33

281 16 0
                                    

ကိုယ့်ရဲ့ဘဝမှာ ပထမဆုံးသရဲခြောက်ခံရတဲ့ အတွေ့အကြုံလေးပါ👻
Covid third waveအစလောက်က stay homeနေရတာလဲကြာတော့ ပျင်းလာကြပြီး ကိုယ်နေတဲ့မြို့နဲ့ ၁၀မိုင်နီးပါးလောက်ဝေးတဲ့ လယ်တွေ အခင်းတွေဖက်ကို ညအိပ် အပျော်သွားဖို့ လူစုကြတယ်။
အကိုဝမ်းကွဲနဲ့သူ့သူငယ်ချင်းတွေက ၄ယောက် ကျမတို့မိန်းကလေးတွေက ၅ယောက် စုစုပေါင်းကိုးယောက်သွားကြတာပေါ့။
ခရီးတွေ မသွားရတာလဲကြာ လူငယ်တွေချည်းပဲဆိုတော့ လွတ်"လပ်"နဲ့ ပျော်ရွှင်မြူးထူးပြီး ဘယ်လိုရောက်သွားမှန်းတောင်းမသိဘူး။
ကျမတို့နေမဲ့တဲက သေးသေးလေးနဲ့အကာအရံတွေလည်းမရှိဘူး။လူအိပ်တဲ့ အခန်းသေးသေးလေးတခုပဲ ဖြစ်သလိုကာထားတယ်။
တဲရဲ့အရှေ့မှာ တဲကိုကပ်ပြီးပေါက်နေတဲ့ ဘာပင်မှန်းမသိတဲ့အပင်ကြီးကြီးတခုကလဲရှိသေးတာ။ ဘေးပတ်လည်မှာ ဘာမှမစိုက်ပျိုးပဲ လယ်ထွန်ထားတဲ့ လယ်ကွက်တွေရှိတယ်။လယ်ကွက်ရဲ့ဘေးမှာက လူတရပ်ကျော်လောက်ရှိတဲ့ ကိုင်ပင်းတွေနဲ့ချောင်းသေးသေးလေးတခုရှိတယ်။‌‌အနီးနားပတ်ဝန်ကျင်းကတဲ‌‌ေတွကလဲ ချောင်းဟိုဖက်ကမ်းဆိုတော့ အတော်လှမ်းတယ်ပြောရမယ်။
တဲရောက်တော့ နားကြ ချက်ကြပြုတ်ကြ နဲ့ညနေစောင်းသွားတယ်။တဲပိုင်ရှင်လင်မယားက လူများလို့ တခြားတဲမှာသွားအိပ်မယ် ညတော့ တခေါက်ပြန်လာခဲ့မယ်ပြီး ထွက်သွားရော။
ကိုယ်တွေလဲ မြို့ပြရဲ့အဝေးက လေအေးအေးတွေခံစား နေဝင်တာတွေကြည့်ပြီး အသားကုန်ပျော်နေကြတာ။
ညရောက်တော့ ပုရစ်ကောက်ကြမယ်ဆိုပြီး လက်နှိပ်မီးကိုယ်စီ ‌နဲ့လယ်ကွက်‌ထဲတွေဆင်းကြရော။
ကျင်း‌အပေါ်ကိုတက်လာတဲ့ ပုရစ်ကို လက်နှိပ်မီးနဲ့ ရှာကောက်ပြီး ဗူးထဲထည့်ရတာ ပုရစ်တွေဆို အတောင်အလက်တောင် မစုံသေးဘူး။
အဲ့ဒီလို စကားတပြောပြောနဲ့ ကောက်ရင်းကောက်ရင်း တယောက်တနေရာစီ ဝေးသွားကြရော။ ဝေးပေမဲ့ လယ်ကွင်းပြောင်ပြောင်ဆိုတော့ တယောက်နဲ့တယောက်တော့ လှမ်းမြင်ရတယ်။
အဲ့ဒီမှာပဲ ကိုယ်လဲကောက်နေရင်း အနောက်ကနေ လူတယောက်ပါလာသလိုခံစားရနေတယ် လှည့်တော့ မကြည့်ဖြစ်ပေမဲ့ အဖွဲ့ထဲက တယောက်ယောက်ပဲထင်ပြီး စကားတွေတောင်ပြောနေသေးတာ။
