9

398 27 1
                                    

2019လောက်ကသွေးပျက်စရာတစ်ခုပြောပြမယ်

2019တုန်းကခေတ်ကာလကောင်းတဲ့အချိန်ဆိုတော့ညဘက်တွေအမြဲဆိုင်ကယ်ပတ်စီးလေ့ရှိတယ် ထောက်ကြန့်မှာနေတာဆိုတော့ ညဘက်၉နာရီလောက်ဆိုလမ်းတွေကရှင်းပြီလေ ပုံမှန်နေ့တွေတော့ကိုယ့်မြို့ရပ်ကွက်ထဲတွေပဲပတ်စီးဖြစ်တယ် အဲ့နေ့မှထူးထူးခြားခြား မှော်ဘီက PT Power မှာဆိုင်ကယ်ဆီဖြည့်ပြီး marketမှာဘီယာဝယ်ပြီးဆိုင်ကယ်ပေါ်မှာထိုင်ရင်းလမ်းမကြီးကိုကြည့်ပြီးသောက်ချင်စိတ်ပေါက်လာတယ်
အဲ့တာနဲ့ပဲသွားမယ်ပေါ့ ထောက်ကြန့်မှော်ဘီမှာနေတဲ့သူဆိုသိမှာပါ ထောက်ကြန့်မြို့မှကြိုဆိုပါ​၏ ဆိုတဲ့ဆိုင်းဘုတ်ကျော်ရင် ညောင်ပင်ကြီးတစ်ပင်နဲ့ ထန်းပင်၂ပင်ရှိတယ်ဆိုတာ နမည်ကြီးပါတယ်ခြောက်တယ်တွေဘာတွေဆိုတာ ကိုယ်ကလဲကြောက်တတ်တဲ့ထဲတော့သိပ်မပါဘူး အိမ်မှာကလဲခနခနအခြောက်ခံနေ
တာမို့ ရိုးနေသလိုကိုဖြစ်နေတော့ သွားတာပေါ့အဲ့လမ်း အဲ့အပင်တွေရှေ့ကပဲ
သွားနေရင်းလှော်ကားကျော်လာတော့ဖုန်းဆက်တယ်သူငယ်ချင်းတစ်ယောက်က
သားကြီးမင်းဘယ်မှာလဲ ငါနဲ့ငါ့အကိုနဲ့PT Powerရှေ့မှာသောက်နေတယ် လာမလားတဲ့ ဘယ်လောက်တိုက်ဆိုင်လိုက်လဲဗျာ
အဲ့တာနဲ့အဖော်ရလို့ပျော်ပြီး အေး ငါလဲအခုအဲ့ကိုလာနေတာဆိုပြီးပြောပြီး ဖုန်းချလိုက်တယ် နာရီကိုကြည့်တော့ ၉နာရီကျော်နေပြီ
မောင်းလာရင်းမောင်းလာရင်းနဲ့အဲ့အပင်ရှေ့ရောက်ခါနီးလမ်းကွေ့လေးရောက်တော့ စိတ်ထဲကထင့်ခနဲဖြစ်သွားမိတယ် စိတ်ထင်တာဆိုပြီး ဆက်မောင်းတယ်
အဲ့ထန်း၂ပင်ရှေ့လဲရောက်ရော မောင်းနေရင်းဆိုင်ကယ်ပေါ်ကိုတစ်ယောက်ယောက်ခုန်တက်လိုက်သလိုမျိုး ဆိုင်ကယ်ကခါလူးသွားတာ အရှိန်ကလဲ80လောက်ပါတယ်ဆိုတော့ထိန်းလိုက်ရတယ်တော်တော်
အဲ့တာနဲ့ဘီးပေါက်တယ်ထင်ပြီး ဆင်းကြည့်တာ ဘီးလဲမပေါက်ဘူး စိတ်ထဲကတော့သိနေပြီ ဒါမဲ့လဲကြောက်ရင်ပိုခြောက်တယ်ကြားဖူးတော့မသိမသာပဲနေပြီး ဟာကွာလို့ပြောပြီးစက်နှိုး ဆိုင်ကယ်ထွက်ဖို့လုပ်တော့
တစ်ယောက်ထဲစီးလာတဲ့ဆိုင်ကယ် Gear1နဲ့ကိုဆန်၄အိပ်လောက်တင်ထားရသလိုပဲလေးပြီးမထွက်တာဆိုင်ကယ်က အဲ့မှာလူကသေတော့မယ်ကြောက်လို့ ဒါပေမဲ့လဲကျွန်တော်ကကြောက်ရူးလေ ကြောက်ရင်လျှောက်လုပ်တာ အဲ့တာနဲ့ကြောက်ကန်ကန်ပြီး ဆိုင်ကယ်ကြီးပစ်လှဲပြီးသေးနဲ့ကော့ပန်းတာဆိုင်ကယ်ကြီးကို ပြီးတော့အော်ဆဲတာ လေထဲတွေဘာတွေကို ထိုးပါထိုးပစ်တာ အဲ့လိုမလုပ်ရင်လဲ ကြောက်လို့သေသွားမှာ အဲ့လိုတွေလုပ်ပြီးဆိုင်ကယ်ကိုပြန်ထူတာလဲ ဘယ်လိုမှမလို့မရ လေးတာကြီးက မ လို့မရတဲ့အထိလေးတာ
