85

202 11 0
                                    

2020လောက်ကဖြစ်ခဲ့တဲ့ ကိုယ်တွေနေတဲ့လမ်းနဲ့ ၂လမ်းကျော်က အိမ်တစ်အိမ်အကြောင်းပြောပြမယ်....

(2020ကိစ္စမပြောခင်ကိုယ်တွေ၈တန်းနှစ်2007ခုနှစ်ကအဲ့အိမ်ကြီးအကြောင်းအရင်ပြောမယ်)
အဲ့အိမ်ကြီးကအရင်က အဖိုးကြီးအဖွားကြီးလင်မယားနဲ့ အဖွားကြီးရဲ့ညီအစ်မတွေစုနေကြတာပေါ့ အဲ့အဖိုးကြီးနဲ့အဖွားကြီး 2007ခုနှစ်က ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတာ အိမ်ကိုတော်တော်စွဲလမ်းဟန်တူပါတယ် မကျွတ်ကြဘူး အဲ့အိမ်အနီးနားကလူတွေက အဲ့အဖိုးကြီးအဖွားကြီးကို အိမ်ထဲငုတ်တုတ်ထိုင်နေတယ်ဆိုပြီး ခဏခဏတွေ့ကြတယ် သားသမီးလည်းမရှိကြတော့ အဖွားကြီးရဲ့ကျန်ခဲ့တဲ့မိသားစုဝင်ညီအစ်မတွေကပဲ အိမ်ကြီးကိုရောင်းပြီး ပြောင်းသွားကြတယ်......

အိမ်ကိုဝယ်လိုက်တဲ့ နောက်ပိုင်ရှင်အသစ်တွေကလည်း သူတို့မနေကြဘဲ အိမ်ငှားပဲတင်တာ အိမ်ကြီးကကိုယ်တွေကလေးထဲကမြင်တဲ့အိမ်ကြီး ကိုယ်တွေမမွေးခင်ထဲကဖြစ်လောက်တယ် အိမ်ရဲ့တည်‌ေဆာက်ပုံက ပျဉ်ထောင်၂ထပ်အိမ် ခပ်ပုပု အထဲကိုမမြင်ရအောင်ရေနံကြီးတွေနဲ့မှောင်နေပြီးတော့ အပေါ်ထပ်ကိုတက်တဲ့လှေကားကလည်းအပြင်မှာထုတ်ထားတာ.....ပြောချင်တာကတော့ အိမ်ငှားတွေပဲတင်တာပေါ့

အဲ့အိမ်မှာငှားနေတဲ့သူကလည်းတစ်ချို့တွေကခြောက်ခံရတယ် တစ်ချို့အိမ်ငှားတွေကခြောက်လှန့်တာမခံရဘူးနဲ့ အမျိုးမျိုးပေါ့ ကြာတော့လည်းခြောက်လှန့်တယ်ဆိုတဲ့အသံမကြားတော့ဘဲ လူတွေမေ့လောက်တဲ့ထိ ငြိမ်သွားတယ်.....

2020လောက်လည်းရောက်ရော အဲ့အိမ်ကြီးကိုဦးလေးကြီးရယ် အန်တီကြီးရယ် သူတို့ရဲ့သားနဲ့သမီး အစ်မကြီးတစ်ယောက်နဲ့ကောင်လေးတစ်ယောက် မိသားစုတစ်စုပြောင်းလာကြတယ်

ဦးလေးကြီးက စပြောင်းလာကတည်းက ကျန်းမာရေးမကောင်းဘူး အစာအိမ်ကင်ဆာတဲ့ ပြောင်းလာပြီး ၂ပတ်ဆိုလား၂လဆိုလားမသိကြာတဲ့အချိန်မှာ ဦးလေးကြီးရဲ့ရောဂါကနေ့လားညလားမသိ ဖြစ်လာပြီး တစ်ရက်လည်းကျတော့ နေ့လည်ပိုင်းကြီးရောဂါအသည်းသန်ဖြစ်လို့ ဆရာဝန်သွားပင့်ပြီး ဆရာဝန်ရောက်လာတဲ့အချိန်စမ်းသပ်ကြည့်တော့ လူနာကအသက်မရှိတော့ဘူးတဲ့ ဆုံးပြီဆိုပြီး ဆရာဝန်ကအတည်ပြုပြီးပြန်သွားတယ်
(သူ့ကင်ဆာဆဲလ်ကလည်းအတွင်းကလီစာ‌တွေပြန့်နေပြီတဲ့)

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now