တဖြည်းဖြည်းနဲ့ အနောက်ကတယောက်က ဘေးဖက်ကို ရောက်လာရော။ကိုယ်လဲ ကုန်းကုန်းကြီးရှာနေရတာဆိုတော့ မော့မကြည့်မိဘူး။ခြေထောက်ကိုကြည့်တော့ ဖိနပ်ကမပါ လုံချည်က အနီရောင်ကိုတော်တော်မွဲနေပီ။အဖွဲ့ထဲမှာက လုံချည်ဝတ်တဲ့သူမရှိတော့ တဲပိုင်ရှင်အန်တီ ပဲလို့ထင်ပြီး
"အန်တီ ပုရစ်က ဒီညသိပ်မထွက်ဘူးနော် အရင်နေ့ကလဲ အဲ့လိုပဲလား" အဲ့လိုတွေစုံနေအောင်ပြောပေမဲ့
ဟိုဖက်က စကားပြန်မလာဘူး။
နည်းနည်းတော့ ထူးဆန်းတယ်ထင်မိပြီး ကြည့်မလို့အလုပ်မှာ အမတယောက်က
".....တယောက်ထဲ အဝေးကြီးမသွားနဲ့ ဒီဖက်ကိုပြန်လာ လက်နှိပ်မီးက မလင်းပဲနဲ့ ဘာတွေရှာနေတာလဲ"ဆိုပြီး လှမ်းအော်ရော။
ကိုယ်လဲအံ့ဩသွားပြီး ဘေးဘီကို လှမ်းလည့်ကြည့်တော့ ကိုယ့်နားလူတယောက်မှမရှ်ိဘူး။ပြေးသွားရင်တောင် လယ်ကွင်းပြောင်ပြောင် လယ်ထွန်ထားတဲ့ မြေစာခဲတွေကြားထဲ အမြန်တော့မပြေးနိုင်ဘူး ။ ပြေးနိုင်ရင်တောင် လူရိပ်ကတော့ မြင်ကိုမြင်ရအုံးမှာ ခုတော့ဘေးမှာတယောက်မှကိုမရှိဘူး။
ဆံပင်တွေထောင်သွားသလားထင်ရအောင် ကြက်သီးမွှေးညှင်းတွေရောထပြီး အသကုန်ပြေးတာ သရဲခြောက်တယ် သရဲခြောက်တယ်ဆိုပြီး
ဒါပေမဲ့ တယောက်မှမယုံကြဘူး။
အကိုက မကောက်တော့နဲ့ဆိုပြီး လူအားလုံးကိုခေါ်ပြီး တဲပေါ်ပြန်တက်ကြတယ်။ကိုယ်လဲ ဇွဲမလျော့ဘူး တကယ် သရဲခြောက်တယ်ဆိုတာကို ထပ်ပြောပေမဲ့ မယုံကြပါဘူး။
အဲ့ဒီမှာ အမက နင်မီးလဲမလင်းပဲနဲ့ ဘယ်လိုရှာနေတာလဲတဲ့။ကိုယ်လဲငြင်းတာပေါ့ လင်းတယ် ပုရစ်တွေတောင်အများကြီးရတာဆိုပြီး တကယ်လဲရတယ် တခြားသူတွေရဲ့ သုံးဆလောက်ကို ကိုယ်ကရတာ။အမက လက်နှိပ်မီးကို ထွန်းကြည့်တယ်။မလင်းဘူး။
ခုနက လင်းတယ် အခုမှပျက်သွားတာနေမယ်ဆိုတော့ လက်နှိပ်မီးကို ဖွင့်ကြည့်တယ် ဓာတ်ခဲက တလုံးမှကိုမရှိဘူး။
ကျန်တဲ့သူတွေလဲ နည်းနည်းတော့ လန့်လာကြပြီ။
အဲ့ဒါနဲ့ အကိုကပဲ နင်ပြေးရင်းလွားရင်း ဓာတ်ခဲကျခဲ့တာနေမယ်ဆိုပြီး တခြားစကား‌တွေဆက်ပြောနေတယ်။
ကိုယ်လဲ ဘာမှဆက်မတွေးတော့ပဲ ပေါ့ပေါ့ပဲထားလိုက်မိတယ်။ညနက်လာတော့ အခန်းထဲ မိန်းကလေး ၅ယောက်အိပ်ပြီး အပြင်မှာယောက်ျားလေး ၄ယောက် အိပ်ကြတယ်။ညပိုင်း တစ်နာရီခွဲလောက်ကြတော့ အပြင်ဖက်က ယောက်ျားလေးတယောက်က ဝူးဝူးဝါးဝါးတွေထအော်ရော။အားလုံးနိုးလာပြီး ဘာဖြစ်တာလဲ ဘာညာဆိုတော့ တဲအပြင်ကအပင်ကနေ ငုတ်တုတ်ကြီးထိုင်ပြီးကြည့်နေတယ်တဲ့။
