27

323 25 0
                                    


ကျနော့်ဘဝမှာဘယ်လိုမှမမေ့နိုင်တဲ့အရာတခုဆိုမမှားပါဘူး ကျနော့် ကိုယ်တွေ့ဖြစ်ရပ်လေးပါ စာရှည်သွားရင်ခွင့်လွှတ်ပါ အဲ့အဖစ်အပျက်က 2017 တုန်းက ကျနော် နယ်ဖက်ကကောင်မလေးတယောက်နဲ့လိုင်းပေါ်မှာချစ်သူဖစ်ခဲ့ဖူးပါတယ် ချစ်သူသက်တမ်းသုံးလရောက်တော့ ကျနော် မော်လမြိုင် ရိုးကိုးထိသွားတွေ့ခဲ့ပါတယ် ပုံလေးနဲ့ဖုန်းပဲအမြဲပြောဖူးခဲ့ပင်မယ့် အပြင်မှာတွေ့တော့ ပိုတောင်ချစ်ဖို့ကောင်းနေပါသေးတယ်  အဲ့ကိုတခါမှ‌မရောက်ဖူးပဲ သွားတွေ့ရတာဆိုတော့ ပထမတော့ဘယ်လိုများဖစ်နေမလဲတွေးပီးကြောက်တဝက် တွေ့ချင်စိတ်တဝက်နဲ့သွားခဲ့ပေမယ့် လူကိုလည်းမြင်ရော အပျော်တွေစို့သွားတာအမှန်ပါပဲ 😂  ကျနော့်မှာ နှစ်သိန်းကျော်လောက်ပါတယ်ဗျ အမေပေးလိုက်တာ အိမ်ကို သူငယ်ချင်းမဂ်လာဆောင်ဆိုနှစ်ရက်ဆိုပီး လိမ်ပီးလာခဲ့ပေမဲ့ အမေကသိလို့ထင်ပါတယ် နှစ်သိန်းပေးလိုက်တယ် အဲ့တာနဲ့ သူနဲ့စတွေ့တော့ လိုင်းပေါ်မှာရည်းစားဖစ်တာ သုံးလကျော်ပီ ဆိုပေမဲ့ အပြင်မှာစတွေ့တာက ပထမဆုံးဆိုတော့ နှစ်ယောက်လုံးမုန့်ဆိုင်မှာ တယောက်ကိုတယောက်ကြည့်နေရုံကလွဲ သူလည်းအင်တင်တင် ကျနော်လည်း ဘာပြောရမလဲမသိ အဲ့တာနဲ့ ယောကျာ်းလေးဖစ်တဲ့ကျနော်ကပဲ စလိုက်တယ် ပူစီကအပြင်မှာ အသားဖြူပီး ပိုချစ်ဖို့ကောင်းတယ်နော်ဆိုတော့ သူကရှက်ပီးရီပါတယ် အဲ့တာနဲ့ ကျနော်လည်းမှာထားတဲ့ကော်ဖီခွက်ကိုမသောက်ပဲမွှေပီး မျက်တောင်မခတ်ငေးနေမိတာအမှန်ပါ တကယ်လှတာကို 😂 သူကမေးနေတာ ကျနော်မကြားဘူး ဘယ်မှာနေမလဲတဲ့ ကျနော်လည်း တည်းခိုခန်းမှာပဲတည်းမယ်ပြောတယ် သူကစကားလေးဝဲဝဲနဲ့ ပိုက်ဆံတွေကုန်မယ်တဲ့ သူ့အကိုအိမ်မှာနေလေတဲ့ အဲ့အချိန်ရေမော့သောက်နေတာပါ လခွမ်းပါးစပ်ထဲကရေပါပြန်ထွက်တယ် ယောက်ဖအိမ်မှာနေလေတဲ့ 🥴 အဲ့တာနဲ့ ကျနော်ချွေးပါပျံပီး ပူစီကနောက်ပီ ကျနော့်ကို သူကသတ်မှာပေါ့ဆိုတော့ သူကြိုပြောပီးသားတဲ့ သူ့ကောင်လေးအလည်လာမှာကို ပီးတော့ အဆောင်ဖွင့်ထားတာတဲ့ သူ့အကိုက သဘောကောင်းတယ်တဲ့ အဆောင်မှာကျောင်းသားတွေလည်းရှိပါတယ်တဲ့ ညနေ5နာရီသူ့အကိုလာခေါ်ပေးမယ်တဲ့ သူ့ကိုယုံပါတဲ့ 🥴 ကျနော်လည်း ကြောက်ကြောက်နဲ့ အင်းပါ ပူစီ့ကိုယုံပါတယ်လို့ပြောပီး သူကဘာလုပ်ချင်လဲတဲ့ တကယ်ပြောရရင် ကျနော်တယောက်တည်းခရီးထွက်ဖူးတာ အဲ့တုန်းက ပထမဆုံးအကြိမ်မို့ကားပေါ်မှာ မအိပ်ခဲ့ရဘူး ပိုက်ဆံပျောက်မှာထက် လူကုန်ကူးခံရမှာကြောက်ပီး တညလုံး ဇီးကွက်လိုစီးလာရတော့ ကျနော့်တကိုလုံးညောင်းကိုက်နေတာပါ သူကဘာလုပ်ချင်လဲမေးတော့ ကျနော်လည်းဖြေလိုက်ပါတယ် ဟိုတယ်သွားချင်တယ်လို့ သူ့မျက်နှာက နီရဲပီး ဟာ ခုမှတွေ့တာတနာရီတောင်မရှိသေးဘူး  ဆိုပီးစိတ်ဆိုးသွားပါတယ် ကျနော်လည်း ဟာအဲ့လိုပြောတာမဟုတ်ပါဘူး ကျနော် ခုနားချင်နေတာ ညကလည်းမအိပ်ခဲ့ရတဲ့အကြောင်း ကျနော်တခါမှ ခရီးတယောက်တည်းမထွက်ဖူးတဲ့အကြောင်း  သူ့အကိုက ညနေမှလာမှာလေ ခုမှ9နာရီပဲရှိသေးတာ ကျနော်ရေချိူးအိပ်ချင်လို့ ဟိုတယ်သွားမယ်ပြောတာပါ လို့မနဲရှင်းပြရတယ် လခွမ်း 🥴 အဲ့တာနဲ့ဟုတ်ပါပီဆိုပီး သူကလိုက်ပို့မယ်တဲ့ အဲ့တာနဲ့ ကျနော်လည်း အဲ့မုန့်ဆိုင်က ပိုက်ဆံရှင်းပြီး ထွက်လာတယ် သူကဆိုင်ကယ်နဲ့ ရော့မောင်းမလားတဲ့ ဟင့်အင်းမမောင်းဘူးလို့ ကိုယ်လမ်းသိပ်မသိသေးဘူး ပူစီပဲမောင်းလို့ပြောပီး သူ့နောက်ကလိုက်စီးခဲ့ပါတယ် ဟိုတယ်ရောက်တော့ ကျနော်လည်းဇိကပ်နေပါပီ ကျနော်လည်း ပါလာတဲ့ဖုန်းပိုက်ဆံအဝတ်အစားအကုန်သူ့ကိုပေးထားပီး ကျနော်အိပ်လိုက်ပါတယ် ညနေကျသူပြန်လာခေါ်ပါတယ် လေးနာရီထိုးတော့ ကျနော်အိပ်ကောင်းတုန်းပါပဲ သူကနိူးပီးရေချိူး ကိုချမ်းလာတော့မယ်တဲ့ အဲ့တာနဲ့ ကျနော်လည်း ရေချိူးပီး ယောက်ဖနဲ့တွေ့ဖို့ထိုင်စောင့်နေရတာပေါ့ ပြောမယ့်သာပြောတာ မပျော်နေပါဘူး ဘယ်အကိုက ညီမရည်းစားကို ကြည်လို့လဲ ပီးတော့ရန်ကုန်ကနဲ့ ရိုးကိုး နေရာကတခြားစီ သူကတွေ့ချင်တယ်ပူဆာလွန်းတာရယ် ကိုလည်းတွေ့ချင်လို့သာလာရတာ ယောက်ဖနဲ့ အတူနေရမယ်သာသိရင် မလာပါဘူး 🥴 