39

247 15 0
                                    

ညီမကိုအကြံပေးကြပါရှင့်၊ ပြုစားတာလားမသိလို့ပါ🟥

ညီမက ရန်ကုန် Downtown မှာနေပါတယ်၊ တိုက်အမှတ်(—) ၊ ၃ လွှာ Aပါ၊ ညီမတို့ အလွှာနီးနားချင်းအိမ်က အမနဲ့ညီမ အရမ်းခင်ပါတယ်၊ သူ့အသက်က ၄၅ ကျော်၊ ကလေးလေးရှိတယ်၊ သမီးလေးပါ ၊IS တက်နေပါတယ်၊ ညီမက 23 ပါ ၊အရမ်းခင်ကြတယ်၊ ပိတ်ရက်မှာ ညီမတို့ဟင်းတွေအပြန်အလှန်ချက်ကြပေးကြလေ့ရှိပါတယ်၊ 

🟨သူအရင်က ဝဝဖြိုးဖြိုးရှိပါတယ်၊ အသားရည်လည်းskin care သေချာလုပ်တဲ့အမျိူးသမီးမို့လှတယ်၊ ညီမတို့ပိတ်ရက်ဆိုတွေ့တိုင်း စကားစမြည်ပြောနေကြပါ၊

🟦လွန်ခဲ့တဲ့၂ လကစ သူပိန်ခြုံးလာတယ်၊ တော်တော်လေးမျက်နှာချောင်ကြပြီး၊ မစားမသောက်နိုင်ဖြစ်နေကြောင်းပြောတော့ ငွေကြေးအလုပ်ကိစ္စလားမေးတော့မဟုတ်ဘူးအကုန်အဆင်ပြေကြောင်းပြောပါတယ်၊ သူ့မျက်နှာကတော်တော်လေးကိုညှိုးလာနေတော့ ညီမသိတဲ့ဆရာဝန်နဲ့တောင် ချိတ်ပေးပါသေးတယ်

🟥၁ လလောက်နေတော့ သူအမေတို့အိမ်သွားနေမလို့ဆိုတာပြောပါတယ် ၊ ကလေးကျောင်းကိစ္စလည်း အာရုံမစိုက်ပေးနိုင်လို့ မိဘတွေအမျိုးတွေဆီမှာနေကောင်းတဲ့အထိနေမယ်ပြောပါတယ်၊ ညီမကလည်းပိုကောင်းကြောင်းပြောပြီး ဘာကူညီရမလဲမေးတော့ သူက သူ့အပင်လေးတွေဝင်ရေလောင်းပေးဖို့ဝရံတာသော့လေးပေးခဲ့တယ်၊ ပြီးတော့ သူ့ငယ်သူငယ်ချင်းဆီက လက်ဆောင်ရတဲ့အပင်ကိုကျ ညီမအိမ်ကိုယူထားစေချင်ကြောင်းပြောတယ်၊ “ နှင်းဆီအနီ” ပင်လေးပါ၊ လကိဆောင်ရထားတာမကြာသေးကြောင်း သူလည်း ဒီအပင်လေးရပြီးမှ နေမကောင်းဖြစ်လို့သိပ်ဂရုမစိုက်နိုင်ကြောင်းပါပြောပါတယ်၊
ညီမကလည်း အဖူးအပွင့်တွေဝေနေတဲ့နှင်းဆီပင်လေးမို့ သေချာဂရုစိုက်မယ် မြေဆွေးဖွဲပြာပါဝယ်ထည့်ထားပေးမယ်ပြောလိုက်ပါတယ်၊ အဲ့လိုနဲ့သူ သူ့အမေတို့ဆီသွားနေပါတယ်

❗️ဇာတ်လမ်းကအခုမှစတာပါ၊ ညီမဆီရောက်တဲ့နေ့ကစ ညီမကလည်း အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပါတယ်၊ ညီမလည်း ဂရုစိုက်ရက်နဲ့ တစ်ခုခုဖြစ်မှာစိုးလို့ မြေဩဇာပါ ဝယ်ကျွေးတော့ အပင်ကပွင့်လိုက်တာမှ အရမ်းကိုလှပါတယ်၊ ညီမခူးတော့မခူးပဲ ဒီတိုင်းအလှကြည့်ပါတယ်၊ တစ်နေ့တော့ အပင်က တစ်ခါထဲ ၃ ပွင့်လောက်ပွင့်နေတဲ့နေ့ကစ ညီမ ဗိုက်နာဗိုက်အောင့်ဖြစ်ပြီး အစားစားရတာ အဆင်မပြေတော့ပဲ အော့အန်ချင်လာတယ်၊ ဆေးခန်း ultrasound ရိုက်တော့လည်း ရောဂါမတွေ့ပါဘူး ၊ တစ်ပတ်ထဲနဲ့ ပေါင် ၂၀ လောက်ကျသွားပါတယ်၊ စာဖတ်ပရိသတ်တွေထဲ အမျိုးသားတွေပါရင်အားနာရပေမယ့် ရာသီသွေးလည်း တစ်လကို ၁၅ ရက်လောက်လာပါတယ်၊ လူကအားနည်းနေပါတယ် ၊ ရုံးသမားမို့ ကြိုးစားပြီးတော့ ရုံးတက်ရပါတယ်  IOG ဆေးခန်းပြတော့ ပြဿနာတစ်စုံတစ်ရာမတွေ့ပါ၊
ညီမချစ်သူတွေဘာညာလည်းမရှိပါဘူး
လူကထွေထွေထူးထူးမဖြစ်စ်ပဲ ပိန်ကပ်လာတာပါ
အစားမဝင်ပဲ ဘာမှမစားပဲနေနိုင်လာတာမျိူးပါ
အပင်လေးကတော့ပွင့်မြဲပါပဲ
ညီမက အိမ်မှညတစ်ယောက်ထဲနေတာမို့ မိဘတွေကလည်း နယ်မှာပါ၊
😔😔

အပင်ကြောင့်လား ညီမမသိပါဘူး ညီမကိုအကြံပေးကြပါ
အမကိုလည်း အားနာလို့မပြောရဲပါဘူး
အမကလည်း သူ့အမေအိမ်ကပြန်မလာသေးပါဘူး၊
ညီမ ဘာသာရေးလည်းလုပ်ပါတယ်၊ Buddhist ပါ
ရေချမ်းတစ်နေ့နှစ်ခါလဲတယ်၊ ( ရေချမ်းကရေလေးတွေလည်း နှင်းဆီပင်ကိုလောင်းပါတယ်)
နေ့စဉ် အာရုံဆွမ်းကပ်ပါတယ် မနက်စောစောထပြီး ပရိတ်ပဌာန်းရွတ်ပါတယ်၊
လပြည့်လကွယ် ကိုးပါး ဥပုလ်စောင့်ပါတယ်ရှင့်
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now