119

172 10 0
                                    

#အမေပြောသောပရလောက  (၇)
#Internationalသရဲများ

.. ဒီအပိုင်းကိုတော့ အရင်အပိုင်းတွေလို စိတ်ညစ်စရာ ဝမ်းနည်းစရာမပါဘဲ ပေါ့ပေါ့ပါးပါး အခြောက်ခံရတာလေး ရေးထားပါတယ်.. 🙂
..ကျွန်မက မြန်မာနိုင်ငံမှာ ဆိုရင် သရဲကြောက်တော့ကြောက်ပေမယ့် မြန်မာသရဲက ကိုယ် ဘုရားစာရွတ်လိုက်ရင် နားလည်တာမို့ ပြေးမှာပဲ ဆိုပြီး နည်းနည်း confidence ရှိသေးပေမယ့် နိုင်ငံခြားရောက်ပြီ ဆိုတာနဲ့ အဲဒီ ရှိစုမဲ့စု confidence လေးဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်တာပဲ 😅..
..နိုင်ငံခြားကို အလုပ်နဲ့ဖြစ်ဖြစ်၊ training ဖြစ်ဖြစ် သွားရတဲ့အခါ များသောအားဖြင့် hotel တွေမှာ တစ်ယောက်တည်း နေရတာများတယ်.. Twin bed အခန်းတွေမှာ တစ်ယောက်တည်း အိပ်ရတဲ့အခါ ဟိုဘက်ကုတင်အလွတ်ကြီးမှာ ဘယ်သူများ လာအိပ်နေမလဲ ဆိုပြီး ကိုယ့်ဟာကိုယ် တဖက်သတ်ကြောက်နေရတာကလည်း အလုပ်တစ်ခု 😁..
..Hotel တွေမှာတည်းတဲ့အခါတိုင်း ကျွန်မတို့ အချင်းချင်းသတိပေးနေကြစကားရှိတယ်.. ရေချိုးခန်းနားက ကုတင်မှာ မအိပ်နဲ့ တဲ့.. သတိထားမိကြလားတော့မသိဘူး.. သရဲတွေက ရေချိုးခန်းကြိုက်တယ်ထင်တယ်..  Hotel တွေမှာ အခြောက်ခံရပြီဆို 70% လောက်က ရေချိုးခန်းက လာတာပဲ.. 🫠 ဒီ group ထဲမှာလဲ ဖတ်ရတယ်..
.. Europe က နိုင်ငံတစ်ခုကို training သွားတုန်းကပေါ့.. ထုံးစံအတိုင်း နှစ်ယောက်ခန်းမှာ တစ်ယောက်တည်း နေရတယ်.. Training အပြီး စားသောက်ပြီး ည 11 နာရီလောက်ရှိပြီ.. ကုတင်ပေါ်မှာ မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်လုပျော်ဆဲ ဖြစ်နေတုန်း အခန်းထဲကို လူနှစ်ယောက်ဝင်လာတယ်.. ယောင်္ကျားတစ်ယောက် မိန်းမတစ်ယောက်.. ကျွန်မက အစတည်းက မျက်မှန်သမားမို့လားမသိဘူး.. ခပ်ဝါးဝါးပဲမြင်ရတယ်..  ရေချိုးခန်းထဲကို တန်းဝင်သွားတယ်.. အဲ့လိုတွေ့နေရပေမယ့် စိတ်ထဲမှာ ရုပ်ရှင်ကြည့်နေရသလိုပဲ.. ကြောက်တဲ့စိတ်မဖြစ်နေဘူး.. သူတို့ကလည်း ကိုယ့်ရှိနေတာ တချက်မှကို အဖက်မလုပ်ဘူး.. သူတို့ဟာသူတို့ လုပ်နေကြကို လုပ်နေတဲ့ပုံမျိုး.. ကိုယ့်ဟာကိုယ် အိပ်မက်လား မသဲမကွဲဖြစ်နေတုန်း ရေချိုးခန်းထဲက ရေကျသံ တဗြန်းဗြန်းထွက်လာတယ်.. အဲဒီအခါကျမှ အိပ်မက်မဟုတ်မှန်း သိတော့တယ်.. ထလည်း မကြည့်ရဲဘူး.. ဆောင်းတွင်းကြီးမှာ ခဏရပ်သွားလိုက် တဗြန်းဗြန်း ချိုးလိုက်နဲ့ သရဲဆိုပြီး အအေးမပတ်တိုင်း တစ်ညလုံး ချိုးနေလိုက်တဲ့ စုံတွဲ .. ကိုယ့်မှာလဲ ပြန်ထွက်လာမှာကြောက်လို့ ရေချိုးခန်းဘက်လဲ မကြည့်ရဲ၊ ကျောခိုင်းထားရမှာလဲ မလုံတာနဲ့ ရေချိုးခန်းဘက် မျက်နှာမူ စောင်ခေါင်းမြီးခြုံပြီး မနက်ကျ အခန်းပြောင်းတော့တာပဲ 🙂
.. နောက်တခါက အာဆီယံထဲက နိုင်ငံတစ်ခုမှာ.. အဲဒီအခေါက်တုန်းကတော့ အဖော်ပါတယ်.. Hotel မှာ နှစ်ယောက်နေရတာ.. အပြင်လျှောက်သွားရင်း hotel ကိုအပြန်လမ်းမှာ ကြက်ကင်သည်တွေ့လို့ ဝယ်ပြီးပြန်လာကြတယ်.. အိပ်ခါနီးထိ ဗိုက်က မဆာတော့လို့ ဘေးက စားပွဲခုံပေါ်မှာ တင်ထားပြီး အိပ်ရာဝင်ကြတယ်.. အဖော်ပါတဲ့ အမနဲ့ တစ်ကုတင်စီ.. ဖျပ်ခနဲ တရေးနိုးလာတော့ ကုတင်နှစ်ခုကြားမှာ မိန်းမတစ်ယောက်ထိုင်နေတယ်.. ခပ်မည်းမည်းအဝတ်စကြီးကို ခေါင်းမြီးခြုံထားသလိုလိုကြီး.. ထုံးစံအတိုင်း  အိပ်မက်လာ ဘာလား အူကြောင်ကြောင်ဖြစ်နေတုန်း ခေါင်းမြီးခြုံလိုထဲကနေ လက်တစ်ဖက် ထွက်လာတယ်.. လက်က သေးသေးလေးနဲ့ ဖြူဆုတ်ပြီး အရိုးပေါ်အရေတင်ကြီး.. အဲ့လက်ကြီးက တဖြည်းဖြည်းရှေ့တိုးလာပြီး လက်ဖြန့်ထားတယ်.. တခုခုကို တောင်းနေတဲ့ပုံမျိုးကြီး.. ကုတင်နားကို တဖြည်းဖြည်းနဲ့ ကပ်လဲလာရော ထပြေးလိုက်တာ ဟိုဘက်ကုတင်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိဘူး.. အတူပါတဲ့ အမကို အတင်းနှိုးတာ သူ နိုးတော့မရှိတော့ဘူး.. ကြက်ကင်ထုတ်ကို နှစ်ယောက်တူတူယူပြီး အပြင်ကို ပစ်ထုတ်လိုက်ရတယ်.. International အငတ်ကိုကြောက်လို့.. 😁

End of part 7
Thanks for your time 💛
#TL

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now