156(ep-2

143 11 0
                                    

ကျွန်တော်နဲ့ မောက်လုံးစုန်းမကြီး (2)

" လာ လာ.. အိမ်ရှေမှာပဲ ဆေးလိပ်သွားသောက်ရအောင်..ငါ တကယ် အဆင်မပြေတော့ဘူးသားကြီး မနက်လည်း ရက်လည်ရှိသေးတာ.. မီးစင်သာကြည့်က ကြမယ်ကွာ " ဆိုပီး မိုးလင်းမဲ့အချိန်ကို ခြံရှေ့မှာ ထိုင်စောင့်နေကြတာပေါ့ဗျာ....... မှန်တာပြောရင် စိတ်ထဲမှာ တော်တော်ကြောက်နေတာ.. .

အဲ့ဒါနဲ့ အဲ့မိန်းမကြီး အခြေအနေကို အားလုံး အပြင် Check နေကြတာ ည ၃နာရီလောက်မှာ ကျွန်တော်တို့လည်း ခြင်ကိုက်လာလို့ ဧည့်ခန်းထဲကို ပြန်ဝင်လာကြတာ
အပေါ်ထပ်ကနေ တိုးတိုး တိုးတိုးပြောသံ ကြားနေရတာ ဒါပေမဲ့ သူတို့ ဘာတွေပြောမှန်းလည်းမသိဖူး
ကျွန်တော်လည်း "ဟိုကောင်တွေကို မင်းတို့ အိပ်ရင် သတိထားပီးအိပ်.. ဘာလဲဆိုတာ မင်းတို့လည်း သိပီမလား " ဆိုပီးပြောလိုက်တော့ အကုန်လုံးက ဆိုဖာ ကိုယ်စီမှာ အသာလေး ခွေနေလိုက်ကြတာပေါ့ဗျာ.. ဒီလိုနဲ့ ဝေလီဝေလင်းလောက်မှာ ကျွန်တော်လည်း အိပ်မပျော်သေးတော့ မှေးနေရင်းကနေ အပေါ်ထပ်က ဆင်းလာတဲ့ခြေသံလေးကြားနေရတယ်..

ဒါနဲ့ မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်တော့
ဟိုမိန်းမကြီး ဆင်းလာတာဗျ သူ့ခြေထောက်မှာ ဝတ်ထားတဲ့ ခြေကျင်းက အသံရယ် ထဘီအနက်ကြီး ရယ်က သူမှန်း ကျွန်တော် မြင်ခဲ့ပီးပီကိုး

သူက ေလှကားကနေ တလှမ်းချင်း ဖြည်းဖြည်းဆင်းလာတာဗျ.. ကျွန်တော် လည်း မျက်လုံးလေးမှေးထားရင်းကြည့်နေတာ.. ရင်တွေက စောက်ရမ်းတုန်နေပီ အမှန်အတိုင်းပြောရင် ကြောက်လည်းကြောက်နေတာ..

အဲ့မိန်းမကြီးက ဆင်းလာရင်းကနေ လှေကား လက်ရန်းကို ကိုင်ပီး အောက်ကို ချောင်းကြည့်တာဗျာ... fckkkk အဲ့မျက်နှာကြီးဗျာ.. မျက်သားကြီးက နက်နေတာ.. ဆံပင်ကြီးကို ဖြေချထားတာ.. ကျွန်တော်တစ်ချက်တွန့်သွားတယ်.. အိပ်နေမှန်း သူတွေ့တော့. အောက်ကို ဆက်ဆင်းပီး.. လှေကားဘက်ခြမ်းက မီးဖိုချောင်ဖက် အိမ်သာတက်သလို နဲ့ ဝင်သွားတာ.. အဲ့အချိန် ဘေးက ငထက်တို့ကို နှိုးတာ တစ်ကောင်မှမနိုးဘူး ဖင်ထောင်အိပ်နေကြတာ နှိုးလို့တောင်မရဘူး. အဲ့ချိန်မှာ ကံကကောင်းချင်တော့ မနက် ဘုန်းကြီးတွေ ရက်လည်အတွက် အာရုဏ်ဆွမ်းကပ်မှာဆိုတော့ လမ်းထိပ်က ဆိုက်ကားသမားဥှီးလေးကြီးက မုန့်ဟင်းခါးတွေ ချိုင့်နဲ့ လာပို့ပါလေရောဗျာ..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now