အဲ့လိုနဲ့ ကိုချမ်းနဲ့သူ့ညီမစကားတွေတပြောပြောနဲ့ ကိုရီးက ကျနော့်ကြည့်လိုက် ပြုံးပီးသူ့ညီမကြည့်လိုက်နဲ့ ကျနော်ကတော့ အဲ့ကိုရီးတခါပြုံးပြရင် ကျနော့်မှာလန့်နေတာအမှန်ပါ အဲ့လိုနဲ့ ညီလေးလာတဲ့ အဆောင်သွားမယ်တဲ့ ပူစီက အိမ်ပြန်မှာတဲ့ ညမှတခေါက်ထပ်တွေ့ကြတဲ့ အကိုလိုက်ပို့မယ်တဲ့ ကားပေါ်တက်ဆိုပီး ယောက်ဖနဲ့ကို နှစ်ယောက်တည်းကားပေါ်မှာ ကျနော့်မှာချွေးတွေနဲ့ သူကစလာပြောတယ် ဘယ်ကလာလဲ ဘာညာပေါ့ ကျနော်လည်းပြန်ဖြေတယ် ကျနော့်နာမည်မေးတယ် ကျနော်လည်းပြောပြတယ် မင်းငါ့ညီမခေါ်သလို ကိုချမ်းပဲခေါ်တဲ့ ငါမင်းကို ကိုခန့်လို့ခေါ်မယ်တဲ့ ယောက်ဖကသဘောကောင်းလွန်းပါတယ် ဖော်ဖော်ရွေရွေနဲ့ ဘောဒါပေါင်းပေါင်းတာပါ အဆောင်ရောက်တော့ ကျောင်းသားတွေနဲ့မိတ်ဆတ်ပေးတယ် သူ့ညီမရည်းစား သူ့ညီဆိုပီး အကုန်လုံးကလည်းခင်ဖို့ကောင်းကြပါတယ် ပြသနာကအဲ့မှာစတာပဲ ကျနော်နေရမဲ့အခန်းပြတယ် ကျနော် အဲ့အခန်းဝင်ဝင်ချင်းကြက်သီးထသွားတာအမှန်ပါပဲ အဲ့တာနဲ့ကိုကြီးကရေချိူးခန်း အိမ်သာလိုက်ပြပေးတယ် ယောကျာ်းလေးတွေနေတာဆိုပေမဲ့ သန့်ရှင်းသပ်ရပ်နေတာအမှန်ပါ နယ်ပေါင်းစုံကလာတဲ့ကျောင်းသားတွေ ခင်စရာအရမ်းကောင်းပါတယ် အဲ့တာနဲ့ ကျနော်လည်းအဝတ်စားအိတ်လေးချပြင်ဆင်နေတုန်း ကိုချမ်းက ကိုခန့်ရေချိူးတော့တဲ့ ပူစီနဲ့သူ့ကောင်မလေးစောင့်နေပီတဲ့ အဲ့တာနဲ့ရေချိူးခန်းထဲဝင်တော့ ကျနော်ရေချိူးနေတုန်း ခလေးရီသံလေးကြားပါတယ် ဘာလဲဟဆိုပီးကိုလည်းဆက်ချိူးနေတုန်း နောက်ကနေ ကလေးတယောက်ဖြတ်ပြေးသွားပါတယ် လူလည်းတုန်သွားပါတယ် အဲ့တာနဲ့တိုက်ထားတဲ့ဆပ်ပြာတောင်မပြောင်ပါဘူး ‌ေရလဲပုဆိုးကောက်ဝတ်ပီး အဆောင်ထဲ ဝင်တော့  အဲ့တာနဲ့ ကျနော့်အခန်းဆီသွားတော့ အဲ့မှစတာပဲ ကောင်မလေးဗျာ အသားဖြူဖြူလေးနဲ့ ထဘီရင်လျားနဲ့ကျနော့်အခန်းထဲဝင်သွားတာ ကျနော်လည်းဒီကောင်မလေးငါ့အခန်းထဲဘာဝင်လုပ်တာလဲ ပီးတော့ ယောကျာ်းလေးဆောင်လေဆိုပီး အခန်းဝလိုက်ကျိတော့ အခန်းထဲဘယ်သူမှမရှိပါဘူး