182

193 8 0
                                    

ညဖက်တင်ရင်ကြောက်မှာစိုးလို့ စာဆုံးအောင်ဖတ်နော်
ကိုယ်တွေ့
မနှစ်က ဒီမဲဆောက်မှာ ည ၈နာရီ လောက် အရင်အိမ်ကို
သွားတဲ့လမ်းက မုဒ်ဦးရှေ့ကွေ့မှာ
ခွေးလေးကောင်ဝိုင်းလိုက်လို့စက်ဘီးနင်းအပြေး
ကားက အကွေ့ တိုက်မိပီး စက်ဘီးလဲ လူပါပြုတ်ကျတယ်
ကားက မောင်းပြေးသွားလို့ 😞
ဝယ်လာတဲ့ စက်ဘီးခြင်းထဲက ကွေ့တီယို ထုပ်ပါ ပြုတ်ကျလို့
ပြန်ကောက်ထည့်ပီး နာနေတဲ့ခြေထောက်ကိုဂရုမစိုက်နိုင်
ပဲ အိမ်ထိ မနည်းပြန်ခဲ့ရတာ စက်ဘီးနောက်မှာ ပုတ်စော်နံပီး
လူတစ်ယောက်တင်နင်းလာသလိုခံစားခဲ့ရတာ
သေချာတာက သရဲ တစ်ကောင်ပါလာတာပဲ
အိမ်ကျ ဘုရားတရားအားနည်းနေတဲ့ ကိုယ့်ကို ဝင်ပူးတယ်တဲ့
ကိုယ့်ရုပ်မဟုတ်တော့ပဲ အစွယ်ပါထွက်နေသလို
အိမ်က လူကို ကုတ်ဖဲ့ဆွဲရန်လုပ် သူ့ရဲ့ဂုတ် ကနေဆွဲပီး
သူ့ကို ကိုင်တောင်ပေါက်ခဲ့တာ  ပရိတ်ရေဖျန်းပီး
မနည်းနှင်ထုတ်ရတဲ့အဖြစ် ကိုယ်ပြန်သတိရလာတော့ သူ့ကိုယ်မှာ
ကုတ်ဖဲ့စွဲဒဏ်ရာတွေ ပါလာတဲ့ကွေ့တီယိုကိုလဲ
အငမ်းမရ ကိုယ်ကစားသေးတာာတဲ့ ပူးတာ ပြန်ခွာသွားတော့
ကျမ ဘာမှသေချာမမှတ်မိ လမ်းက အကြောင်းပဲသတိရတာ
...............
ဟိုနေ့ကမှသူငယ်ချင်းနဲ့ အ့တုန်းကအကြောင်းပြောမိတော့
နင်စက်ဘီးလဲတဲ့နေရာက. မီးသဂြိုလ်စက်ကြီးတဲ့ အ့ဖက်ရောက်ရင်ကြည့်
ဆိုလို့ တကယ်ပဲ ဒီနေ့ လှည့်ကြည့်တာ
သဂြိုလ်စက် ကြီး သပ်ရပ်နေတာပဲ ဇရပ်ရော
နာရေးတောင်လုပ်နေသေးတယ် အ့မှာ
ပြန်တွေးပီးကြောက်လိုက်တာဆိုတာ😷😬😬

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now