4

579 36 2
                                    

ဖြစ်ခဲ့တာတော့ ကြာပါပြီ
2020 July 10ရက်နေ့က Mandalay တောင်မှာ
ကိုယ်တွေ့ ကြုံခဲ့ရတာလေးတစ်ခုပေါ့
ကျွန်တော်ကိုယ်တိုင်က ငယ်ငယ်က
သရဲတစ္ဆေအရမ်းကြောက်တတ်တဲ့သူပါ
ဒါပေမဲ့ 18ကျော်ပြီးနောက်ပိုင်းမှာ
ထူးဆန်းတာတွေကို ပိုစိတ်ဝင်စားလာတာနဲ့
ကြောက်တဲ့စိတ်က မရှိသလောက်ဖြစ်သွားတယ်

အဲ့နေ့က နွေရာသီဆိုတာ နေဝင်တာနောက်ကျတယ်
ကျနော်လည်း ဘောလုံးကန်ပြီး ပြန်လာတာ
5 နာရီခွဲဘဲရှိသေးတော့ ဘာမှ လုပ်စရာမရှိတာနဲ့
ဟိုနားဒီနားလျှောက်စီးမယ်ဆိုပြီး စက်ဘီးတစ်စီးနဲ့
ထွက်လာခဲ့တယ်
စီးရင်းစီရင်းနဲ့ ဘူတာကြီးဘက်ရောက်တော့
မထူးပါဘူးလေဆိုပြီး မန္တလေးတောင် တက်ဖို့
ဆုံးဖြတ်လိုက်တယ်
ပုံမှန်နေ့ဆို စက်ဘီးဝတ်စုံ ခေါင်းဆောင်း ရေဘူး ရှေ့မီးနောက်မီး အစုံပါပေမဲ့ အဲ့နေ့က နီးနီးနားနားစီးမယ်ဆိုပြီးမှ ထွက်လာတော့ ပစ္စည်းအစုံမပါခဲ့ဘူး
တောင်ခြေနားရောက်တော့ 6ခွဲနေပြီ
စီးနေကျ ဘော်ဒါတွေ ညီကိုတွေကတော့ တောင်ပေါ်က ဆင်းလာတာတွေ့ရတယ်
ဖြစ်ချင်တော့ အဲ့ချိန် 7 နာရီဝန်းကျင်လောက်မှာ
uni ကနေ emergency meeting ရှိတယ်ဆိုလို့
တောင်တက်လမ်းတစ်ဝက်မှာ စက်ဘီးရပ်ပြီး
zoom meeting ထိုင်နားထောင်နေတာနဲ့ နာရီဝက်လောက် ကြာသွားတယ်
အဲ့အချိန်မှာက တောင်ပေါ်ကနေ ခြေလျင်ဆင်းတဲ့သူတွေ ရှိသေးတယ်
meeting ပြီးတော့ တောင်တက်လမ်းကတဝက်တပြက်မို့
တောင်ထိပ်ထိတက်မယ်လုပ်ပြီး ဆက်တက်တာ
တောင်ထိပ်ရောက်တော့ 7:45 ရောက်နေပြီ
ခန အကြောလျှော့ပြီး ပြန်ဆင်းလာခဲ့တော့
ခြေလျင်ဆင်းတဲ့ အဖွဲ့တစ်ဖွဲ့ရှိသေးတယ်
အားကောင်းတဲ့ ဓာတ်မီးတွေနဲ့ လူလေးငါးဆယ်ယောက်လောက်ရှိတယ်
အစက သူတို့အဖွဲ့နဲ့ အတူတူဆင်းမယ် စိတ်ကူးပေမဲ့
ကြာနေမှာစိုးလို့ဆိုပြီး အရင်ဆင်းခဲ့တာ
စက်ဘီးက မီးကမပါ လမ်းမီးတွေက
လင်းတဲ့နေရာလင်းတယ် မလင်းတဲ့နေရရ မလင်းဘူး
သစ်ပင်တွေကလည်း အုံမှိုင်းနေတာ
လက အလင်းရောင်နဲ့ ဝိုးဝိုးဝါးဝါးဘဲ မြင်ရတယ်
အဲ့တာနဲ့ဘဲ မီးဖွင့် video ရိုက်ပြီး ဆင်းလိုက်တာ
ဖုန်းအားကလည်း 10%အောက်ရောက်တဲ့
