62

253 12 0
                                    

ဒီအဖြစ်အပျက်က ကိုယ်တိုင် အမြန်လမ်းမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ဖြစ်ပျက်ခဲ့တာပါ

ကျနော်တို့ ဇနီးမောင်နှံက ခရီးအလွန်ထွက်ကြတဲ့ မိသားစုပါ
၇ နှစ် အရွယ် သားတယောက်နဲ့ ၃ နှစ် အရွယ် သမီးလေး တယောက်ရှိပါတယ်..

ခရီးထွက်တဲ့ အခါတိုင်း ကျနော်က မောင်း မိန်းမကဘေးမှာထိုင် ကလေး ၂ ယောက်ကို နောက်ခုံတွေ ခေါက်ပြီး အခင်းပေါ်မှာ သိပ်ထားပြီး ၄ ယောက်ထဲ သွားကြတာများပါတယ်...

ဘယ်တွေ သွားကြတာလဲ မမေးနဲ့  မေမြို့ မိုးကုတ် တောင်ကြီး အင်းလေး ပင်းတယ  လိန်းလီ ဖက်ကနေ ပင်လောင်း လွိုင်ကော် ဒီမောဆိုး စုံလို့ပါပဲဗျာ.. အဲတုန်းက  Vitz ကားအနက်ရောင်လေး .... တော်တော်လဲ သွားဖြစ်ခဲ့ကြတယ်.. နေရာအစုံလဲ ရောက်ခဲ့တယ်...

ဟိုတုန်းကဆို အမြန်လမ်းက နေ့နေ့ ညည မောင်းလို့ရပါတယ်.. အိပ်ချင်လာရင် ကြုံတဲ့နေရာ ကားထိုးအိပ် လုံခြုံတယ်.. တခါတလေ လမ်းမဘေးက ဆိုင်လေးတွေနဲ့ အလှမ်းဝေးတဲ့ နေရာဖြစ်ပေမယ့် အမြန်လမ်းမှာညပိုင်းလုံခြုံ‌ရေး က မိုင် ၂၀ ကို တခါလား မသိဘူး ဆိုင်ကယ်လေးတွေ ရပ်ပြီး မိုးလင်းခါနီးအထိ လုံခြုံရေးတွေ ရှိတယ်

တရက်ကျတော့ မိုးတွင်းကြီး ရှမ်းပြည်ဖက်က အပြန် မှာ ညဖက်မှာ အေးအေးဆေးဆေးမောင်းပြီး မနက်စောစော ရန်ကုန် ဝင်မယ် စိတ်ကူးပြီး ပြန်လာတာ...
ခရီးကလဲ ရက်ရှည်သွားတာရယ် မြေပြန်မရောက်ခင် တောင်ပေါ်လမ်းမှာထဲက မိုးဆက်တိုက်ရွာနေတာ ရန်ကုန်အပြန် အမြန်လမ်းရောက်တဲ့ အထိဆက်တိုက် ရွာနေတုန်း

ပျော်ဘွယ်ကနေ အမြန်လမ်းပေါ်တက်တဲ့ အချိန်ကပဲ ည ၁၂ နာရီကျော်နေပြီ ...တမြို့လုံး တိတ်ဆိတ်ပြီး လူသူအတော်ရှင်းနေပြီ... ပထမ တော့ ပျော်ဘွယ်မှာ လက်ဖက်ရည်ဆိုင်လေးများတွေ့ရင် ခဏနားဉီးမယ် စိတ်ကူးထားတာ မိုးကသည်းနေတာရယ် ဆိုင်တွေစောစောပိတ်ကုန်တာကြောင့် မနားတော့ပဲ နေပြည်တော်ရောက်မှ နားတော့မယ် စိတ်ကူးနဲ့ ဆက်မောင်းလာခဲ့လိုက်တယ်..

အမြန်လမ်းပေါ်တက်တော့ ည ၁ နာရီ စွန်းစွန်းရှိပြီ မိုးကလဲသည်းနေတုန်း နောက်ခန်းက ကလေးတွေရော ဘေးကကျနော့် အမျိုးသမီးပါ အပြင်မိုးအေးတာ ကားအဲကွန်းအေးတာနဲ့  အိပ်ပျော်နေကြပြီ..ကားမီးရောင်တွေ ပါးရှားသွားသလို ကားဆက်ပါတော်တော်ပျက်တယ်လို့ ပြောရမယ်... မိုးကလဲ ပိုပြီးသည်းလာတာကို...

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now