138

235 13 0
                                    

အဘယက္ခကြီးတို့နဲ့ပက်သက်ပြီး  ငယ်ငယ်က ကိုယ်တိုင်မျက်မြင်ကြုံခဲ့တွေ့ခဲ့ရတာလေးတွေ ပြောပြမယ်ဗျ..

ကျွန်တော် နှစ်20သရဲမကြီးနဲ့ကြုံပြီး မကြာခင်ပဲ အဖိုးရောအဖွားရော ဆုံးပါးသွားလို့ မိဘတွေနေတဲ့ ခြံလေးမှာ အတူတူ ပြန်နေရတာ အဲ့တော့မှ အမေ့အိမ်ကို ပြန်ရောက်တာ အဲ့ကျမှပဲ လွတ်လပ်ရေးရတာ အဖိုးနဲ့နေတုန်းက တိုက်ပေါ်က အောက်ကို ဆင်းမဆော့ရဘူး ကျွန်တော့ကို အိမ်ထဲမှာဥပြီးထားတာ အဖိုးအဖွားတွေက ချုပ်ချယ်တယ်ပေါ့ဗျာ
ဒီလိုနဲ့ ပြန်ရောက်လာတော့
ကျွန်တော့အိမ်လေးက ပျဥ်ထောင်အိမ် ခြေတံရှည်လေးဗျ အောက်မှာ ပခက်လုပ်ပြီး အိပ်လို့ရတယ် ခြံလေးက မကျယ်ပေမဲ့ ကျွန်တော် ဘောလုံးကောင်းကောင်းလေ့ကျင့်လို့ရခဲ့တယ်ဗျ .. အိမ်ပေါ်မှာဆိုရင် အထင်ရှားဆုံးက ဘုရားခန်းပဲ သာသနာ့အလံတွေနဲ့ပါ ကာထားတာ ဘုရားစင်ရဲ့အောက်နားလေးမှာဆို ဆိုင်ရာပုဂ္ဂိုလ်တွေကို နေရာပေးပြီး ပူဇော်ထားတာဗျ ဘုရားစင်ရဲ့ ညာဘက်အခြမ်းမှာ သစ်ကနက်သားနဲ့ ထုထားတဲ့ အဘအောင်မင်းခေါင်ရုပ်ထုရယ် ကြက်သီး ထစရာကောင်းတဲ့ ဘီလူးခေါင်းစွပ်လိုမျိုး မင်းခေါင်းကြီးကို မှန်ဘောင်နဲ့ ပူဇော်ထားတာရယ် နောက်တစ်ဖက် ဘယ်ဘက်အခြမ်းမှာတော့ ဘောဂဝတီ နဂါးမယ်တော်ကြီးနေရာရယ် ရွှေရောင် ဒန်းလေးပေါ်မှာ ပဝါအစိမ်းလေးတွေ ခင်းထားတဲ့ နေရာလေးရယ် နောက်ဆုံး ဟိဒ္ဒူနတ်ဘုရားအတွက် နေရာ တစ်ခုပါ လုပ်ထားတာဗျ..အဲအိမ်ရောက်တော့ကျွန်တော့အတွက် ထူးဆန်းနေတာပေါ့ဗျာ..ဘုရားစင်ရှေ့မှာဆို ပွဲတွေ ပေးထားတာလည်းအပြည့်ဗျ သာသနာပွဲရော ဝိဇ္ဇာပွဲ သိုက်ပွဲ အစုံပဲ ဓာတ်နန်းကြီးတစ်ခုလိုပဲ .. ခြံထဲမှာလည်း ကုလားသိုက်ရှိသေးတယ်.. တစ်ရက်ကျတော့ ကျွန်တော့အဒေါ် အမေရဲ့ညီမကို အိပ်မက်ပေးတာ အိပ်မက်ထဲမှာ Kaလားကြီးတစ်ယောက်က နွားနို့အိုးကြီးနဲ့ ရွှေတွေ အပြည့်ထည့်ပီး " ကန်မလေး နင့်ကိုနော် ဒီအိုးနဲ့ ရွှေတွေချည်းနော် အပြည့်ပေးမယ် နင်ငါတို့နဲ့ လာနေမလား " ဆိုပြီး မက်တာ.. နောက်နေ့ အဖွားကိုပြောပြတော့ ခြံထောင့်က သူတို့ နေရာနားကိုသွားပြီး ကောတာ " ဟမ် Flm kaလားတွေ နင်တို့က ငါတို့နေရာမှာနေပြီး လူပါးမဝနဲ့နော် ကိုယ့်စည်းနဲ့ကိုယ်နေ"..
အဲ့လိုပြောပြီးနောက်နေ့ကျ ဘာအိပ်မက်မှကို မမက်တော့ဘူးတဲ့ အဲ့အိမ်မှာလည်း အဲ့လို

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now