200(let go II)

320 8 0
                                    

" ဖိုးတင်ကို တမျိုးမထင်ကြပါနဲ့"
======================

"" ဟင်္သာတမြို့ နယ်ထဲတွင်ပါဝင်သော ငမဲအိုင်အုပ်စုထဲမှာ "ချိုးသေအင်း" ဆိုသော ရွာတရွာရှိပါတယ်။ အရွယ်ကြီးမားသော ချိုးသေအင်းကြီးရဲ့ဘေးမှာရွာတည်ခဲ့သောကြောင့် ချိုးသေအင်းရွာဟု ခေါ်တွင်ခဲ့လေသည်။ အိမ်ခြေ၁ရာ၊လူ၃၀၀ခန့် မှီိခိုနေထိုင်ကြပါသည်။ အများစုက ခြံလုပ်ငန်းကိုလုပ်ကိုင်ကြပြီး အနဲ့စုကတော့ အင်းသူကြီး ဦးပျားအုံရဲ့ထံမှာ တံငါအလုပ်ကို အခစားဖြင့်လုပ်ကိုင်ကြပါသည်။
အင်းသူကြီးဖြစ်သလို ရွာလူကြီးလဲဖြစ်တဲ့ ဦးပျားအုံကို တရွာလုံးက ချစ်ကြောက်ရိုသေကြသည်။ ဦးပြားအုံရဲ့ အုပ်ချုပ်မှုအောက်မှာ ရွာသားအားလုံး စည်းစည်းလုံးလုံးနေထိုင်ကြပါသည်။
ချိုးသေအင်း ရွာဟာ အခြားရွာများနှင့်မတူသော အလေ့အထရှိလေသည်။ ထိုအလေ့အထကပင် ရွာ၏နာမည်နှင့် ထပ်တူကျအောင်ပုံဖော်ပေးလျှက်ရှိသည်။
ချိုးသေကုန်းရွာမှာ မင်္ဂလာဆောင်တခုရှိပြီဆိုရင် ကျွေးမွေးစရိတ်အတွက် ကာယကံရှင်တွေက အကုန်အကျခံစရာမလိုပါဘူး....အကျွေးအမွေးတာဝန်အတွက် ရွာကာလသားခေါင်း/ကာလသမီးခေါင်းတွေက ရွာလူငယ်များနှင့်ပေါင်းပြီး တာဝန်ယူစီစဉ်ပေးကြပါတယ်။ ထိုအစီစဉ်ကိုလဲ လူငယ်အားလုံးက တက်တက်ကြွကြွ ပါဝင်ကူညီကြလေ၏။ အကျွေးအမွေးဆိုလို့ ဝက်သားတို့၊ပေါင်မုန့်အုန်းနို့ဆမ်းတို့ကိုပြေးမမြင်ကြပါနှင့် ... ထိုအကျွေးအမွေးက အခြားမဟုတ် "ချိုးကြော်နှင့် ဆီထမင်း"ဖြစ်သည်။
ထိုအကျွေးအမွေးကိုလဲ တနယ်လုံးက နှစ်သက်သဘောကျသဖြင့် ဖိတ်စာမပို့သည့်တိုင် သီတင်းကြားသော ကောစကန်နယ်သားများက လက်ဖွဲ့အကုန်ခံ၍ တကူးတကလာစားကြရာ ကာယကံရှင်တွေအဖို့ လက်ဖွဲ့ငွေအတော်ရကြပါ၏။
ချိုးသေအင်းကြီးဟာ ဧက၁ရာခန့်ကျယ်ဝန်းသည့်အပြင် နွေဘက်ရေခန်းချိန်တွင် အင်းဧရိယာထဲတွင် ဆောက်ကုလားခြုံကြီးများ ထူထပ်စွာပေါ်ပေါက်လာလေသည်။ ထိုခြုံကြီးများဟာ ချိုးငှက်များ၏ တိုင်းပြည်တခုပင်တည်း။ ထောင်မှသောင်းချီသော ချိုးမျိုးစိတ်အပေါင်းဟာ ယင်းနေရာကိုအမှီပြု၍ ပေါချင်တိုင်းပေါနေကြတော့သည်။
ပေါတာကတော့မှန်၏ မင်္ဂလာဆောင်တခုကို ချိုးအကောင်၁ထောင်ရအောင် ဘယ်လိုများဖမ်းကြပါသလဲ......

You've reached the end of published parts.

⏰ Last updated: Sep 24, 2023 ⏰

Add this story to your Library to get notified about new parts!

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now