97

186 2 0
                                    

Covid ကာလက သရဲခြောက်ခံရတာလေး သတိရလို့ပြောပြဦးမယ်
ညီမတို့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေစတာဇာတ်လမ်းက
အဲ့အိမ်ကအရင်ကခေါက်ဆွဲဆိုင်ဖွင့်ထားတာ မိသားစုတွေအများကြီးသိုက်သိုက်ဝန်းဝန်းနဲ့ သူတို့မိသားစုကိုကြည့်ရတာပျော်စရာကြီးပေါ့
အဲ့လိုကနေပြီးတော့ သားသမီးတွေက အိမ်ထောင်တွေကျ အိမ်ခွဲထွက်ဘာညာနဲ့ အဲ့အိမ်မှာ သူတို့အဖေတစ်ယောက်ပဲကျန်ခဲ့တော့တာ
အဲ့ချိန်ကစပြီး အဲ့ဦးလေးကခေါက်ဆွဲဆိုင်လဲပိတ် အိမ်ကြီးကိုလဲအမြဲပိတ်ထားတော့တာ
Covid မတိုင်ခင်ကတော့ အဲ့အိမ်ကဦးလေးနဲ့ ညီမတို့အိမ်နဲ့ကအလည်အပတ်တော့ရှိတယ်ပေါ့နော်(အမှန်ကအဲ့ဦးလေးတစ်ယောက်ထဲမို့ပျင်းနေမှာဆိုးလို့သွားသွားလည်ပေးတာ)
Covid ကာလရောက်တော့သိတဲ့အတိုင်း ဘယ်မှလဲမသွားရတော့အဲ့အိမ်လဲ မလည်ဖြစ်တော့ဘူး
Covid first wave မှာတုန်းကအားလုံးအေးဆေးသေးတယ် ဘာမှမဖြစ်သေးဘူး
Second wave မှာ အဲ့ဦးလေးကို covid ကူးရော
ဦးလေးကတစ်ယောက်ထဲသမားဆိုတော့ ဆရာဝန်ကိုပဲအိမ်ခေါ်ကုတာ ( ညီမတို့မြို့က ခြံတစ်ခြံနဲ့တစ်ခြံတွေက အဝေးကြီးမို့ quarantine ဝင်တာထက်စာရင်
တစါအိမ်မှာနေတာကပိုအဆင်ပြေတယ်ပေါ့နော်)
အဲ့ဦးလေးလဲ ဆေးကုဘာညာနဲ့ second wave ကျော်သွားနိုင်ပေမယ့် သူ့ကိုကြည့်ရတာအရင်နဲ့မတူတော့ဘူး အမြဲတမှိုင်မှိုင်ဖြစ်နေတော့တာ
ညီမတို့နဲ့စကားပြောဖြစ်ရင်လဲ သူ့မိသားစုကိုလွမ်းကြောင်းတွေရယ် အရင်ကလိုဆိုင်လေးဖွင့်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေချင်တဲ့အကြောင်းတွေရယ် အဲ့ဟာပဲထိုင်ပြောနေတာ တစ်ခါတလေ သူဖျားတုန်းက သူ့မှာတစ်ယောက်ထဲတဲ့ တော်သေးတာပေါ့ညဆို မရင်သိန်း(အမည်လွှဲ) လာစောင့်ပေးလို့ သူအထီးမကျန်တာ ဘာညာနဲ့ ပြောနေတတ်သေးပြန်ရော
(မရင်သိန်းဆိုတာက ဆုံးသွားတဲ့သူ့မိန်းမပါနော်)
ညီမကတော့ ကလေးတွေကိုပုံပြင်တွေပြောပြီးစနေတယ်ပဲထင်တာ အဲ့တာကြောင့်မို့ အရေးမစိုက်မိခဲ့ဘူး