noti တက်လာတော့ အိမ်ကဖုန်းခေါ်တာတို့
တစ်ခုခုအရေးကြီးတာဆိုရင် ဖုန်းဆက်ရအောင်လို့
video ရပ်ပြီး မြင်ရသလောက်နဲ့ ဆက်ဆင်းလိုက်တာ
အဆင်ပြေသေးတယ်
အောက်ဆုံးအကွေ့ကနေ စမယ်ဆိုရင်
တတိယမြောက်အကွေ့ကို အပေါ်ကနေ လှမ်းကြားရတာက ခွေးအုပ်ကြီး နဲနဲနောနောခွေးအုပ်မဟုတ်ဘူး
ဟောင်လိုက် အူလိုက်နဲ့ အများကြီးဘဲလို့ တွေးနေတာ
ကျနော် ကိုယ်တိုင်ကလည်း တောင်ပေါ်တက်တိုင်း
ခွေးတွေကို အစာကျွေးနေကျမို့ မကြောက်ဘူး
ဒါမဲ့ အဲ့ခွေးအုပ်ဘေးက ချုံထဲမှာ အဖြူရောင်နဲ့
လူတစ်ယောက်လို အရိပ်တော့ မြင်တယ်
ခွေးအုပ်ရှိတဲ့ လမ်းပေါ်ရောက်တော့
လမ်းပေါ်ကနေ သစ်ပင်ရိပ်ကျတာ မရှိဘဲ
လအရောင်နဲ့ မြင်နေရတယ်
ခွေးတွေက ကျနော့်ကို မကြည့်ဘဲ
ခုနက အရိပ်တွေ့တဲ့ဘက်ကို လှည့်ပြီး
မာန်ဖြီတာတွေ ဟောင်နေတာ အူနေတာတွေ့တယ်
ကျနော်အထင်ကတော့ သူတို့ကိုအစာကျွေးနေကျ
လူတစ်ယောက်မို့လို့ ပျော်ပြီး အတူတူသွားနေတယ် ထင်တာ အဲ့တာနဲ့ စက်ဘိိးကို ဖြေးဖြေးချင်းစီးပြီး
ခွေးအုပ်ရဲ့ သစ်ပင်မရှိတဲ့ ဘက်ကနေ ကျော်လိုက်တယ်
အဲ့ချိန်မှာ စောနက လူတစ်ယောက်ရှိမနေဘူး
ကိုယ့်စိတ်ထဲမှာတော့
"ဟ ဘာတုန်းဟ၊ ခုနကမှ တွေ့လိုက်သေးတယ်၊
အခုကျ ဘယ်တိုင်းပြည်ရောက်သွားတာတုန်း"လို့
စိတ်က တွေးနေတုန်း ခွေးဟောင်တာတွေ အူတာတွေ
အကုန်ရပ်သွားတယ်
အဲ့တာနဲ့ စက်ဘီးခနရပ်ပြီး နောက်လှည့်ကြည့်တာ
တစ်ကောင်မှကို မရှိတော့တာ သစ်ပင်တွေဘက်ကို
ပြေးသွားကြသလားဆိုပြီး ရှာကြည့်သေးတယ်
အစအနက ရှာမတွေ့တာ
"မဟုတိသေးပါဘူး ဒီကောင်တွေက ဘယ်ရောက်သွားတာတုန်း "ဘာညာနဲ့ တွေးနေတုန်း ဘေးကနေ
အင်္ကျီ အဖြူ ဂါဝန်လိုမျိုးနဲ့ မျက်နှာတော့ မမြင်ရဘူး
စိတ်ကတော့ တောလမ်းကနေ လူတစ်ယောက်
ခြေလျင်ဆင်းလာတယ်ထင်ပြီး အဖော်တစ်ယောက်တောင်တိုးလာလို့ဆိုပြီး စိတ်ကတွေးပြီး ဆက်နင်းတာ
နောက်ဆုံးအကွေ့ရောက်တော့ အဲ့အဖြူနဲ့တစ်ယောက်က ကျနော့်ထက် ကြိုရောက်နေတာ
အဲ့အချိန် စိတ်ထဲမှာ မတွေးဘဲ
ပါးစပ်ကနေ "ဒီကောင် ဘာကောင်တုန်းဟ"ဆိုပြီး
ပြောလိုက်တာ
အဲ့အဖြူကောင်နဲ့ အနီးဆုံးနေရာရောက်တော့
အသက် 70အဘွားကြီးအသံလိုမျိုးနဲ့
ထစ်ထစ်အအ ဆွဲဆွဲငင်ငင်နဲ့
