104

209 15 0
                                    

ဖြစ်တာက ၂၀၁၉တုန်းကပါ အဲ့တုန်းကညီမကပုလဲကွန်ဒို တာဝါတော့ အတိအကျမပြောတော့ပါဘူး ၄လွှာကရုံးမှာ အလုပ်လုပ်ခဲ့တာပါ အဲ့တုန်းက ညီမကအစ်မအိမ်မှာခဏသွားနေတဲ့အချိန်ဖြစ်နေတော့ အစ်မအိမ်ကလည်းကမ္ဘာအေးမှာဖြစ်နေတော့ စောစောပြန်စရာမလိုတဲ့အတွက် စောစောလဲမပြန်ချင်တဲ့အတွက် ရုံးကမခေါ်လဲ အလုပ်မရှိ အလုပ်ရှာပြီး overtimeဆင်းနေတတ်ပါတယ် တခါတလေဆို၆နာရီ‌ ၆ခွဲလောက်မှပြန်တတ်ပါတယ် ရုံးကိုလာရင်၄လွှာကို ဓာတ်လှေကားနဲ့တက်ရပါတယ် အပြန်ကိုကျ ၆နာရီလောက်ရောက်ရင် တခါတလေဘာလို့လဲမသိဘူး ဓာတ်လှေကားကမဖွင့်တော့ဘူး နေ့တိုင်းတော့မဟုတ်ပါဘူး တခြားတာဝါတွေတော့မသိဘူးပေါ့နော် ညီမတက်နေတဲ့ တာဝါကတော့ အဲ့လိုပဲ ပြီးညီမတက်တဲ့တာဝါမှာကို ညီမတို့ရုံးနဲ့နီးတဲ့ဓာတ်လှေကားနဲ့ရိုးရိုးလှေကားပါ တခြားအတက်အဆင်းလှေကားတွေတော့ ညီမလဲမသုံးဖြစ်ပါဘူး ပြီးသူက၂လွှာမှာ အမြဲအတက်အဆင်းမရဘူး ရိုးရိုးလှေကားက ဓာတ်လှေကားရဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ် ပြောချင်တာက ဓာတ်လှေကားကအထွက် လှေကားကတက်လာတာနဲ့ နှစ်ယောက်လုံးကဗျာများနေရင် ရုပ်ရှင်ထဲကလို မျက်နှာချင်းဆိုင်တိုက်မိနိုင်ပါတယ် ညီမကတော့မတိုက်မိဖူးခဲ့ပါဘူး😌 နောက်ကျမှပြန်တဲ့နေ့တွေ ‌ရိုးရိုးလှေကားကဆင်းရင် အဲ့ဒီ၂လွှာက ဓာတ်လှေကားဝင်ပေါက်က သံပန်းနဲ့ကိုသေချာကာထားတာတွေ့ရပါတယ် ပြီးရင်အဲ့၂လွှာရောက်ရင် အောက်ကအလွှာတွေကို ဆင်းလာတဲ့ လှေကားက တခါတလေဆက်ဆင်းလို့မရတော့ပါဘူး သူလဲအောက်ဘက်ဆင်းမဲ့နေရာမှာ သံပန်းတခုတပ်ထားပြီး တခါတလေသော့ပိတ်ထားလို့ပါ အဲ့နားကမှ လျှောက်လမ်းHallအတိုင်းညာဘက်ဘေးကိုတည့်တည့်လျှောက်  အစွန်းကလှေကားအတိုင်းဆက်ဆင်းရပါတယ် အဲ့ဒီလျှောက်လမ်းတလျောက်မှာလဲ ဘာရုံးခန်း ဘာဆိုင်ခန်းမှမရှိပါဘူး အခန်းတွေအကုန်ပိတ်ထားတာပါ မီးကလဲ အဖြူကိုမှအားသိပ်မပြည့်တော့ ဝါတာတာအရောင်ပဲပေါ်တာပါ အဲ့တာမှအောက်ဆုံးထပ်ကိုရောက်ပါတယ် ရုံးကလူတွေကပြောကြတာတော့ ၂လွှာမှာ သရဲခြောက်တယ်နော် သရဲခြောက်တယ်ကြားတယ်နဲ့ပြောပြောနေကြတာ မေးကြည့်တော့‌တယောက်ပဲတကယ်ခြောက်ခံရတာပါ သူကလဲညီမအလုပ်မဝင်ခင်တည်းကတခြားဌာနပြောင်းသွားလို့မတွေ့ဖူးပါဘူး ညီမလဲပုံမှန်ပဲရုံးတက် ရုံးဆင်းပဲနေခဲ့တာပေါ့နော် တနေ့မှာ သူဌေးရယ် ညီမအထက်လူကြီးနှစ်ယောက်ရယ် ညီမရယ်အစည်းအဝေးကကြာနေတာ ၇နာရီထိမပြီးဘူး ၇နာရီ၁၅လောက်ရောက်တော့ ညီမအပိုင်းကပြီးတာနဲ့ သူဌေးကပြန်ချင်ပြန်လို့ရပြီဆိုလို့အစည်းအဝေးခန်းထဲထွက်ခဲ့ပြီးပြန်ဖို့လုပ်ပါတယ် ညီမရယ် ညီမအထက်လူကြီးတယောက်ရယ်ပါ emailနဲ့fileတခုကိစ္စလုပ်စရာကျန်နေသေးလို့ ညီမကမိနစ်၂၀လောက်ဆက်နေခဲ့ပါတယ် သူကတော့မနက်မှစောစောထွက်လာပြီးလုပ်ဖို့ပြောပါသေးတယ် ညီမကအိမ်ကိုအိပ်ချိန်ထက်စောပြန်လဲမထူးလို့ အလုပ်ပြီးအောင်ပဲဆက်လုပ်လိုက်ပါတယ် အကုန်လက်စသတ်ပြီး ရုံးပြင်ရောက်တော့grabခေါ်ဖို့ ဖုန်းကြည့်တော့ ၇ခွဲပါပြီ ခေါ်ထားလိုက်ပြီး ၃မိနစ်အကွာဆိုတော့ အေးဆေးဆင်းမလို့လုပ်ပါတယ် အဲ့နေ့ကဖြစ်ချင်တော့ ဓာတ်လှေကားကလဲပိတ်ထားပါတယ် အဲ့တော့ရိုးရိုးလှေကားကဆင်းလာပါတယ် မေ့တော့မလို့ အဲ့နေ့ကမိုးလဲအတော်ရွာနေတာပါ ထုံးစံအတိုင်းရိုးရိုးလှေကားကဆင်းလာပါတယ် ၂လွှာရောက်တော့‌ညာဘက်ဘေးဆက်လျှောက်ဖို့ပြင်တော့ အရင်ဘာရုံးခန်း ဘယ်သူမှမရှိတဲ့နေရာမှာ ဘယ်ဘက်လျှောက်လှမ်းအဆုံးမှာ ရုံးခန်းတခုမီးလင်းပြီးရုံးခန်းရှေ့မှာ မိန်းမတယောက်ဖုန်းပြောနေပါတယ် ညီမလဲဘာရယ်မဟုတ် အယ် လူတယောက်ပဲလို့ စိတ်ထဲထင်မိပြီး တချက်ကြည့်မိပါတယ် သူကအစကညီမကိုကျောပေးထားတာပါ ညီမလဲကြည့်ရော ချက်ချင်းလှည့်လာပြီး ညီမဆီလမ်းလျှောက်လာပါတယ် ညီမတကိုယ်လုံးရုတ်တရက်အေးလာသလို ခံစားရပြီး ပတ်ဝန်းကျင်လေထုက စိုထိုင်းလေးလံလာသလိုခံစားရလာတယ် စိတ်ထဲမှာတော့သိလိုက်ပါပြီ လှည့်ထွက်သွားဖို့လုပ်ပေမယ့် ခန္ဓာကိုယ်ကလှုပ်မရသလိုကြီးဖြစ်နေပါတယ် သူ့ဆံပင်ကဂုတ်ဝဲကို ရှေ့ဖက်ဆံပင်ချထားတာများနေတော့ မျက်နှာမမြင်ရပါဘူး သူကပုံမှန်ပဲလျှောက်လာနေတာပါ ညီမဘုရားစာရွတ်မယ်ကြံတော့ ပါးစပ်ကဖွင့်မရပါဘူး အဲ့တာနဲ့ မရဘူး တခုခုတော့ရအောင်လုပ်ရမယ်ဆိုပြီး စိတ်ထဲမှာဘုရားစာရွတ် စိတ်ကိုအတင်းစု အားထည့်ပြီး ခြေထောက်တွေကိုမ,ကြည့်ပါတယ် အစကမရပါဘူး သူကနီးလာနေပါပြီ အဲ့တာနဲ့ ဘုရားစာရွတ်တာကိုခဏရပ်ပြီး