောက်ထဲပွစိပွစိရွတ်ရင်း ဖိနပ်တဖက်စီလက်ကောက်ဝတ်မှာထိုးလျှိုပြီး အိမ်ဘက်ကိုလျောက်လာခဲ့တဲ့ ကျမနားထဲမှာ အော်သံတခုခု ကြားလိုက်ရသလိုမို့ တုံ့ခနဲ့ရပ်ရင်း နားစွင့်ကြည့်တော့ မြင်းဇောင်းဘက်က မြင်းဟီသံတွေ တချက်တချက်ကြားရတယ်... မဟုတ်ဘူး ငါခုနကြားလိုက်တာ ဒါမဟုတ်ဘူး... ခနငြိမ်နားထောင်နေပြီး ဘာမှထပ်မကြားရလို့ ကျမ ခြေလှမ်းပြန်စမယ်အလုပ်မှာ နာကျဥ်လွန်းလို့ စူးစူးဝါးဝါး အော်ချလိုက်တဲ့ အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ဆွဲလှုပ်လိုက်တဲ့အလား ...
အိမ်ဖက်က အသံ...
ဒါ...အပေါ်ထပ်ကလာတဲ့အသံ... ငါတို့အခန်းထဲက...

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now