"မင်းတော့ သေ...သေနေလိမ့်....မယ်"လို့ ပြောပြိိီိး
တဟီးဟီးနဲ့ ရပ်နေပြီး ကျန်ခဲ့တာ
ကျနော်တောင် ကြောင်သွားတယ်
ဘာလဲဟ ပေါ့
အဲ့တာနဲ့ ဆင်းလာတာ ရေအိုးစင်နားက မုန့်ဆိုင်က သိမ်းပြီး ပြန်တော့မလို့ ဆိုင်ကယ်ပေါ် တက်နေတာ
အကိုရေ ရေဘူးရသေးလား ဘာညာမေးတော့
သူ့က မျက်လုံးပြူးပြီး ပြန်မေးတာ
ငါ့ညီ မင်းအခုမှ တောင်ပေါ်က ဆင်းလာတာလားတဲ့
ဟုတ်တယ်ဗျာ ဘာလို့လဲ ပြန်မေးလိုက်တာ
8နာရီတောငိ ကျော်နေပြီတဲ့ ဒီလမ်းက ညပိုင်းရောက်ရင်
မကောင်းလို့တဲ့ စက်ဘီးစီးတဲ့သူတွေတောင်
7နာရီနောက်ပိုင်း တစ်ယောက်တည်း မဆင်းရဲကြဘူးတဲ့
ငါ့ညီကရော တစ်ယောက်တည်းဆင်းလာတာလားတဲ့
အဆင်ပြေခဲ့တယ်မလားလို့ မေးတယ်
အဲ့မှာ စိတ်က ခုနကဘွားထော်ကိစ္စကို ပြန်တွေးပြီး ကြောင်နေပြီ
ဒါနဲ့ အကို ကျနော် ခုလေးတင်ဘဲ နောက်ဆုံး အကွေ့မှာ ဒီလိုဒီလို ဖြစ်ခဲ့တာပါလို့ ပြောတော့
သူက ပါးစပ်အဟောင်းသားနဲ့ ငါ့ညီ မင်းတော့ ထီထပ်ပေါက်ပြီဘဲတဲ့
အဲ့နေရာက ကြမ်းလို့ကို စက်ဘီးသမားတွေက 7နာရီနောက်ပိုင်း မဆင်းကြတာတဲ့
အဲ့နေရာက တစ်ချို့ သစ်ပင်တွေမှာ သင်္ကန်းတွေတောင် ပတ်ထားတယ်တဲ့
ကိုယ့်မှာတော့ ခုနက ဘာမှ မဖြစ်ခဲ့သလိုနဲ့
ပြန်တွေးပြီး လန့်နေတာ
သွားပြီး အကိုရေ နောက်ရက်မှ တွေ့မယ်ဆိုပြီး ပြန်ခဲ့လိုက်တယ်
လမ်းမှာ စဥ်းစားနေတာ ဘုရားရှိတဲ့ တောင်ပေါ်မှာ
ဒါမျိုးတွေ ရှိနိုင်လို့လား ငါဘဲ အမြင်မှားတာလား
အကြားမှာတာလားနဲ့ တိုင်တွေ ပတ်နေတာ
အိမ်ရောက်မှ အမေ့ကို အကုန်ပြောပြလိုက်တာ
ဒါမျိုးတွေက ဘုရားရှိတဲ့တောင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်
ရှိနေနိုင်တာဘဲတဲ့ ဘယ်နေရာသွားသွား
သရဏဂုံ အမြဲရွတ်ဖို့ ပြောတယ်

ပထမဆုံးကြုံခဲ့တာမို့ ပြန် share ပေးတာပါ
နောက်တစ်ခုက hotel တစ်ခုမှာ ကြုံတာ
ဒါပေမဲ့ သူများတွေ ဖြစ်သလို basin ကနေ ရေကျတာ တံခါးခေါက်တာလောက်ဘဲ ဖြစ်တာမလို့
အကျယ်ချဲ့ရေးမနေတော့ပါဘူး

စကားမစပ်
mdy တောင်မှာ ကြုံခဲ့ဖူးတဲ့ သူတွေရှိရင်လည်း
ပြန်ပြောပေးကြပါအုန်းနော်
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now