စိတ်ကိုအတင်းစုပြီး ခါးကိုအတင်းကော့ပြီး လေအဝရူ ခြေထောက်ကိုမ,ကြည့်တော့ ရလာရော လေထုလဲနဲနဲပေါ့သွားသလိုခံစားရရော အဲ့အတိုင်းဆက်လုပ်တော့ စိတ်ထဲသူလမ်းလျှောက်လာတာပိုမြန်လာပေမယ့် ရှေ့မရောက်ပဲအနောက်ဆုတ်သွားသလိုပါပဲ သူ့ဆီကလဲငြီးသလိုအသံထွက်လာပါတယ် အဲ့မှာညီမလဲဘုရားစာစိတ်ထဲကပြန်ရွတ် အသက်ဝဝရူပြီး အတင်းလှည့်ထွက်လာရပါတယ် အရေးထဲညီမကလျှာရှည်ပြီးနောက်ပြန်ကြည့်မိသေးတော့ သူကညီမကြည့်မှ‌ပြေးလာသလိုပဲ ပြေးသာပြေးတာအနားတော့မရောက်သေးဘူး ညီမကပြေးလို့တော့မရဘူး အဲ့တာနဲ့ဘုရားစာကိုပါးစပ်ကရွတ်ကြည့်တော့ရပါပြီ အဲ့တာနဲ့ဘုရားစာရွတ်ပြီးမြန်မြန်လျှောက်တော့ သူကရပ်သွားပါတယ် ညီမလဲပြေးလို့ရလာပါပြီ အဲ့မှာ ဘာရမလဲ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်နဲ့လှေကားဆီပြေး လှေကားကခုန်မဆင်းရုံတမယ်အမြန်ဆင်းပြေးတော့တာ အောက်ဆုံးထပ်ရောက်တော့အစောင့်ဦးလေးကြီးကို ၂လွှာမှာသရဲခြောက်တယ်လို့ပြောတော့ သူက'လာလာ ဒီခုံမှာခဏထိုင်၊ စိတ်အေးအေးထား၊ အသက်ရှု'လို့ပြောမှ ‌ခန္ဓာကိုယ်တခုလုံးချွေးတွေရွှဲနေတာသတိထားမိပါတယ် သူကရေသောက်မလားမေးတော့မှ လွယ်အိတ်ထဲကရေထုတ်သောက်မိတယ် သရဲခြောက်တယ်ထပ်ပြော တော့ နောက်ဆို ညဖက်ပြန်ချင်ရင် တယောက်တည်းမပြန်နဲ့ ပြန်လဲဘယ်သူမှမကြည့်နဲ့ တခုခုကိုအာရုံစိုက်ပြီးပြန်လို့ပဲပြောပါတယ် သူ့ကြည့်ရတာ သိပ်မတုန်လှုပ်သလိုပါပဲ စိတ်ခဏငြိမ်မှ grabခေါ်ထားတာကို သတိရလို့ဖုန်းထုတ်ကြည့်တော့ တက္ကဆီကခုမှရောက်တာလို့ပေါ်နေပါတယ် ဆိုတော့အချိန်၂မိနစ်ခွဲ ၃မိနစ်လောက်ကို မိနစ်၂၀ ၂၅မိနစ်လောက်ကြာတယ်ခံစားရတာ မနက်ရုံးရောက်တော့ ညီမထက်အရင်ပြန်သွားတဲ့သူကိုမေးကြည့်တော့သူကပုံမှန်ပါပဲတဲ့ ဓာတ်လှေကားလဲရပါတယ်တဲ့ နောက်မှပြန်တဲ့သူကိုမေးတော့လဲ ညီမပြန်ပြီး ၁၅မိနစ် နာရီဝက်လောက်မှာ သူဌေးနဲ့တူတူပြန်တာတဲ့ ဓာတ်လှေကားလဲအဆင်ပြေတယ်တဲ့ ညီမသရဲအခြောက်ခံရတာတော့မပြောလိုက်မိပါဘူး ဆိုတော့သရဲအခြောက်ခံရရင် အရမ်းမလန့်မိစေပဲ စိတ်ထိန်းပြီး အာရုံစုအသက်ဝဝရူပြီးအဲ့နေရာကထွက်လာဖို့ကိုအဓိကအာရုံစိုက်ပါလို့

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now