112

180 6 0
                                    

ကြောက်စရာ မကောင်းပေမဲ့ သနားစရာလိုလို ကိုယ်တွေ့လဲ ရေးကြည့်မယ် နော်. နိုင်ငံရပ်ခြား မှာ နေတာပါ. သမီးလေး ကိုယ်ဝန် ရှိ တော့ ခြံနဲ့ အိမ်လေး ဝယ်ဖြစ်တယ် . အိမ်သော့ ရတဲ့နေ့မှာ အိမိရှေ့မျက်စောင်းထိုးက အိမ်နီးချင်း အဖိုးကြိီးက လာနှုတ်ဆက်တယ်. သူကလဲ လေ ဘယ်အချိန်က စကားပြောချင်နေလဲ မသိဘူး ( နိုင်ငံခြားကအသက်ကြီးပိုင်းတွေက လူတွေ့ရင် စကားအရမ်းပြောတယ် သူတ်ု့က ပင်စင်ရပီးကတည်းက အထီးကျန် သွားတယ် သားသမီးတွေကလဲ အတူနေတာ ရှားလို့) စစတွေ့ချင်းကို ဘာပြော တယ် ထင် လဲ ? နင်တို့ဝယ်လိုက်တဲ့အိမ်က တခါတုန်းက လူလဲ မရှိပဲ မီးလင်းတယ် တဲ့ ငါသွား ဝင်ကြညိ့တော့တီဗီက ပွင့်နေတယ် တဲ့ ( အိမ်ရှင်အဟောင်းရဲ့ သားသမီးတွေက ဒီမြို့မှာ မနေလို့ သူ့ကို အိမ်သော့ပေးထား လို့သူ ဝင်ကြည့်လို့ရတာ ) ကိုယ့်မှာလေ အိမ်က လဲ စရံငွေ ၁၀% က ပေး ပီးပီ. ဗိုက်ထဲမှာ လဲ သမီးလေးက လနုနုလေးနဲ့. စိတ်ဓါတ်ကျသလိုလို ဖြစ်သွားတယ်. အမအကြီးက တော့ အိမ် တံခါး ဖွင်ပြီး တာနဲ့ ဒီအိမ်က ကိုယ်တွေလင်မယား ၂ ယောက်နာမည် ခေါ်ပီး ပိုင်သွား ပီ ဖြစ်ကြောင်း အင်္ဂလိပ်လို ပြော ပီး ဝင် သွားတယ်. အဲ့ကတည်းက ကိုယ့်စိတ်ထဲမှာ လဲ this is my house ဆိုပီး တချိန် လုံး ရွတ်နေမိတယ် . စိတ်ထဲ စွဲ လို့ လားမသိဘူး အိမ်မက်မက်တိုင်း အိမ်မက်ထဲ မှာ this is my house ဆိုတာ ကို ဒေါသနဲ့ ပဲ အော်တာ. ၂ ခါ မက မက်တယ် . အဲ့လိုနဲ့ အိမ်ပြောင်းလာပီး ကိုယ်ဝန်က လဲ လရင့်လာတယ် အမျိုးသား အလုပ်သွားရင်ကိုယ်က အိမ်မှာ တယောက်ထဲ . ကြောက်တဲ့စိတ် ရှိတော့အခန်း ထဲကနေမထွက်ဖြစ်ဖူး . ကိုယ်အလုပ်သွား ရင် တော့စိတ်ထဲ မသိသာဘူး . မီးဖိုထဲမှာ ဟင်းချက်ရင် အညှော် ထုတ်ဖို့ ဖွင့်ရတဲ့ exhaust fan က ဘယ်သူမှ မနှိပ်ပဲ ထထ ပွင့်တာ ၂ ခါ. အိမ်တက်လုပ်တော့ အင်္ဂလိပ်လို စိတ်ထဲက အမျှ ပေးရတယ်သမီး လေးမွေးပီးတော့ ညဖက်တွေ ငိုတော့ ဘုန်းဘုန်းနဲ့ဆွမ်းကပ်တယ် . အိမ်ထဲမှာ တခါတလေအထုတ်တခုခု ပြုတ်ကျ သံ ကြားတယ် တော် တော်ကျယ် တယ် ဘာကျ လဲ ထွက်ရှာ လဲ ဘာမှ ကျ မနေဘူး. မီးဖိုထဲမှာ အသံတခုခု ကြား သလိိုလို. ဒီလိုပဲ မေ့မေ့ပျောက်ပျောက်နေတယ်. တရက်ကျ အိမ်မက်မက်ပြန်ရော. ထုံးစံအတိုင်း ကိုယ်ကတော့ ဒေါသတကြီးပဲ . This is my house ပေါ့ ဒေါသနဲ့ အော်တာ ပေါ့. အိမ်မက်ထဲမှာဧည့်ခန်းနားက sofa မှာ အဖွား တယောက်မတ်တပ်ရပ်နေတယ် သူ့မျက်နှာ က အေးဆေးပဲ ပြုံးနေသလိုလို. ဝတ်ထားတာ သပ်သပ်ရပ်ရပ်. ခရမ်းနုရောင်လေး cardigan နဲ့ စကပ်အတိုလေး. အရပ်က အရမ်း မရှည်ဘူး အိမ်မက်ကိုအမတွေ ကိုပြော ပြတော့ ဘုန်းကြီးပင့် ဆွမ်း ကပ်ပြန်ရော . အိမ် နားက အခြားအိမ်နီးချင်းနဲ့ စကားစပ်မိတော့ ကိုယ်က တီးခေါက်မိတယ်. အရင်အိမ်ရှင်က သိပ်သဘောကောင်းကြောင်း. အရပ်က နင့် နဲ့ တူတူလောက်ပဲ တဲ့. ကိုယ်ကတော့ သူ့funeral မှာ ဘာ အရောင်ဝတ် လဲ ဆိုတာ လောက်ထိတော့ မမေး တော့ပါဘူး အရင်လို ချိုး ချိုး ခြွတ်ခြွတ်တော့မကြားရတော့ဘူး အိပ်ယာ အောက်က ကြမ်း ထဲက ကုတ်သံလဲ မကြားရတော့ဘူး အထုတ်လဲ မပြုတ်ကျတော့ဘူး ဒါပေမဲ့ ဆောင်းတွင်းရောက်ရင် ဖွင့်ထား တဲ့ အပူ မှူတ် စက် ( heater )ကတော့ ကိူယ်မပိတ်ရပဲ number လှည့်ပီး ပိတ်ပိတ် သွားတာ ဖြစ်နေတုန်းပဲ . ခြံထဲက သူတို့စိုက်ထား တဲ့ နှင်းဆီပင်အောက်မှာ လက်ဝါး ကပ်တိုင်နဲ့ နာမည် တခု ရှိ တယ် ယောကျာ်းကတော့ တနှစ်လောက် နေပီးတော့ အမြစ်က နေ တူး ထုတ်လိုက်တယ် .

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now