186

161 6 0
                                    


   ကျွန်မ အခုပြောမှာက သရဲအကြောင်း မဟုတ်ပါဘူး ကျွန်မ ဆေးဝါးနဲ့ အတိုက်အခိုက်ခံရတဲ့ အကြောင်းပါ။
  ကျွန်မက ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘာသာခြားတယောက်ပါ။
  ကျွန်မ အဖေ အမေ သုံးယောက်လုံးက တရားလွှတ်တော်ရှေ့နေတွေပါ။အလုပ်အကိုင်ထည့်ရေးရတာ အကြောင်းရှိပါတယ် ဖတ်ရင်းနဲ့ သိရမှာပါ။
  1.1.2019 ညနေ နေဝင်ရီတရော အချိန်မှာ ကျွန်မ အမဝမ်းကွဲအိမ်ကို သွားပါတယ်။သွားရတဲ့ အကြောင်းအရင်းက အလှူပိုက်ဆံသွားပေးတာပါ။ ကျွန်မတို့ ဘာသာမှာက အလုပ်တခုခုအတွက် ရည်စူးပြီး အလှုပိုက်ဆံ ပေးလေ့ရှိပါတယ်။ မနက်လင်းအားကြီးမှာ မိသားစု အားလုံး အိမ်အကူပါမကျန် ခရီးထွက်မှာမို့လို့ လမ်းခရီး အစဥ်ပြေဖို့ အန္တရယ်ကင်းဖို့ ရည်စူးချက်နဲ့ အလှုပိုက်ဆံသွားပေးတာပါ။
  အမ နေတဲ့ အိမ်ရှေ့မှာ တွင်းတူးထားသလို ချောက်ကြီး ရှိပါတယ် မြေနေရာလဲကြမ်းပါတယ်။မြို့လည်ကောင်မှာပါ။ ခန ခနလဲ အဲ့နားမှာ စိုက်ဘီးတိုက် ကားတိုက် ဖြစ်ပါတယ်။
  အလှုပိုက်ဆံပေးပြီး အမဝမ်းကွဲနေတဲ့တိုက်အောက်ကို ဆင်းပြီး လမ်းဘေးမှာ ကျွန်မဆိုင်ကယ်ပေါ်ထိုင်နေတဲ့အချိန် လမ်းတဖက်ကနေလာတဲ့ ဆိုင်ကယ်မှာ ကောက်လေးသုံးယောက် စီးလာပြီး ကျွန်မကို ဝင်တိုက်လိုက်တာ ကျွန်မဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ခေါင်းနဲ့ သံမံတလင်းရိုက်မိပြီး သတိမေ့သွားပါတယ်။
  ကျွန်မဆိုင်ကယ်စီး ဦးထုပ်ဆောင်းမထားပါဘူး။
  အဲ့နေ့က အမျိုးသမီးသဘာဝ ရာသီလာနေပါတယ်။
  ကျွန်မ သတိမေ့နေတော့ ပါတ်ဝန်းကျင်နဲ့ အမဝမ်းကွဲက ရန်ကုန်ဆေးရုံကြီး ချက်ချင်းပို့ပြီး ခေါင်းထဲမှာ ခဲနေတဲ့ သွေးတွေကို ဆေးသွင်း ဆေးနဲ့ဖျော် ဆေးကုနဲ့ ကျွန်မ အသက်မသေခဲ့ဘူး။14 ရက်နေတော့ ဆေးရုံ ဆင်းခွင့် ရခဲ့တယ်။
