184

173 7 0
                                    

သေဆုံးသွားတဲ့မိသားစုဝင်ကို အိမ်မှာခေါ်ထားတာကြားဖူးကြလား။

ညီမလေးတန်းနှစ်လောက်မှာငှါးနေခဲ့တဲ့တိုက်ကရင်ခွဲတိုက် ညီမတို့ဘေးခန်းမှာလူမျိုးခြားမိသားစုတစ်စုနေတယ်။ညီမတို့ငှါးနေတဲ့အခန်းကလည်း အရင်တုန်းကအဲ့လူမျိုးခြားမိသားစုပိုင်တာပါ။နောက်မှသခြားသူရောင်းလိုက်ပြီး ညီမတို့ကပြန်ငှါးနေခဲ့ကြတာ။

စစချင်းတုန်းကတော့ဘာမှမဖြစ်ပါဘူး။တစ်ရက်အမေကဝတ်သားနဲ့ဘုရားကိုဆွမ်းကပ်တော့ ခုန်ပေါ်ကနေပြုတ်ကြပါတယ်(ဘုရားဆင်ကအမြင့်မှာထားတာပါ။)အမေကတော့ငါကိုတစ်ယောက်ယောက်ကတွန်း လိုက်သလိုမျိုးကြီးလို့တော့ပြောပေမဲ့ အဲ့တုန်းကဒီတိုင်းအမှတ်မဲ့ပြုတ်ကျတာနေမှာဆိုပြီး တစ်အိမ်လုံးစိတ်ထဲမထားကြပဲ ဒီတိုင်းနေလိုက်ကြတာ။

ပြီးနောက်ရက်ပိုင်းခြားလောက် အိမ်ကအိမ်သာကနောက်ဖေးမှာပေါက်နေတဲ့ညောင်ပင်ကြောင့် ရေတွေပြည့်လာတာမို့ အမေနဲ့အဖေကအပင်ခုတ်သမား ငှါးပြီးညောင်ပင်ကိုခုတ်ကြကော။အဖေကညောင်ပင်ကနည်းနည်းကြီးနေတာဆိုပြီး အပင်မခုတ်ခင် အမွှေးတိုင်နဲ့မဖြစ်မနေမို့ခုတ်ရတာပါဆိုပြီး အမွှေးတိုင်တောင်ထွန်းပြီးမှ အပင်ခုတ်လိုက်တာ။အဲ့နောက်ပိုင်း
အဖေနဲ့အမေကို အိမ်မှာအရိပ်လိုတွေပြပြလာတယ်။

အဖေကအဲ့တုန်းကလူလက်ပိုင်းအရွယ်ဆိုတော့ သရဲတွေဘာတွေလည်းမကြောက်တော့ သူဘောလုံးပွဲကြည့်တဲ့ညက သူထိုင်တဲ့ခုန်ဘေးကဖြတ်သွားတာခံစားမိလို့ အဖေကဒီအိမ်မှာကလေးတွေရှိတာမို့ အိမ်ထဲကိုဝင်မလာပါနဲ့ဆိုပြီးပြောလိုက်မိကော။

အဲ့နောက်ရက်တွေကစပြီးအမေက အဲ့သရဲကိုမြင်လာရတာ။ညီမအမေက ငယ်ငယ်ကတည်းက မကျွတ်မလွတ်သေးတဲ့အရာတွေ၊သရဲတွေကို ခဏခဏမြင်ရတတ်တဲ့သူပါ။အဲ့သရဲကအမေက ကိုယ်ထင်ပြလို့ရမှန်းသိတော့ အမေကိုကြီးစကားတွေပြောတော့တာ။ဒီအိမ်ကငါ့ပိုင်တဲ့အိမ်၊ငါ့အိမ်မှာ ဘုရားကိုဝတ်သားမကပ်နဲ့ မကြိုက်ဘူး။သူကအရင်ကနောက်ဖေးကညောင်ပင်မှာနေတာ ခုတ်လိုက်တာမို့အိမ်ထဲဝင်လာတာဆိုပြီးပြောတာ။နောက်မှသိလိုက်ရတာ အဲ့သရဲကညီမတို့ဘေးခန်းကအဒေါ်ကြီးရဲ့ယောကျားဆိုတာ။သူ့မိန်းမက ယောကျားနဲ့သားရှေ့ဆင့်နောက်ဆင့်ဆုံးသွားကို သူ့ဆီမှာပြန်ခေါ်ထားတာ။မွေးထားသလိုကြီးဖြစ်နေတာပေါ့။သေသွားတာဖြင့်ဆယ်စုနှစ်လောက်ရှိတော့တာဆိုတော့ သရဲကအကောင်ကြီးနေပြီလို့တောင်ပြောလို့ရတယ်🥲

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now