တစ်ရက်ကျ ညီမတို့ကို ဒီနေ့တော့ဦးလေးစောစောပြန်ရမယ် ဦးလေးမိန်းမက ခရီးထွက်ဖို့ခေါ်နေတာကြာပြီ ဒီခါမှမလိုက်သွားရင် စိတ်ဆိုးတော့မယ် ဆိုပြီးပြန်သွားကော
နောက်ရက်မနက်အစောကြီးညီမအိပ်နေတုန်း အမေကနေပြီးလာနှိုးတာ အရှေ့အိမ်က ဦးလေး ကြိုးဆွဲချသေသွားပြီဆိုပြီး အဲ့ကျမှ သွားကြည့်တော့ ဟိုလိုတန်းလန်းကြီးလဲမဟုတ်ခုံပေါ်မှာ မတ်တပ်ရပ်ထားသလိုလေး ကြိုးဆိုတာကလဲ သူ့ပုဆိုးအသစ်လေးကိုမှ ဒီတိုင်းလေးချိတ်ထားတာလေးပဲ
အဲ့လိုနဲ့အဲ့ဦးလေးဆုံးသွားတော့ အသုဘကို အဲ့အိမ်မှာမလုပ်ဘူး သူ့သားနဲ့သမီးက သူတို့ပြောင်းနေတဲ့နေရာမှာပဲဆွမ်းကျွေးလိုက်တယ်လို့ ကြားတာပဲ
ညီမတို့လဲ ပထမသုံးရက်လောက်ကကြောက်သေးတယ် အစိမ်းသေဆိုပြီး
နောက်ကျတော့မကြောက်တော့ဘူး မကြောက်တဲ့အပြင် ညီမက ညနေကြီးအဲ့အိမ်လမ်းရှေ့ ဆိုင်ကယ်မောင်းသင်တာ သင်တာထက်မောင်းကြည့်နေတာ မောင်းတတ်ကာစလေးဆိုတော့ ဆိုင်ကယ်ကိုသိပ်မထိန်းနိုင်ဘူး မောင်းနေရင်းခဲလုံးတက်ကြိတ်မိပြီးမှောက်ကော မှောက်တာမှ အဲ့အိမ်ကခြံတံခါးနဲ့ပါဝင်တိုက်တာ အဲ့ချိန်သရဲဘာညာမတွေးနိုင်သေးဘူး ဆိုင်ကယ်မှောက်တာ အမေသိရင် ကျောပြင်ဗြောတင်ခံရမှာကိုး အဲ့တာနဲ့အိမ်ကမသိအောင် တိတ်တိတ်လေးဆိုင်ကယ်ပြန်သွင်းပြီးမှိန်းနေလိုက်ရော
အိမ်ထဲဝင်ဝင်ချင်းဘာသတိထားမိလဲဆို အိမ်ကမွေးထားတဲ့ခွေးလေးက ညီမကို မြင်တာနဲ့လေ အကွယ်တစ်ခုမှာသွားပြေးပုန်းပြီးအီနေတာ ပြီးတော့ တုန်နေရော
အဲ့ချိန်မှာ လူကဘာရယ်မဟုတ် ကြက်သီးကတော့တော်တော်ထနေပြီရယ်
အဲ့လိုနဲ့ ညရောက်တော့ ညီမလေးက အိမ်သာသွားမယ်ဆိုပြီး ထသွားရော ပြီးတော့ချက်ချင်းပြန်ဝင်လာပြီး မမကြီး အခန်းဝမှာတော်တော်နံနေတယ် ဘာအပုပ်နံ့ကြီးလဲမသိဘူးဆိုပြီး လာပြောတော့လိုက်ကြည့်တာ အဲ့မှာထွက်ထွက်ချင်း အနံ့ကလှိုက်ခနဲပဲရတာ ပြီးတော့တစ်ယောက်ယောက်ကရပ်နေသလိုကြီးကွာ ခံစားရတာ
