81

205 11 0
                                    

#ဖြစ်ရပ်မှန်
လူစုံတုန်းလေး ကျမဘဝအကြောင်းပြောပြဦးမယ်၊ ကျမတို့ မိသားစုက ရှေးဘဝနောက်ဘဝမပြောနဲ့ သရဲတစ္ဆေဆိုတာ လုံးဝအယုံအကြည်မရှိသူတွေပါ၊ ဒါပေမယ့် အဲ့တာတွေကို ကျမ အလယ်တန်းကျောငိးသူဘဝမှာ ပထမဆုံး စယုံခဲ့ရတာပါ၊ ကျမ ၅ တန်းနှစ်မှာ အပျိုဖော်ဝင်ပါတယ်။ အပျိုဖော်ဝင်ပြီး ၁ ပတ်လောက်အကြာမှာ ဘီလူးစီးသလို အိပ်မက်တစ်ခုမက်ပါတယ်၊ ယောကျ်ားနှစ်ယောက်နဲ့ မိန်းမနှစ်ယောက်က ကျမ နာမည်ကို ခေါ်ပြီး အသည်းအသန်ရှာနေတယ်ပေါ့၊ အိပ်မက်က တစ်ရက်တည်းနဲ့ ပြီးမသွားပဲ ညတိုင်း ဆက်မက်လာတာ၊ တစ်ညထက်တစ်ည အဲ့အိပ်မက်က ပိုပိုပီပြင်လာပြီးတော့ ၁ လလောက် ကြာတဲ့အချိန်မှာ သူတို့လေးယောက်က ကျမကို တွေ့သွားခဲ့ပါတယ်။ အဲဒီညမှာ သူတ်ု့တွေက ကျမကို ပတ်ပတ်လည်ဝိုင်းထားပြီး ဂါထာတစ်ခုကို အသဲအသန်ရွတ်နေခဲ့တယ် ။ အသံက တိုးလာလိုက် ကျယ်သွားလိုက်၊ တစ်ချက်တစ်ချက် လေအေးတွေဝေ့ခနဲတိုက်ရင် သူတ်ို့ခန္ဓာကိုယ်က အင်္ကျီတွေ လွင့်သွားလိုက်။ သူတို့ဂါထာတစ်ပိုဒ်ဆုံဒတိုင်း ကျမမှာ ကြက်သီးတွေ ထထလာတာ။
ဒါပေမယ့် ကျမက အတင်းရုန်းကန်ရင်း နိူးလာတော့ ဂါထာက ဘယ်တော့မှမပြီးလိုက်ဘူး၊ အိမ်က မိသားစုတွေကို ပြောပြတော့ အပျိုဖော်ဝင်စမို့လို့ စိတ်ဂယောက်ဂယက်ဖြစ်ပါတယ်ဆိုပြီး သွေးသန့်ဆေး တိုက်ပါလေရော။

အဲ့လိုနဲ့ ညတိုင်း သူတို့လေးယောက်ရောက်လာလိုက်၊ ကျမက အတင်းရုန်းရင်း နိူးလာလိုက်၊ အိမ်က သွေးသန့်ဆေးတွေ တိုက်လိုက်နဲ့ သံသရာလည်နေတဲ့ အချိန်မှာ တစ်ညတော့ အိပ်မက်ထဲမှာ ယောကျ်ားတစ်ယောက် မိန်းမတစ်ယောက်နဲ့တွေ့လာတယ်။ သူတို့က အိပ်ပျော်နေတဲ့ ကျမရဲ့ ကုတင်ခြေရင်းမှာ ရပ်နေရင်း စွေ့ခနဲ ပွေ့ချီလိုက်ကြတဲ့အချိန်မှာ ကျမ လန့်နိုးသွားခဲ့ပါတယ်။ ပုံမှန်အိပ်မက်ကနေ လန့်နိူးသွားတယ်လို့ ထင်ထားခဲ့ပေမယ့် မျက်လုံးဖွင့်ကြည့်တဲ့အခါ အဲဒီလူက ကျမကို ပွေ့ချီထားဆဲပါ။ ကျမ အိပ်မက်ထဲမှာပဲ ရှိနေသေးခဲ့တာပါ။
မျက်နှာက စိမ်းမြနေပြီး အဖြူရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ ထိုလူက မျက်လုံးမျက်ခုံးတွေ ထင်းရှင်း နေခဲ့တယ်။ ငါ ဘယ်ရောက်နေတာလဲလို့ တွေးမိပြီး အသားကုန်အော်တဲ့အခါ ထွက်လာတဲ့ အသံက ကျမအသံမဟုတ်ပဲ ကလေးငယ်လေး အသံဖြစ်နေခဲ့တယ်။ အဲ့ဒီအချိန် အဲဒီအမျိုးသမီးက ကျမကို တယုတယ ပွေ့နမ်းပါတယ်။ အခန်းက သစ်သားနံ့တွေမွှေးနေတယ်။ ပြတင်းပေါက်ကနေ မြင်နေရတဲ့ လက လှည်းဘီး ၂ ခုစာလောက်ကြီးပြီး လင်းထိန်နေခဲ့တယ်။ ပြန်မလာနဲ့ လုံအောင် ပုန်းနော်ဆိုပြီး တိုးတိုးလေးပြောသံကြားတဲ့နောက် ကျမ အိပ်မက်ကနေ လန့်န်ုးလာခဲ့တယ်။ သစ်သားနံ့က နှာခေါင်းထဲ တစ်ညလုံးရနေခဲ့တယ်။ အိမ်သားတွေကို ပြောပြတဲ့အခါ ထုံးစံအတိုင်း ကျမကို နေမကောင်းဘူးထင်ပြီး ဆရာဝန်ဆီခေါ်သွားတယ်ပေါ့၊ ဆရာဝန်က အိပ်ဆေးပေးတယ် စိတ်ဖိစီးအောင် မနေဖို့ပြောတယ်။ ကျောင်းစာလည်းမလုပ် ရည်းစားထားဖို့လည်း စိတ်မဝင်စား အားနေ ဆော့ဖို့ပဲ သိတဲ့ ကျမမှာ အဲ့အချိန်က စိတ်ဖိစီးမှုရယ်လို့ မြူတစ်မှုန်တောင် ရှိမနေခဲ့ဘူးလေ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now