167

161 10 0
                                    

ဝိဇ္ဇာကြီးတွေ ယက္ခကြီးတွေ နဲ့ ပက်သက်တဲ့ ငယ်ငယ်က မြင်တွေ့ခဲ့တဲ့အကြောင်းတွေ ဆက်ပြောပြပါဦးမယ်.. မပြောခင် ကျွန်တော့ဖြစ်စဥ်လေးကနေ အစချီပြီးပြောပြမယ်

အချိန်နဲ့ နေ့ရက်ကိုတော့ အတိအကျ မမှတ်မိတော့ဘူး ဒါပေမဲ့ ကြုံခဲ့ မြင်ခဲ့ရတာတွေကိုတော့ တသက်လုံး မမေ့တော့ဘူးဗျ.... အိမ်မှာ Sunday ရောက်ပြီဆို အမြဲ လူတွေ တရုန်းရုန်းနဲ့ အဘ ဆီ လာကြတယ်ဗျ.ပြီးတော့ အိမ်မှာက အကြားအမြင်တွေလို ဓာတ်ခန်းဖွင့်ပြီး ဆိုင်းဘုတ်တွေ ဘာတွေလည်း မထောင်ထားဘူးဗျ. သိတဲ့ သူတွေပဲ အလျှိုအလျှို လာကြတာ..တစ်ရက်ကျတော့ ညဘက်တွေ ကျွန်တော် အိပ်မက်မက်လာတယ်.ကျွန်တော့အိပ်မက်ထဲမှာ ကျွန်တော်က အိမ်နောက်ဖေးရေကပြင် ကနေ အိမ်ရှေ့ကို ကြည့်နေတာ အဲ့မှာ Kaလားမကြီး ၃ယောက်ဗျ.. ဝတ်စားထားတာတွေက Kaလား ကားထဲက မင်းသမီးတွေ ဝတ်သလို တစ်ကိုယ်လုံး ရွှေတွေ ချည်း တလက်လက် ထနေတာ..အဲ့ ၃ယောက်က အသက်ငယ်ငယ်လို့မထင်ရပဲ အသက်30ကျော် အရွယ် တောင့်တောင့်တင်းတင်းနဲ့ မိန်းမတွေရဲ့ အလှနဲ့ တော်တော်ပြည့်စုံတာဗျ..သူတို့ခြေထောက်က ရွှေကွင်းလေးတွေက တချွင်ချွင်နဲ့ ကြားနေရတာ သူတို့က အိမ်ပေါက်ဝက တက်လာပြီးရင် ဘာမှမပြောပဲ ဘုရားခန်းထဲကို ဝင်ဝင်သွားကြတာ အဲ့လို အိပ်မက်မက်တာ ရက်တွေ ဆက်လာတယ်ဗျ..

နောက်ဆုံး အမေ့ကို ပြောပြလိုက်တော့ အမေက ပြောတယ်
" အဲ့ဒါ မမြင်ရတဲ့ အစောင့်အရှောက် ပုဂ္ဂိုလ်တွေလေ သူတို့ဘာသာနေကြတာ သားကို ဘာမှမလုပ်ပါဘူး အမေလည်း အမြဲတွေ့တယ် အမေ ထမင်းချက်ပြီဆို ရိတ် ခနဲ ရိတ်ခနဲ အဲ့ Kaလားမကြီးတွေ ဘုရားခန်းထဲဝင်ဝင်သွားကြတာ " ဆိုပြီးပြောပြတာ
ကျွန်တော်က အိပ်မက်ထဲမှာပဲ မက်တာ ကျွနိတော့အမေက အပြင်မှာ ကိုယ်တိုင်မြင်ရတာဗျ မကြာဘူး အဖေပြန်ရောက်လာတာနဲ့ အမေက ပြောတာ ကျွန်တော်လည်း ဘေးမှာရှိနေလို့သိတာ

"( ကို .. ) နင့်သားက အိပ်မက်တွေတောင်မက်နေပြီနော် ဒီတစ်ခါ နင့်သားကိုလည်း နည်းနည်းပါးပါး စစ်ဆေးကြည့်ဦး ငါ့သား ငါ့ကို လာလာပြောနေတာ ၅ခါ မကတော့ဘူး " လို့ပြောတော့ အဖေက ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောတာ ဘာမှမဖြစ်ပါဘူး အေးဆေးပါ ဆိုပြီး..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now