20

346 22 0
                                    

အမြန်လမ်းမှာ ကြုံခဲ့တာပါ
Express ကားနဲ့ မန္တလေးကနေ ရန်ကုန်လာတဲ့အချိန်ပေါ့။ ကျွန်တော်စီးတဲ့ကားက one roleကို 2+1 seats ဆိုတော့ကျွန်တော်က တစ်ယောက်ထဲသမားမလို့ Single ခုံကိုယူလိုက်တယ်။ နောက်ဆုံးတန်း မရောက်ခင်နှစ်တန်းအလိုခုံပေါ့ဗျာ။တစ်လမ်းလုံးအေးအေးဆေးဆေးဘဲ။ ကျွန်တော်က သင်္ချိုင်းတွေ သွားရင်၊ ညကြီးဆေးရုံရှေ့ဖြတ်ရင် ပရလောကသားလို့ယူဆရတဲ့ ဟာလေးတွေက တခါတရံ လိုက်တတ်တယ်။ နှင်ရတာလဲများပြီ။ ငါးပါးသီလကိုလုံအောင်လုပ်ပြီး အဓိဌာန်ပုတီးတွေ စိပ်နေတော့ ကြုံရတဲ့ထဲ ဒါတွေက ကျွန်တော့ဖို့ မဆန်းဘူးလေ။ ထားပါ။ ဆက်ပြောကြတာပေါ့။ တစ်လမ်းလုံးအကောင်း ။ နေပြည်တော်နဲ့ ဖြူးကြားဖြစ်မယ်ထင်တယ် သွားနေရင်းနဲ့ အချိန်က ညည့်နက်လာပြီ။ ကျွန်တော်က အိပ်ထားတော့ ညဖက်ကို အိပ်မပျော်တော့ဘူး။ ဒါနဲ့ ခုံလေးမှာ မှီရင်း အိပ်မပျော်မဲ့အတူတူ စိတ်ကိုအနားပေးပြီး နေနေတုန်း မျက်စိထဲမှာ ဘာမြင်သလဲဆိုတော့ အမျိုးသမီးတစ်ယောက်ဗျာ ခါးကုန်းကုန်းနဲ့ ပိတ်စဖြူ ဖါးဖါးကြီးပါတယ် ။ မျက်နှာက ပျက်နေပြီးသွေးမရှိသလိုဖြူဖျော့နေတာဘဲ။ ထူးဆန်းတာက အဲ့ဒီချိန်ကျွန်တော်ကားကိုဖောက်ပြီးဟင်းလင်းမြင်နေရတာဘဲ။ အဲ့ဒီမိန်းမက တဟီးဟီးရယ်ရင်း ကားနောက် အမြန်လမ်းအတိုင်းကနေ ကုန်းကုန်း ကုန်းကုန်း နဲ့ပြေးလိုက်လာတာဗျ။ ကျွန်တော်လဲ လန့်သွားပြီး မျက်စိဖွင့်ရုတ်တရက်ကြောင်ပြီး လှည့်ကြည့်လိုက်တော့ ကျွန်တော့်ခုံနောက်က ခုံမှာဗျာ စပ်ဖြီးဖြီးနဲ့ထိုင်နေတာ ဆံပင်ကဖွာလန်ကြဲနဲ့။ ပကတိမျက်စိနဲ့မြင်တာပါ။ ကျွန်တော်လဲရုတ်တရက် လက်ကလဲ နောက်လှည့် htoe ပြီးသားဘဲ။ ခုံက်ုဘဲ htoe မိတယ်။ ဒုန်းကနဲဘဲ။ ဟိုဟာမကြီးလည်း တဟီးဟီးနဲ့ ရယ်လိုက်တာဘဲသိတယ်။ ဘယ်ရောက်မှနိးမသိဘူး။ ဘေးခုံတွဲက တချို့ လူတွေကော လန့်နိုး၊ crewကပါ ဘာဖြစ်တာလဲမေးတော့ ကျွန်တော်လဲ အိပ်မက်ယောင်တယ်ဖြေရတာပေါ့။ဂေါက်တယ်ထင်ရင်လဲ ခက်သားဗျာ။ တော်သေးတာပေါ့ ခုံကလဲ လူမရှိလို့ ။ လူရှိရင် ရှင်းလို့ဆုံးမှာမဟုတ်ဘူး။ ဘေးခုံကမြင်သူတွေကလဲ အိပ်မက်ယောင်တာနေမယ်။ နောက်ကို ဆတ်ခနဲလှည့်ကြည့်ပြီး htoe ချလိုက်တာ ရီသံလဲ ကြားလိုက်တယ်တဲ့။ အမှန်တော့ကျွန်တော်ရီတာ မှ မဟုတ်ဘဲ။ ဒီစာဖတ်တဲ့သူထဲမှာ အဲ့ဒီတုန်းက မြင်လိုက်သူတွေလဲ ပါနိုင်ပါတယ်။ ကျွန်တော် အိပ်ပျော်တာလဲမဟုတ်ဘူး။ လူတိုင်းကိုပြောပြန်လည်း စိတ်ကူးယဉ်ရင်ယဉ်၊ မယဉ်ရင်ဂေါက်နေတယ်ထင်မယ်မလို့မပြောပေမဲ့ ကြုံရတာတော့ အဲ့တစ်ခါထူးထူးခြားခြားဘဲ။ ခုထိလဲ ဘာရယ်မသိဘူး။ကျွန်တော့လိုဘဲ အမြန်လမ်းမှာ ကြုံဖူးသူတွေရှိမလား?
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now