29

295 20 0
                                    

ကျွန်တော် တိုးဂိတ် တခုမှာ အလုပ်လုပ်တဲ့ အချိန်…………….

ဂိတ်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ရန်ကုန်မြို့ နဲ့ မနီးမဝေး ဂိတ် တခုပေါ့။ဘာလုပ်ရတာလဲဆိုတော့ ကားတွေဆီက ပိုက်ဆံကောက်ရတာ။

ကျွန်တော်တို့က 24hr လည်ပတ်ရတဲ့ လုပ်ငန်းမဟုတ်လား
အဲ့တော့ ကျွန်တော်တို့ duty ချိန်က မမှန်ဘူးရယ်။ ကျွန်တော်တို့ Gate မှာ အဆိုင်း ၃ ဆိုင်းရှိတယ်။ မနက် ၆ နာရီကနေ နေ့လည် ၂ နာရီအထိ က တဆိုင်း၊ နေ့လည် ၂ နာရီကနေ ည ၁၀ နာရီအထိက တဆိုင်း၊ ည ၁၀ နာရီကနေ နောက်နေ့မနက် ၆ နာရီ အထိက တဆိုင်းပေါ့။ ကျွန်တော်တို့ တွေဟာ တပတ်ကို တခါ duty change ရတယ်။ တခါတလေ မနက် တခါတလေ ည ပေါ့။

ကားသမားတွေနဲ့ ရန်ဖြစ်ရတာလဲ အခါခါပါဘဲ

Toll Gate က ဝန်ထမ်းတွေနဲ့ ကားသမားတွေဟာ သိပ်တော့ မတည့်ကြပါဘူး။ အဲဒီ့တုန်းက
ကျွန်တော်ဟာ အပြင်မှာ အဆောင်ငှါးနေတာပါ။ ကျွန်တော်နေတဲ့ အဆောင်နားမှာ မူလတန်းကျောင်းလေး တကျောင်းရှိတယ်။ toll Gate ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာလေးတွေက ကလေးတွေတက်ကြတာပေါ့။
ညနေပိုင်းတွေဆိုရင် မူလတန်းကျောင်းလေးဟာ ခြောက်ကပ် တိတ်ဆိတ်နေတာဘဲ။ ဒါပေမဲ့ ည ၉ နာရီနောက်ပိုင်းဆိုရင် ကျောင်းထဲမှာ စကားသံသဲ့သဲ့ကြားရတယ်။ တခါတလေ စာသင်တဲ့ အသံလဲ ကြားရတယ်။ ယောကျာ်းတယောက်အသံပေါ့။

ညတိုင်းလိုလို ကို ကြားရတာ……….

ဘေးပတ်ဝန်းကျင်မေးကြည့်တော့လဲ ရေရေရာရာပြောပြနိုင်တဲ့သူမရှိဘူး။ ကျောင်းထဲမှာ သရဲ ရှိတယ်လို့ဘဲ မှတ်လိုက်တာပေါ့လေ။

အဲ့ဒီလိုနဲ့ ခုလို New Year ကာလ ဆိုတော့ ကုမ္မဏီက ဂိတ်မှာ ပွဲလုပ်ပေးတာပေါ့ဗျာ။ သောက်ကြစားကြတာပေါ့။ ကျွန်တော်လဲ မနက်ပိုင်းအလုပ်ဝင်ရမှာဆိုတော့ ဘီယာနည်းနည်းသောက်ပြီး အဆောင်ပြန်လာခဲ့တော့ဘဲ။ အဆောင်ရောက်တော့ ပျင်းတာနဲ့ ဖုန်းသုံးနေရင်း မုတ် တတိုင်လောက်ရိုက်သောက်တာပေါ့။ မုတ် တတိုင်ကုန်ကာနီးမှာ ဘေးမှာ ရှိတဲ့မူလတန်းကျောင်းကနေ စာသင်တဲ့ အသံထွက်လာတော့တာဘဲ။

ယောကျာ်းကြီးတယောက်ရဲ့ အသံက တိတ်ဆိတ်နေတဲ့ ညမှာ ထင်ထင်ရှားရှားကိုကြားနေရတာပေါ့။
သူ သင်နေတာက ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဖိုးစလုံးကဗျာကို သင်နေတာပေါ့။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now