အရမ်းကြောက်နေပြီလူက
အကူညီအော်တောင်းတာလဲဘာအကူညီမှမရ
အဲ့လိုဖြစ်နေတာ ၁၀ ၁၅ မိနစ်လောက်ကြာတယ် ကျွန်တော်လဲအဲ့နားမှာမှိုင်ပြီးထိုင်နေတာ ဆိုင်ကယ်လဲမထားခဲ့ချင်ဘူးလေ နှမြောတာကို ထွက်ပြေးရင်လဲ ဒူးမခိုင်တော့ဘူးဒူးတွေတုန်လို့ကားတွေကလဲတစ်စီးမှမလာ တစ်လမ်းလုံးမှာကိုယ်တစ်ယောက်ပဲရှိ
အဲ့တာနဲ့မိနစ်၂၀လောက်ရောက်တော့
ကံကောင်းစွာနဲ့ Alphatအဖြူ ဘုန်းကြီးကားကမှော်ဘီဘက်ပြန်အလာ ကျွန်တော်ကလှန်းတွေ့တော့ သူတို့မောင်းပြန်လာတဲ့ကားလမ်းဘက်ကိုပြေးပြီးလက်တားတော့ရပ်ပေးတယ် ဘုန်းကြီး၂ပါးလဲပါလာတယ်အနောက်ခန်းမှာ အဲ့တာနဲ့Driverကငါ့ညီဘာဖြစ်လို့လဲတဲ့ ကျွန်တော်ကလဲဖြစ်ကြောင်းအကုန်ပြောပြတော့ ဘုန်းကြီး၂ပါးကကြားပြီးတော့ လာဒကာလေး ဘုန်းဘုန်းနဲ့လိုက်ခဲ့ဆိုပြီး ဆိုင်ကယ်နားကိုခေါ်သွားတာ ဘုန်းဘုန်းကတော့စကားတွေပြောနေတာသူတို့ကို မင်းတို့အဲ့လိုမလုပ်နဲ့လေ ဒီကောင်လေးကမင်းတို့ရဲ့မြေးတောင်မဟုတ်ဘူးမြစ်လောက်ပဲရှိအုံးမာတဲ့ ( ဘယ်လောက်တောင်ကြီးနေပြီလဲမသိဘူး ) ဘာလို့အနှောက်ယှက်ပေးနေတာလဲ ဆိုပြီးမေးတော့ Driver ကိုကြီးက လာညီလေး မင်းသွေးပျက်နေလောက်ပြီ ကားပေါ်မှာရေပါတယ် လိုက်သောက်ဆိုပြီးခေါ်တော့ ကျွန်တော်လဲလိုက်သောက် သောက်ပြီး၅မိနစ်လောက်နေတော့ ဘုန်းကြီးကဒကာလေး လာအုံးဆိုပြီးအနားရောက်တော့
ဒကာလေးတော်တော်ကံကောင်းတာ သူတို့ကလူစားလဲချင်နေတာတဲ့ ဒကာလေးရဲ့ကံတော်တော်ကောင်းတယ်တဲ့ အခုတော့ပြန်တော့တဲ့လို့ပြောတာနဲ့တစ်ပြိုင်နက် ကျွန်တော်လဲဆိုင်ကယ်ကိုထူ ( ဆိုင်ကယ်ကအဲ့ကြမှပေါ့သွားတာ )
ဆိုင်ကယ်တောင်ဆက်မမောင်းနိုင်ဘူးတုန်ရီနေတာတစ်ကိုယ်လုံး ဒါမဲ့လဲမရဘူးလေ သောက်ရမှကိုဖြစ်တော့မှာဆိုတော့ ဆိုင်ကယ်ကိုတန်းထူပြီးစက်နှိုးပြီိးတန်းမောင်းပြေးတာ
မောင်းပြီးနည်းနည်းလေးလှန်းတော့
"တောက်" ဆိုပြီးအသံအကျယ်ကြီးကနားကိုအူထွက်သွားတဲ့အထိကြားခဲ့ရတယ်
အဲ့တာနဲ့pt power ဆီဆိုင်ရောက်မှ သူငယ်ချင်းကိုပြောပြတာဒူးတုန်တုန်နဲ့
စကားတွေအများကြီးထပ်မပြောနိုင်တော့လို့ပြန်ရင်ငါ့ကိုလိုက်ပို့ကြပါလို့ပဲငိုသံလေးနဲ့တစ်ခွန်းပြောပြီး ဘီယာတစ်ဗူးကိုမော့ချလိုက်ပါတော့တယ်
တစ်ကယ်ပါ အဲ့နေ့လောက်သွေးပျက်တာအဲ့နေ့ပဲ
အခုများတော့လဲ မိုးချုပ်ရင်ထွက်မရတော့ပါဘူးလေ....
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now