87

199 14 0
                                    

ဘယ်တော့မှမမေ့နိုင်တဲ့ ကိုယ့်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်အကြောင်း ပြောပြမယ် အသက်မရှူရဲအောင်ကို တဆတ်ဆတ်တုန်ပြီး ကြောက်ခဲ့ရတဲ့ည

ပထမသမီးဦးကိုယ်ဝန် ၅လမှာ လေအောင့်တာကိုမသိပဲနဲ့ ကိုယ်ဝန်ကြီးနဲ့ မခံမရပ်နိုင်အောင် ဗိုက်အောင့်တယ်ဆိုပြီး ည ၇နာရီ လောက်မှာ အကြောက်လွန်ပြီး သားဖွားဆေးရုံကိုသွားတာ (ဆေးရုံကနာမည်ကြီး အစိုးရဆေးရုံပါ) ဆေးရုံနဲ့အိမ်ကနီးနီးလေး ၅မိနစ်လောက်ပဲ လမ်းလျှောက်ရင်ရောက်တယ်
ဆေးရုံလဲရောက်ရော ဂျူတီကျတဲ့ဆရာဝန်တွေက စမ်းသပ်ပြီး ညဘက်ရောက်လာတာလည်းဖြစ်၊ လိုအပ်တာတွေလဲ မစစ်ဆေးရသေးတော့ Kremil-S ၃လုံး ပေးပြီ ဆေးရုံတင်ထားလိုက်ရော

အရေးပေါ်ကနေ အပေါ်ကိုရောက်တော့ မွေးခါနီးလူနာတွေထားတဲ့အခန်းမှာ နေရတယ် မွေးလူနာတွေနဲ့ လူနာစောင့်တွေက အများကြီးပဲဆိုတော့ ကြောက်ရကောင်းမှန်းလဲ မသိဘူး ဗိုက်ကလဲအောင့်  လူတွေကလဲများလွန်းတော့ ပူလှောင်အိုက်စပ်ပြီး စိတ်တွေညစ်လိုက်တာ
ည ၁၀နာရီလောက်ကျတော့ Nurse ကလာပြီး လိုအပ်တဲ့သွေးဖောက် ဆီးစစ်တွေလုပ်ပြီး ပေးထားတဲ့ ဆေး၃လုံးထဲက ၁လုံးသောက်ခိုင်းတယ် နောက်တော့ ကိုယ်လဲသက်သာသွားတယ် အဲ့အချိန်မှာ လူနာစောင့်ဖို့ လိုက်လာတဲ့ ကိုယ့်ရဲ့အမ၂ယောက်က တိုးတိုး တိုးတိုးနဲ့ ဘာတွေကြိတ်နေကြမှန်း မသိသေးဘူး ကိုယ့်လဲ မပြောပြဘူး သူတို့၂ယောက်က အိမ်သာသွားလဲ တပူးပူး ရေဝယ်လဲ တတွဲတွဲနဲ့ပဲ
အဲ့ညကုန်သွားတယ်ပေါ့
နောက်နေ့မနက် ၈နာရီထိုးတော့ တာဝန်ကျတဲ့ ဆရာဝန်မကြီးက Round တယ် ကိုယ့်ရဲ့ဆေးစစ်ချက်တွေကလဲ အကုန်လုံးကောင်းနေတော့
စောင့်ကြည့်ဦးမယ်တဲ့ ဒီအဆောင်က မွေးလူနာတွေထားတာမို့ စောင့်ကြည့်လူနာဆောင် ပြောင်းပေးပါတဲ့ သူတို့ခေါ်တာကတော့ (E)ဆောင်တဲ့ အပြင်လူတွေအနေနဲ့ အသိများတာကတော့ အနောက်ဆောင်လို့ ခေါ်ကြတာ အဲ့အချိန်မှာ ကိုယ့်လူနာစောင့် ၂ယောက်က မျက်စိပျက် မျက်နှာပျက်ဖြစ်နေပြီ ကိုယ်ကတော့ ဘာမှမသိဘူး ပြောင်းတော့လဲပြောင်းပေါ့ ကောင်းဖို့ အရေးကြီးတယ်ဆိုပြီးနေတာ
ခဏနေတော့ တွန်းလှည်းသမားက လာပြောင်းပေးတော့တာပဲ ကိုယ်နေတဲ့အဆောင်နဲ့ အဲ့အနောက်ဆောင်ကြားမှာ အဆောင်ကူးတံတားလေးရှိတယ် အဲ့ဒီ့ကူးတဲ့လမ်းလေးကိုက တိတ်ဆိတ်ပြီးငြိမ်ကျနေတာ ခြောက်ခြားစရာအရမ်းကောင်းတာ အဆောင်ကို စပြီးဝင်လိုက်တာနဲ့ ဓာတ်လှေကားပျက်ကြီး ကြပ်ခိုးတွေ၊ ဖုန်တွေနဲ့ ဓာတ်လှေကားအရှေ့မှာ
ကုတင်အစုတ်၊ခုံအစုတ်တွေနဲ့ စိတ်ပျက်စရာ ဓာတ်လှေကားရဲ့အနောက်မှာက ကိုယ်နေရမယ့်အခန်း

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now