52

240 18 0
                                    

ကြုံဖူးတဲ့ ဘဝတစ်ကွေ့က အခြောက်ခံရတဲ့
အကြောင်းပြောပြမယ် ဝတ္ထုတွေလိုတော့ ဖတ်လို့ကောင်းအောင် မရေးပြတက်ဘူးဗျာ နားလည်ပေးကြပါပေါ့

ကျွန်တော်က Marketing သမားပါ
နယ်တွေလိုက်ပြီး ပစ္စည်းပို့ရတယ်
Marketing မျိုးစုံလုပ်ဖူးတယ်
စက်ပစ္စည်း၊ စားသောက်ကုန်၊ ဖုန်း Sim Card /Bill
နယ်ဝေး Delivery Man လည်း လုပ်တယ်

ခုပြောမှာက ဖုန်း Sim Card နဲ့ Bill အရောင်းသမားတုန်းက
ကြုံခဲ့ရတဲ့ အဖြစ်ပါ
ရုံးကို အချိန်မီ ပြန်လာရတယ် အချိန်မီပြန်မလာနိုင်ရင်
အဆင်ပြေတဲ့ နေရာမှာ အိပ်ရတယ် တည်းခိုဖို့ ပြောလို့ရရင်တော့ ပြောပေါ့ မရရင်တော့ ကြုံတဲ့ နေရာ အိပ်ရလေ့ ရှိတယ်
အမြဲတမ်းတော့ မဟုတ်ပါဘူး

မိုးချုပ်သွားလို့ ကိုယ်ပြန်မယ့် လမ်းခရီးက အလုအယက်
အသတ်အဖြတ် ရှိတဲ့ နေရာမျိုး ဆို မိုးချုပ်ရင်
မပြန်ရဲဘူး ပိုက်ဆံ ယူထားရုံက ကိစ္စမရှိပေမယ့်
သတ်တဲ့ အထိတွေ ရှိတော့ မပြန်ရတဲ့ နယ်တွေ ရှိတယ်
သေရင် နစ်နာကြေးက 25 သိန်းပဲ ရမယ်

တစ်နေ့တော့ ကျွန်တော်လည်း လကုန်ခါနီးပေမယ့်
Target ပြည့်ဖို့ လိုတော့ နယ်တော်တော်ဝေးဝေးထိ ဆင်းလိုက်တယ် သတ်မှတ်ထားတဲ့ Target ပြည့်မှ Bonus က ရမှာဆိုတော့ Sim Card 150 ရောင်းပေးရမှာ 82 Card လောက် ကျန်နေတော့ ကျွန်တော် မသွားချင်တဲ့ နေရာတွေ ထိ အရဲစွန့်ပြီး
သွားလိုက်တယ် 65 Card လောက် ရောင်းလိုက်ရသလို
Ph Bill 5 သိန်းဖိုးလောက် ရောင်းလိုက်ရတော့ တော်တော်လေး အဆင်ပြေပါတယ် ဒါမယ့် မပျော်နိုင်ပါဘူး အချိန်က 6 နာရီ ထိုးနေသလို နေ့လည်စာ ထမင်းတောင် မစားရသေးဘူး
ပြန်ရင် မဖြစ်တော့လို့ ကျွန်တော် အရင်ဆုံး ဘုန်းကြီးကျောင်းလိုက်ရှာပေမယ့် ရွာက တော်တော်လေး ခေါင်သလို လမ်းတွေကလည်း ကြမ်း ဘုန်ကြီးကျောင်းကလည်း ရှာမတွေ့
အိမ်တွေနဲ့ လည်း တော်တော်လေး လှမ်းလာပြီဆိုတော့
အိမ်တွေမှာ တည်းဖို့လည်း မဖြစ်နိုင်တော့ဘူးလေ

ဒီလိုနဲ့ပဲ သစ်ပင်အကြီးကြီးမှာ ကွပ်ပစ်ရိုက်ထားတဲ့ နေရာလေး တွေ့တယ် လယ်ကွင်းခေါင်ခေါင်ကြီးထဲမှာ
လယ်ကွင်းအဆုံးကို လမ်းကြည့်ရင် အဝေးက သစ်ပင်တွေကို ပြပြလေးပဲ မြင်ရတယ် တော်တော်ကြီးတဲ့ လယ်ကွင်းတွေလို့ ပြောရမှာပဲ
အပင်ကတော့ တော်တော် ကြီးတယ်ဗျ
လူကဗိုက်လည်း ဆာ ပင်ပန်းတာကလည်း အရမ်းဆိုတော့
ကွပ်ပစ်ပေါ် ပတ်လတ်လှန်ပြီး ကိုယ့်ဘဝကို ကိုယ်ပြန်တွေးရင် မျက်စိမှိတ်လိုက်တာ အိပ်ပျော်သွားရော

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now