22

338 25 2
                                    

ထပ်မဝေးဘူး
========

" ဟဲ့... တရားခွေကြီး မဖွင့်စမ်းပါနဲ့။ အိပ်ချင်ပါတယ်ဆိုမှ..။ FM တခုခုက သီချင်းလေးဘာလေး ဖွင့်စမ်းပါဟ။''

" ဒီမှာ ကားမောင်းနေတယ်လေကွာ။ ကိုယ့်ဘာသာ ပြောင်းလိုက်ပါလား မမရယ်။''

မျက်စောင်းတချက်ထိုးပြီး FM လိုင်းပြောင်းဖွင့်တယ်။ဝေလသီချင်းသံ ထွက်လာတော့ ပြုံးစိစိဖြစ်သွားမိတယ်။ ကျွန်တော် ခဏလေးပဲ  ပြုံးလိုက်တာကို ကားထဲက မှိန်ပျပျအလင်းရောင်မှာ ဒေါ်အိသွဲ့က တွေ့ဖြစ်အောင် တွေ့လိုက်သေးတယ်။

" နင် ဘာရယ်နေတာလဲ၊ ပေါ်ဦး။ တယောက်တည်း ရယ်နေသေး။ ပလပ်ကျွတ်သွားတာလား။ ''

" အတိတ်မေ့သွားတာလား။ ဒီဝေလသီချင်းက နင်နဲ့ငါ ဖြစ်ခါစက ငါ ဖုန်းထဲကနေ ခဏခဏ ဆိုပြဖူးတယ်လေ။''

" ဟုတ်လား။ မမှတ်မိဘူးတော့။ ''

"အောင်မယ်...အခုမှ မူလကျီ မလုပ်နဲ့။ နင်ပဲ ဒီသီချင်းဆိုပြမှ အိပ်မယ်ဆိုလို့ ငါ့မှာ အရူးလို အိမ်ပြင်ထွက်ပြီး လမ်းပေါ်မှာ ခွေးတစီစီနဲ့ ဆိုပြခဲ့ရတာလေ။''

" ဟာ ဟာ့ အဲဒါတော့ မမှတ်မိဘူး။ ကီးတလွဲ အသံပြာကြီးနဲ့ ဆိုနေတာ နားဝင်ဆိုးပေမယ့် ရည်းစားဖြစ်စမို့ အားနာနာနဲ့နားထောင်ပေးခဲ့ရတာတော့ မှတ်မိသား။ ရုပ်ဆိုးပေမယ့် အသံလေးကောင်းမလား နားထောင်ကြည့်တယ်၊ ရုပ်ရော အသံရောဆိုးတာကိုး နင်က..။''

ကြားဖူးနေကျ ဖဲ့ကွက်လေးဆိုပေမယ့် သူ အဲဒီလိုပြောတိုင်း ကိုယ့် မှာ စပ်ဖျင်းဖျင်းတော့ ဖြစ်သွားရတယ်။အိသွဲ့ကတော့ ကျွန်တော့်ကို နိုင်နေကျအကွက်နဲ့ ဖဲ့လိုက်ရတော့ တခစ်ခစ်နဲ့သဘောတွေကျလို့။ အိပ်ချင်ပြေသွားပြီနဲ့ တူတယ်။ ရန်ကုန်က ထွက်ချိန် နောက်ကျလို့ ကျွန်တော်တို့ နှစ်ယောက်လုံး ညစာ မစားကြရသေးဘူး။

" အိပ်မငိုက်တော့နဲ့။နောက် ၁၅ မိနစ်လောက်ဆို စားသောက်ဆိုင် ရောက်တော့မှာ။''

" တညလုံး ကားမောင်းရမယ့် မောင်ပဲ စားပါတော့။ အိ တော့ ဘာမှ မစားချင်တော့ဘူး။ ခေါင်းမူးချင်သလိုလို ဖြစ်နေလို့။''

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now