ကျနော်လည်းမျက်စိပြူးပီး ကိုချမ်းရေဆိုပီးအော်ခေါ်တော့ ကိုချမ်းနဲ့နောက်ထပ်ကျောင်းသားတွေရောက်လာတယ် ကျနော်မြင်တာပြောပြတော့ သူတို့ကမထူးဆန်းတဲ့ပုံပဲ ကျနော့်ကို ကိုချမ်းကပြောတယ် ခရီးပန်းလာလို့ လျှောက်မြင်နေတာနေမှာတဲ့ ဒီလိုလုပ်တဲ့ ကိုခန့်ကြောက်ရင် ဝက်ကြီးနဲ့တခန်းထဲနေတဲ့ ဒါမှမဟုတ် အကို့အခန်းမှာနေတဲ့ ကျနော်လည်းအဆင်ပြေပါတယ် ဒီမှာပဲနေပါ့မယ်ဆိုပီး ပြောပီး အဝတ်လဲပီး ပူစီနဲ့နှစ်နာရီလောက်သွားတွေ့အဆောင်ပြန်ရောက်တော့ ကိုးနာရီဖစ်နေပါပီ ကိုချမ်းက ကိုခန့်ကစ်တတ်လားတဲ့ ကျနော်လည်း အင်းသောက်တတ်တယ်ဆိုတော့ ကျနော်တိုက်ပါ့မယ်ဆိုပီး နှစ်သောင်းထုတ်ပေးတော့ အကုန်လုံးကဝိုင်ကြည့်တယ် ကိုချမ်းက ငခန့်တိုက်မယ်တဲ့ဟေ့ဆိုပီး ငါးထောင်ပဲယူပါတယ် ကျနော်လည်း လူကအများကြီးမလောက်ဘူးနော် ကိုရီးဆိုတော့ လောက်ပါတယ် ခနစောင့်ဆိုပီး ရေခဲပုံးရယ် လျက်ဆားရယ် ဖက်ကြမ်းတထုပ်ရယ် အရက်ဖြူတွေအများကြီးရယ် လခွမ်းအကျိူးနဲ့အရက်ဝိုင်း ကျနော့်ကိုသောက်လေတဲ့ ထည့်ပေးတဲ့အရက်ဖြူတခွက်နဲ့လျက်ဆားပုံလေးကြည့်ပီး ငိုချင်နေတာအမှန်ပါ ဒါပေမဲ့ အကုန်သောက်နေတော့ ကိုလည်းအားနာပီးလိုက်ကစ်ပါတယ် သုံးခွက်နဲ့ အိမ်တိုင်လည်နေပါတယ် ဂစ်တာတွေတီးရင်းစကားတွေပြောရင်း တော်တော်ခင်သွားကြပါတယ် အဲ့ညက အဲ့လိုနဲ့အကုန်အိပ်ကုန်ပီ ည 12နာရီအတိမှာ ဘောက်နဲ့ချိတ်ထားတဲ့တရားသံအကျယ်ကြီးထွက်လာပါတယ် ဖုန်းနဲ့ချိတ်ပီး အလန်းပေးထားတာမျိူးပါ ကျနော်လည်းလန့်နိုး အံမယ်အကုန်လုံးက နားမှာကိရိယာအစုံအလင်နဲ့ကျိူးနေကြတာ ကျနော်တော့ အိပ်မရပါဘူး နားကိုခေါင်းအုံးညှပ်အိပ်ကျိတယ် မရဘူး ဘယ်လိုအိပ်အိပ်မရဘူး  တရားဖွင့်ထားတဲ့အခန်းထဲကကောင်က တံခါးလော့ခ် ချထတယ် ဘာလဲကွာ တရားလည်းမနာဘဲ တရားကြီးအကျယ်ကြီးဖွင့်ပီး အပီအပြင်ယူနေကြတယ် မနက်ရောက်မှမေးမယ်ဆိုပီးမနက်‌လေးနာရီလောက်ထင်တယ် ကျနော်အိပ်ပျော်သွားတယ်........

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now