  ဆေးရုံက ဆင်းပြီး ကျွန်မနေကောင်းစ ပြုတဲ့ အချိန် သတိပြုမိတာက ဘယ်ဖက်နား မကြားရတော့ဘူး၊ နှာခေါင်းက အနံ့ မရတော့ဘူး ပါးစပ်က အရသာတွေ မရတော့ဘူး အဲ့ အချိန် ကျွန်မ အရမ်း စိတ်မကောင်းဖြစ်မိ ပေမဲ့ ကျွန်မ အသက်ကို ဘုရားက ပြန်ပေးထားတာဘဲ ဆိုတဲ့ အသိနဲ့ စိတ်ကို အေးချမ်းအောင်နေလိုက်ပါတယ်။
  ဆေးရုံပေါ်မှာ ကျွန်မ သတိရချိန် ကျွန်မကို ဆိုင်ကယ်နဲ့ တိုက်တဲ့ ကလေးတွေက ဆယ်တန်းဖြေရတော့မယ်ဆိုတာ သိရတော့ အဲ့ကလေးတွေ ပညာရေး အညွန့်ချိုးသလို ဖြစ်မှာဆိုးလို့ ကျွန်မမိဘတွေကို အမှု မဖွင့်ခိုင်းပါဘူး။1.1.2019 ဆိုတော့ ဆယ်တန်းဖြေရတော့မယ်လေ။
  နိုင်ငံခြားမှာ ဆေးစစ် ဆေးကုတော့လဲ အာရုံကြောတွေပေါ်မှာ သွေးခဲတွေ ဖိထားလို့ အနံမရ အသံမကြားတာလို့ပြောပါတယ်။
  နောက်တခြားတနိုင်ငံက ဆရာဝန်က အာရုံကြောစနစ် ပျက်စီးသွားလို့ အနံမရ နားတဖက်မကြားတာလို့ ပြောပါတယ်။
  ဒီလိုနဲ့ နေရင်းနဲ့ ကျွန်မ အရသာလေး နဲနဲပြန်ရပါတယ်။အနံ့မရ နားတဖက်မကြားတာတော့ မကောင်းသေးပါဘူး။
  ဒီလိုဘဲ နေရင်းနဲ့ 2022 ခုနှစ်မှာ fb မှာ အမ အိရှန်း Myat Yee Mon ရေးထားတဲ့ post တခုကို ဖတ်မိပါတယ်။
  အဲ့ post မှာ ဆရာကြီးတယောက်အကြောင်းရေးထားတာပါ။
  ဆရာကြီးက တိုင်းရင်းဆေးရုံအုပ် အငြိမ်းစား ရှစ်ပါးသီလနဲ့ နေပါတယ်။ အမြဲသတ်သတ်လွတ် စားပါတယ်။ ဥပုတ်သီလနဲ့ နေတာပါ။
  မိုးကြိုးသွားနဲ့ဆေးကုတာပါ။ ဆရာကြီးနံမည်က ဦးဝေဝင်းပါ။
  ကျွန်မသွားပြချင်လို့ အစ်မ အိရှန်းဆီမှာ လိပ်စာတောင်းပြီး သွားပြပါတယ်။
  ဆရာကြီး မိုးကြိုးသွားနဲ့ ထိပြီးဆေးကုတဲ့ ရောဂါရှိတဲ့နေရာဆို အရာဝတ္ထု တုံးတုံးနဲ့ ထိုးသလို နာပါတယ်။ရောဂါ မရှိတဲ့နေရာဆို မနာပါဘူး။
  ကျွန်မရဲ့ ခန္တာကိုယ် ဘယ်ဘက်တခြမ်းလုံးက မိုးကြိုးသွားနဲ့ ထိလိုက်တိုင်း အသဲထဲက နာတာ မျက်ရည်ပေါက်ပေါက်ကျပါတယ်။ခန္တာကိုယ် ညာဖက်အခြမ်းကတော့ လုံးဝမနာပါဘူး။
  ဆရာကြီး ဆေးကုပြီးတော့ ခြေထောက်ဆင်းပြီးထိုင်ခိုင်းပါတယ်။
  ငယ်ထိပ်ကို မိုးကြိုးသွားနဲ့ ထိပြီး စစ်ဆေးတဲ့ အချိန် နာလို့ ထွန့်ထွန့်လူး အော်ဟစ်နေရတာပါ။