သူ့မှာ ကြောက်လွန်းလို့ မျက်ရည်တွေရော ကျပြီး တဆတ်ဆတ်တုန်နေတာပဲ။
သူကလွဲပြီး ကျန်တဲ့သူ‌တွေက မမြင်ရဘူး။
စိတ်ထင်တာနေမှာပါ အိပ်ပါဆိုပြီး ပြောတော့
လက်ညိုးကြီးထိုးပြီး ဆဲနေတယ်တဲ့ အပင်မှာလဲ ငုတ်တုတ်ကြီး ဟိုအကိုင်းကူးလိုက် ဒီအကိုင်းကူးလိုက်နဲ့တဲ့။
အဲ့ဒီမှာ ကိုယ်က ကိုယ့်ကိုခြောက်တဲ့ သရဲနဲ့တူတူပဲလားဆိုပြီး လုံချည်ဘာအရောင်ဝတ်လဲဆိုတော့ အနီရောင်တဲ့လေ။အင်္ကျီက နို့နှစ်ရောင် ရင်စေ့နဲ့တဲ့။
သေချာပြီ‌ ဒါကိုယ့်ကို ခြောက်တဲ့သရဲပဲလေ ။
တော်သေးတယ် ငါမော့မကြည့်လိုက်လို့ သူ့မျက်နှာကြီးမမြင်ရတာဆိုပြီး ကျေးဇူးတင်နေရသေးတယ်။
တတ်သလောက် မှတ်သလောက် ဘုရားစာတွေ ရွတ်ကြပြီး အကုန်အခန်းထဲစုအိပ်ကြတယ်။
အခန်းကကျဉ်းတော့ လှဲအိပ်လို့တော့မရဘူး ကိုယ့်ဒူးကိုယ်ဖက်ပီး ထိုင်ရင်းစကားဘာညာပြောကြတာပေါ့။
သရဲမြင်လိုက်ရတဲ့ ကောင်လေးကို ချော့ပြုပြီး အပင်ဖက်ကို မမြင်ရတဲ့ အကွယ်မှာထားတယ်။
အဲ့မှာကိုယ်က အခန်းအပေါက်ဖက်ရောက်သွားရော။အခန်းအပေါက်ဝက တံခါးရွက်မရှိဘူး အပြင်ကို ဒီတိုင်းမြင်နေရတယ်။
ဒါပေမဲ့လဲ ကိုယ်က မမြင်ရတော့ ကိစ္စတော့မရှိဘူးပေါ့။၁၀မိနစ်လောက်ကြာတော့ တဲခေါင်မိုးပေါ် တဟီးဟီးအသံကြီးပေးပီး ခုန်နေတယ်။နာရီဝက်လောက်ကို ကြာတယ်။အားလုံးလဲ ငိုတဲ့သူကငို ဘုရားစာဆိုတဲ့သူကဆိုနဲ့ ဗြောင်းဆန်နေတာပဲ။
‌နည်းနည်းကြာတော့ သဲတွေနဲ့ပက်ရော ။သဲတွေကြားထဲ ခဲလုံးအကြီးကြီးတွေကပါ ပါသေးတယ်။အသံတော့ မပေးတော့ဘူး သဲတွေနဲ့ပဲပက်နေတာ။ ကိုယ်က အပေါက်ဝကဆိုတော့ သဲတွေက ကိုယ့်ဆီပဲ လာမှန်တော့ စောင်ခြုံထားရတယ်။
ကြာတော့ အားလုံးလဲ ငိုက်လာပြီ အသံလဲမကြားရတော့ မကြောက်ကြတော့တာလဲ ပါမှာပေါ့။
ကိုယ်က အပေါက်ဝကနေ သဲတွေနဲ့ ပက်ခံနေရတော့ အိပ်ဖို့နေနေသာသာ ပူလာလို့ ချွေးတွေပြန်နေရောပဲ။
နည်းနည်းတိုးပါအုံးလို့ ပြောစရာနေရာကလဲမရှိတော့ဘူး။
သဲတွေပက်တာ တော်တော်ကြာလာတော့ သူလဲညောင်းလာလို့ ထင်တယ် ရပ်သွားတယ်။
အားလုံးကလဲထိုင်လျက်အိပ်ကုန်ကြပီ။
အဲ့မှာ ကိုယ်က လျှာရှည်ပြီး သွားပြီလားလို့ စောင်ကြားထဲကနေ ချောင်းကြည့်လိုက်မိတယ်။
အား လား လား.....
