149

162 8 0
                                    

ခံနိုင်ရည်ရှိအောင်ကျင့်ပါ ( ၂ )

အရမ်းရှည်သွားမှာစိုးလို့(၂)ပိုင်းခွဲလိုက်တာပါရှင်
ငယ်ငယ်ထဲကအဖွားကအမြဲသွန်သင်ဆုံးမပါတယ်
သုများကကိုယ့်ကိုလာလုပ်ရင်ပြန်မလုပ်ဘို့
မေတ္တာထားတတ်ဘို့ ကိုယ်ကမေတ္ထာဓါတ်ကြီးမားရင်
လာစော်ကားတဲ့သူကသူ့ဒါဏ်သူခံရပါလိမ့်မယ်
ကိုယ်ကခံနိုင်ရည်ရှိဘို့ဘဲလိုတယ်လို့သွန်သင်ခဲ့တာပါ
ဒါပေမယ့်သားသမီးနဲ့ပတ်သက်လာတော့စိတ်က
ပေါက်ကွဲပြီးပါးစပ်ကပြောမိတာပါ ဖြစ်ရကောင်းစေလို့
မရည်ရွယ်မိပါဘူး အဲဒါနဲ့ကျမအမျိုးသားက OG နဲ့
ပြန်ပြခိုင်းတဲ့အခါခွဲစိတ်ရမှာဖြစ်တဲ့အကြောင်းနဲ့
ခွဲစိတ်ဆရာဝန်ကောင်းကောင်းနဲ့ရှာခွဲဘို့မှာလိုက်ပါ
တယ် ကျမအမျိုးသားကရန်ကုန်ဆင်းပြီးခွဲစိတ်ဆရာဝန်
နဲ့ညိှနေတုန်းယောက်ခမကသူ့မြို့မှာဘဲခွဲလိုက်ပါတယ်
သူတို့မြို့မှာခွဲတဲ့အခါခွဲပေးတဲ့ဆရာဝန်ကဗိုက်ကိုဖွင့်
ပြီးမှပြန်ပိတ်ပြီးရန်ကုန်သွားခိုင်းလိုက်ပါတယ်
ဒီတစ်ခါမဖြစ်မနေရန်ကုန်လာရမယ်ဆိုတော့ကျမတို့
အိမ်ကိုမဝင်တော့ဘဲဆေးရုံကိုဘဲတန်းတက်ချင်တယ်
ဆိုတာကြောင့်ကျမတို့အားလုံးဆေးရုံကဘဲသွား
စောင့်ကြပါတယ်  ကျမကိုမြင်ရင်ရောဂါတိုးမလား
တွေးမိပေမယ့်ဝတ္တရားအရကျမကလည်းမလာလို့
မဖြစ်ပြန်ပါဘူး  အစာမဝင်လို့ပိန်လှီဖျော့တော့နေတဲ့
သူ့အဖွားကိုမြင်တဲ့အခါသားကြီးကစိတ်မကောင်း
ဖြစ်ပြီးလက်လေးတွေဆုပ်ကိုင်ပြီးအားပေးလိုက်
ပေမယ့်စိတ်လည်းဆိုး မာန်လည်းရှိနေတဲ့သူ့အဖွား
ကရုန်းပြီးလက်ကိုပုတ်ထုတ်လိုက်တာကြောင့်ကျမက
မျက်ရိပ်ပြဖယ်ခိုင်းလိုက်ရပါတယ်  ရင်းနှီးပြီးနံမည်ကြီး
တဲ့ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ခွဲဘို့ပြင်ပြီးဗိုက်ကိုဖွင့်လိုက်
ချိန်မှာဗိုက်ထဲကအလုံးကြီးဟာသာမာန်အလုံးကြီး
မဟုတ်ဘဲဓါတ်ကင်တဲ့အရှိန်ကြောင့်အူတွေထွေးပြီး
အလုံးကြီးဖြစ်နေတဲ့အပြင်အချို့သောအူတွေကဝမ်း
ဗိုက်နံရံမှာပါကပ်နေကြတာပါ ဒါကြောင့်မို့ဒီတစ်ခါလည်း
ဗိုက်ကိုပြန်ပိတ်ပြီးအိမ်ကိုအသက်နဲ့ပါအောင်သယ်ဘို့
ပြင်ကြရပါတယ်  လူနာကအိမ်မှာဘဲနောက်ဆုံးခရီး
ကိုဖြတ်သန်းချင်တယ်ပြောလို့ပါ ရှင်  ရင်တမမနဲ့အိမ်
ကိုပြန်သယ်ခဲ့ပေမယ့်ဆရာဝန်တွေခန့်မှန်းတာအားလုံး