  စစ်ဆေးပြီး ဆရာကြီးကပြောတယ် မြေကိစ္စတခု အလုပ်လုပ်တဲ့ အချိန် မကြေနပ်လို့ အောက်လမ်းနဲ့ တိုက်ခိုက်တာ ကျွန်မ မိဘတွေက ကံမြင့်တော့ မထိဘဲ ကျွန်မ ကံနိမ့်ချိန်၊ နေဝင်ချိန်၊ ရာသီလာချိန်ပေါင်းဆုံပြီး ကျွန်မထိတာပါ။
မိသားစုမှာ ကျွန်မက တိုးတက်မဲ့သူဆိုတော့ ရှေ့နေအလုပ် မလုပ်ချင်အောင် ရုံးမသွားချင်အောင် မတိုးတက်အောင် ကျန်းမာရေး မကောင်းအောင် အောက်လမ်းနဲ့ တိုက်ခိုက်ထားတာပါ။
  ဆရာကြီးက ကျွန်မ ဖြစ်တာ ဘယ်နှစ်ရှိပြီလဲမေးပါတယ်  4နှစ်ရှိပါပြီလို့ဖြေတော့။ 3 နှစ်မကျော်သေးဘဲ ဆေးကုလို့မရဘူးလို့ပြောပါတယ်။
  အခု လေးနှစ်ဆိုတော့ ဆေးကုလို့ ထိရောက်ပြီပြောပါတယ်။
  ကျွန်မ ခန္တာကိုယ်မှာ ကပ်နေတဲ့ မကောင်းတဲ့ အရာကိုလဲ ဖယ်ရှားပေးလိုက်ပြီပြောပါတယ်။
  ဆေးကုနေစဥ် မကောင်းတဲ့ အရာ ပူးလိုက်ခွာလိုက်မဖြစ်စေဖို့ သတ်သတ်လွတ်စားရပါတယ်။
  အိမ်ကရေခဲသေတ္တာမှာ အမဲသား အတွင်းကလီဇာ သွေးမထားရပါဘူး။
  မြေကိစ္စမကြေနပ်လို့ အောက်လမ်းနဲ့တိုက်တာ မို့လို့ ဘုရားတည် ကျောင်းဆောက် ကိစ္စတခုခုမှာ ပိုက်ဆံလှူခိုင်းပါတယ်။
  ကျွန်မကို အောက်လမ်းနဲ့ ဘယ်သူလုပ်သလဲမပြောပါဘူး။
  ကျွန်မအပေါ်မကောင်းတာလုပ်ပေမဲ့ ကျွန်မတို့ ဘာသာအရ မေတ္တာပို့ခိုင်းပါတယ်။
  သိပ္ပံနည်းကျ ဆရာဝန်တွေက ကျွန်မ အနံ့ အာရုံအကြားအာရုံ ပြန်မရတော့ဘူးပြောပင်မဲ့ ဆရာကြီးရဲ့ သမထ အစွမ်းကြောင့် ကျွန်မပြန်ကောင်းမယ်ဘဲပြောပါတယ်။အချိန်တော့ နဲနဲကြာမယ်လို့ပြောပါတယ်။
ကျွန်မလဲ ဇွဲရှိရှိနဲ့ ဆရာကြီးဆီမှာ ဆေးကုနေပါတယ်။
   ဆရာကြီးက စေတနာ ဆရာ တစ်ဦးပါ ။ဆေးကုငွေကိုလဲ နဲနဲလေးဘဲယူပါတယ်။
  ဆရာကြီးက နေပြည်တော်မှာ နေပြီး ရန်ကုန်တာမွေကို တလ တခါ လာပြီးဆေးကုပါတယ်။လတလရဲ့ 20 ရက်ကျော်ရင် ဆရာကြီး ရန်ကုန်လာပါတယ်။ ရန်ကုန်မှာ ငါးရက်လောက်နေပြီးဆေးကုပေးပါတယ်။တာမွေမှာပါ။

#crd
ပုံပြပေးထားပါတယ်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now