75

215 13 0
                                    

ဒါက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ကိုယ်ရင်ဆိုင်ခဲ့ရတဲ့
ဖြစ်ရပ်မှန်ဆိုလဲဟုတ်သလို ကိုယ်ကြုံခဲ့သလိုကြုံတဲ့အခါ
သတိပြုနိုင်အောင် Shareပေးတဲ့သဘောပါ။

ပြီးခဲ့တဲ့လ ၄ ရက်နေ့က မိသားစုလိုက်နေပြည်တော်သွားပါတယ်။
ညောင်ခါးရှည်ဂိတ်ကိုဖြတ်ပြီး ဒိုက်ဦး-စစ်တောင်းလမ်းခွဲကနေ
အမြန်လမ်းပေါ်တက်တော့ ညနေ နေဝင်နေပါပြီ။ စီးတဲ့ကားကလဲ လိုက်ထရပ်အမျိုးအစားပါ၊ ကိုယ်နဲ့ညီလေးက ကားခေါင်းခန်းကနေ လိုက်လာကြတာ။ မိသားစုက နောက်မှာပါ။

ဒီလမ်းအကြောင်း အများကြီးကြားဖူးထားတော့ တခုခုဖြစ်မှာစိုးလို့့
ကားမောင်းတဲ့သူကို လုံးဝအိပ်မငိုက်ရ မပျင်းရအောင်
စကားမရှိစကားရှာပြောရင်း အဖော်ပြုလာပါတယ်။

ဖြစ်တဲ့အချိန်က ၆နာရီကျော် ၇ နာရီလောက်ပါ၊ အပုပ်နံ့က
ဆိုးဆိုးဝါးဝါးကို ရလာတာပါ၊ ပထမတော့ ကိုယ်ထင်တာက
အမှိုက်ပုံတခုခုဘေးကဖြတ်လို့နံတာပဲထင်ပြီး အမှုမဲ့အမှတ်မဲ့ပဲ
နေလိုက်တာပါ။

ဒါပေမဲ့ ကိုယ့်ညီလေးက ကားဘေးအပြင်ကိုလှမ်းလှမ်းကြည့်နေလို့
မသင်္ကာတာနဲ့ သူကြည့်သလိုလိုက်ကြည့်တော့ ကားနဲ့
မလှမ်းမကမ်းမှာ မိန်းမတစ်ယောက်ကို မြင်လိုက်ရပါတယ်။

အဲ့ဒိမိန်းမက ဆံပင်က ပခုံးကျော်လောက်ရှည်ပါတယ်။
မျက်နှာကိုက ဆံပင်တွေနဲ့အုပ်နေလို့ မမြင်ရပါဘူး။
ခါးထောက်ပြီး ကားဘက်ကို မျက်နှာမူပြီး လှမ်းကြည့်နေတာပါ။

အဲ့ဒိပုံစံအတိုင်းပဲ ကားဘေး မလှမ်းမကမ်းကနေ ပေါ်လာလိုက်
ကားရှေ့ကနေ ကြိုရောက်နေလိုက်နဲ့ တဖြည်းဖြည်း
ကားဘေးကနေယှဉ်ပြီး လိုက်နေသလိုမျိုး လေပေါ်မှာရွေ့ပြီး
ပါလာတာ သူကားနားကိုရွေ့လာတိုင်း အပုပ်နံ့ကြီးက
ကားခေါင်းခန်းထဲမှုတ်ထည့်သလိုကို လှိုင်တက်လာလို့
ခေါင်းခန်းထဲရှိတဲ့သုံးယောက်လုံး ပျို့တက်မူးဝေလာတဲ့အထိပါပဲ။

ကားမောင်းသူကတော့ သူ့မြင်ပုံမရပါဘူး၊ ဒါပေမဲ့ အပုပ်နံ့ကြောင့်
သတိထားမိပုံရပါတယ်။ သူ့ဖုန်းကနေ တရားဖွင့်ပါတယ်။
ကိုယ်ကလဲ ကားကိုလုံးဝမရပ်ပဲ ဆက်မောင်းခိုင်းပါတယ်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now