လွဲပြီး( ၆ )လလောက်နောက်ထပ်နေသွားခဲ့ပါတယ်
အဲဒီ( ၆ )လအတွင်းမှာတော့အူပွင့်တဲ့အချိန်မှာအရည်
လေးဝင်အောင်သောက်နိုင်ပြီးကျန်အူပိတ်ချိန်တွေမှာ
drip သွင်းပြီးအသက်ဆက်ခဲ့ရပါတယ် အဲလိုနဲ့ကွယ်လွန်
မယ့်နေ့မနက်မှာဘေးမှာထိုင်နေတဲ့ကျမတို့လင်မယား
ကိုစကားတစ်ခွန်းပြောလိုက်ပါတယ် ..ငါေ-ရင်မလာနဲ့
ဆိုတာပါဘဲ  ကျမတို့လည်းဝန်ထမ်းတွေမို့ပြန်လာခဲ့
ကြပါတယ် နေ့ခင်းဘက်အိမ်ပြန်ရောက်ပြီးသိပ်မကြာ
ခင်ဘဲ ယောက်ခမဆုံးပြီလို့ဖုန်းဝင်လာလို့အမျိုးသား
ကပြန်သွားပြီးကျမကတော့သူ့စကားအတိုင်းအိမ်မှာ
ဘဲနေခဲ့ပါတယ် အဲဒါနဲ့ရက်လည်ပြီးနေ့ညမှာကျမအိပ်
ပျော်နေတုန်းအိပ်မက်မက်ပါတယ် အိပ်မက်ထဲမှာ
ယောက်ခမဟာကျမတို့နယ်အိမ်လှေခါးကနေတက်ပြီး
အိမ်ထဲဝင်လာနေပါတယ် အဲဒီအချိန်မှာစားပွဲပေါ်အလှ
တင်ထားတဲ့သားကြီးနဲ့သားငယ်ရဲ့ဓါတ်ပုံမှန်ဘောင်
လေးဟာခွမ်းဆိုအောက်ကိုပြုတ်ကျပြီးကွဲသွားတာမို့
ကျမလည်းလန့်နိုးလာပါတယ် ကွဲနေတဲ့ဓါတ်ပုံမှန်
ဘောင်တွေကိုသိမ်းရင်းနဲ့….အမေ ..စိတ်လျှော့ပါ
အမေနဲ့ဘဝတွေလည်းခြားပါပြီ ဒီအိမ်ကိုလာခွင့်လည်း
မရှိတော့ပါဘူး လာခွင့်လည်းမပေးနိုင်ပါဘူး
ကိုယ်ပြုထားတဲ့ကုသိုလ်ကောင်းမှုနဲ့ထိုက်တန်တဲ့ဘုံ
ဘဝကိုစိတ်ဖြောင့်ဖြောင့်သွားပါတော့လို့ပြောလိုက်
ပါတယ် အဲဒီနောက်ပိုင်းတော့ဘာမှမမြင်ရ မကြားရ
တော့ဘဲအေးချမ်းသွားပါတယ်  ကျန်ခဲ့တဲ့မိသားစုဝင်
တွေကတော့ကျမဝယ်သွားပေးတဲ့အစားအသောက်
တွေ လက်ဆောင်ပစ္စည်းတွေ စား-မစား သုံး-မသုံး
ကျမမသိပါဘူး မေးလည်းမမေးပါဘူး ဝတ္တရား
အတိုင်းတော့သွားတဲ့အခါဝယ်သွားပေးပါတယ်
ဒီလိုမျိုးကြုံဆုံခဲ့ရတာမို့တိုက်ဆိုင်လို့ဘဲဖြစ်ဖြစ်
နောက်ကိုဒီလိုမျိုးကျိန်စာမတိုက်မိဘို့တော့ဆုံးဖြတ်ပါ
တယ် ကျမကလေးတွေရဲ့အိမ်ထောင်ဖက်တွေကိုလည်း
သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဘဲရွေးဘို့မှာပါတယ်
သံသရာကြွေးတွေမပါအောင် ဒီလိုရေစက်ဆိုးမျိုး
တွေမကြုံရ မဆုံရလေအောင်ဘယ်သူတရားပျက်
ပျက်ကိုယ့်ဘက်ကခံနိုင်ရည်ရှိဘို့ဘဲကြိုးစားသွား
ပါ့မယ်ရှင်
#လေးစားစွာcreditပေးပါသည်

သရဲ တကယ်ဖြစ်ရပ်မှန်Tahanan ng mga kuwento. Tumuklas ngayon