185

165 3 0
                                    

ကျွန်တော် ဖတ်ဖူးကြားဖူးသမျှ ပညာသည်များအကြောင်း (1)

ပုံ Crd Nying Tuu
ပြန်လည်ပြောပြခွင့် ပေးတဲ့ အစ်မကို ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ် အခုလို ဗဟုသုတရစရာတွေ Sharing လုပ်ပေးတဲ့အတွက်လည်း ဒီလို အကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက်တော့ရှယ်ပဲပေါ့ဗျာ
GP မှာ ပညာသည်များပါနေခဲ့ရင် ကျွန်တော့ စာမှာ အမှားပါသွားတဲ့အခါ ၀င်ထောက်ပေးလို့ရပါတယ်
ကာယကံရှင်ကလည်း ခွင့်ပြုလို့ ရေးတင်လိုက်ပါတယ်ဗျ

ကျွန်တော်က ငယ်ငယ်ထဲက သရဲ တစ္ဆေ ဖုတ်အကြောင်းတွေ စိတ်၀င်စားတယ်ဗျ ဖတ်နေရရင်ကို သဘောကျတာ အဲ့ဒါကြောင့်လည်း ဒီနေ့ထိကို ကြုံတွေ့နေရတာပဲလားမပြောတတ်ဘူးရယ် အရင်က အဘတို့အကြောင်းတွေရေးတင်နေရင်းနဲ့ အထက် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေ လိုက်လေ့လာရင်း ဇနပဒလမ်းစဉ်ဖြစ်တဲ့ ပညာသည်တွေအကြောင်းကိုလည်း ကြောက်ပေမဲ့ စိတ်၀င်စားတယ် ..

အထက်ပညာရပ်တွေမှ စွမ်းတာမဟုတ်ပါဘူး ပညာသည်မှာလည်း နှစ်လမ်းရှိတယ်လို့ဆိုတယ်ဗျ ကုမလား/တိုက်မလား 2မျိုးရှိတယ် ရွေးချယ်မှုကတော့ ကိုယ့်စိတ်နဲ့ကိုယ်ပေါ့ဗျာ ကျွန်တော်သိတဲ့ အစ်မက ဒိတ်ဒိတ်ကြဲ ပညာသည် အောက်လမ်းမဟုတ်ဘူးနော် တစ်ချို့တွေက စုန်းကဝေအောက်လမ်းပညာသည်ကို ရောပီး ပြောကြတော့ တူတယ်လို့ ထင်မှာစိုးလို့ တကယ်တမ်းက မတူပါဘူးဗျ ပညာသည်ဆိုတာ စုန်း ကနေ စတာပါ . အဲ့ဒါကြောင့် စုန်းပညာသည်တွေနဲ့ အောက်လမ်းနဲ့ က ဘာမှမ‌ဆိုင်ပါဘူး ပညာရပ်တစ်ခုချင်းစီ ကွာ ပါတယ်

စုန်းပညာမှာ လူတွေတော် တော်များများကြားဖူးကြမှာပေါ့ 12ကြိုးတို့ ဘာတို့ .. တကယ်တော့ အဲ့ကြိုးတွေဆိုတာ သာမန် လူသားပကတိမျက်စိနဲ့ မမြင်ရပဲ ဘယ်လို အတိုက်မျိုးတွေ လုပ်မလဲ‌ဆိုပီး အဲ့လို အတိုက်တွေ လုပ်တဲ့အခါ အဲ့ကြိုးတွေက အသုံး ပြုရတဲ့ လက်နှက် တစ်မျိုးလိုပဲဗျ ဒါက ကျွန်တော်နားလည်လွယ်အောင်မှတ်ထားတာပါ

12ကြိုးလို့သာ အလွယ်ပြောနေကြတာပါ ဒါမဲ့ စာအုပ်ထဲမှာပါတဲ့ ကြိုးတွေလို အပြင်မှာ လက်တွေ့ပညာတက်ရတဲ့အခါမှာအစဉ်လိုက် မရှိနေတာကို ပညာသည်တွေပဲ သိကြတာတဲ့ဗျ 12 ကြိုးကိုဒိတ်ဒိတ်ကြဲအဆင့်နဲ့ အောင်ချင်ရင် သင်ယူရုံနဲ့လည်းမရပါဘူး လေ့ကျင့်ရသေးတယ် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်မှ တကယ် တတ်တာပါတဲ့ 12 ကြိုးကိုသာ ဒိတ်ဒိတ်ကြဲ အဆင့်နဲ့ အောင်ရင် စက်ကြိုးစင်ပြီး ကောင်းကင်ပေါ်သွားတဲ့ အခါ ဘ၀င် စိတ်နဲ့ တင်မဟုတ်ပဲ အပြင်က ရုပ်ခန္ဓာကိုယ်ကြီးကို ပါသယ်သွားနိုင်တဲ့ အထိ အစွမ်းထက်ပါတယ်(ဘ၀မှာ တစ်ကြိမ်ပဲ မြင်ခဲ့ဖူးပါတယ်ဗျ ယုံချင်မှယုံဗျာ)

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now