ဆရာမက အပင်‌‌ေပါ်မှာ ဇောက်ထိုးကြီး ခြေထောက်က အပင်ကိုင်းမှာ ချိတ်ထားပြီး အရှေ့အနောက်လွဲယမ်းနေတာ။
မျက်လုံးကတော့ ကိုယ်တွေအခန်းဖက်ကိုပဲ ကြည့်နေတာ ကိုယ်ကြည့်နေတာမြင်တော့ လွဲယမ်းနေတာကို ရပ်လိုက်ပြီး အေးစက်စက်ကြီးပြုံးပြတယ်။သူ့မျက်နှာကလေ ဝါဝါကြီးကိုမှ မျက်လုံးက ဟိုးအောက်ထဲထိကို ဝင်နေတာ။
batteryမီးချောင်းမှိန်မှိန်အောက်မှာ ဆံပင်စုတ်ဖွားနဲ့ ဇောက်ထိုးကြီးကို မြင်ရတော့ အသံတောင်မထွက်နိုင်တော့ဘူး။
မျက်လုံးကို မှိတ်ချလိုက်ပြီး မမြင်ချင်ယောင်ဆောင်နေဖို့ ဆုံးဖြတ်လိုက်ကာ ငုတ်တုတ်ကြီး အိပ်နေလိုက်တယ်။
အဲ့ဒီမှာလေ "နင် မြင်ရတာ ငါသိတယ်နော် ဟီးဟီးဟီး"ဆိုပြီး ဇောက်ထိုးကြီး အသားကုန်လွဲယမ်းနေတယ်။
သူလွဲတာက အားပါလွန်းလို့ အပင်တွေပါ ယိမ်းထိုးပြီး အသံတွေမြည်ကုန်ရော။
ကိုယ်လဲ မရတော့ဘူး လူအုပ်ထဲ အတင်းခုန်ဝင်းပြီး အသားကုန်အော်တာပေါ့။
အပင်မှာ ဇောက်ထိုးကြီး ဇောက်ထိုးကြီးဆိုတော့
ပထမမြင်လိုက်ရတဲ့ ဟိုကောင်လေးကပါ ထငိုရော။
ကျန်တဲ့သူတွေလဲ လန့်ဖြန့်ပြီး ဘုရားစာတွေဆို အမျှတွေပေးလုပ်ကြပေမဲ့ သူကမမှုဘူး။
တဲခေါင်မိုးပေါ်တက်ပြေးလိုက် သဲတွေနဲ့ပက်လိုက် တဟီးဟီးရယ်လိုက်နဲ့ လုပ်နေတာ မိုးလင်းပေါက်ပဲ။
မနက်လဲ လင်းရော အထုပ်တွေသယ်ပြီး အိမ်ပြန်ပြေးကြတာပဲ အိမ်ရောက်တော့ သုံးရက်လောက်ဖျားသွားတယ်။
လုံချည်အနီရောင်ဆို မြင်ကိုမမြင်ချင်တော့တဲ့အထိပဲ😷
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now