ခေါင်းမွှေးတွေထောင်ထလာပြီး စိတ်ထဲကမရတော့ဘူးပြေးရတော့မယ် ဆိုပြီးညီမလေးလက်ကိုဆွဲပြီးပြေးတာ အမေနဲ့အဖေ့အခန်းထဲကို အမေနဲ့အဖေကအိမ်ပေါ်ထပ်မှာအိပ်တာ ညီမတို့နှစ်ယောက်ကအောက်မှာ
အဲ့လိုနဲ့ အိမ်ပေါ်ပြေးတက်တဲ့ချိန် အဲ့အပုပ်နံ့ကလဲ အလုံးလိုက်ကြီးလိုက်လာတာ ခွေးလေးကလဲဂနာမငြိမ်တော့ဘူး အရမ်းအော် ညီမလေးကလဲငို ညီမကလှေကားပေါ်တက်နေပေမယ့်တစ်ဝက်လောက်ကနေမရွေ့တော့ဘူး ခန္ဓာကိုယ်ပေါ်တဖြည်းဖြည်းတက်ဖိလာသလိုခံစားနေရရော အဲ့လိုဆူညံနေတာတောင်လေ အဖေနဲ့အမေကလုံးဝမနိုးဘူး ပုံမှန်ဆို နှစ်ယောက်လုံးအအိပ်ဆတ်တဲ့သူတွေက
ညီမကလဲလုံးဝလှုပ်မရတော့ ညီမလေးကလဲငိုနေတာညီမကိုကြည့်ပြီး အဲ့တာနဲ့ ညီမလေးကိုမကြောက်နဲ့မမကြီးကကြွက်တက်နေလို့ သွားသွား အဖေနဲ့အမေ့ကိုအမြန်သွားနိုးပေးဆိုပြီးလွှတ်နိုးခိုင်းရတယ် အဲ့ချိန်ညီမကိုယ်ကတော်တော်လေးလေးကြီးဖြစ်နေပြီ လူကလဲအရမ်းကိုအိပ်ချင်လာတာ အိပ်မပျော်အောင်ဆွဲဆိတ်နေတာသွေးပါထွက်တယ် လူကထုံနေတော့ဘာမှမသိသလို ဘုရားစာရွတ်ဖို့လဲ သတိမရ ခဏနေတော့ အမေကောအဖေကောရောက်လာတာ အဖေက အဲ့လိုမမြင်အပ်တာတွေ မြင်ရတတ်တယ် ညီမကိုလဲမြင်ရော
ဟင် ကိုအောင်မင်းကြီး(အမည်လွှဲ)ဆိုပြီး သေသွားတဲ့ဦးလေးနာမည်ထခေါ်ရော အဲ့မှာအမေကသဘောပေါက်ပြီးပရိတ်ရည်သွားယူ ညီမကိုကောက်ပက်မှ ညီမလှုပ်လို့ရသွားတာ တစ်ခုခုက ညီမအပေါ်ကနေပြုတ်ကျသွားသလိုခံစားရတာ အဲ့ကျမှလေ အဖေ့ကိုပြေးဖက်ပြီးငိုတာ
အမေက ညီမကိုကော ညီမလေးကိုကော ပရိတ်ရည်တိုက် သူတို့အခန်းထဲပဲ အိပ်ခိုင်းတော့တာ အခန်းထဲလဲတရားခွေဖွင့်ထားလိုက်တော့တာ

(မပြီးသေးဘူးနော်တရားခွေပြီးသွားတော့ဆက်သောင်းကျန်းသေးတယ် ခုကညကြီးရေးတာဆိုတော့ကြောက်လာလို့ part 2ရေးပေးမယ်နော် Anonymous နဲ့ဆိုတော့ link ချပေးပါ့မယ်
Anonymous နဲ့ရေးတာက တစ်ဖက်က မိသားစုဝင်တစ်ယောက်ယောက်မြင်သွားခဲ့ရင်အားနာစရာတွေဖြစ်ကုန်မှာဆိုးလို့ပါရှင့် မနက်မှပဲ part 2 ရေးပေးတော့မယ်နော်)

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now