188

164 6 0
                                    

ကျနော် ၁၀ တန်းတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်လေးတစ်ခုပြောပြပါမယ် နေရာကတော့ ရခိုင်/စစ်တွေမြို့က ဟ်ုတယ်တစ်ခုမှာပါ အဲ့နေ့က သူငယ်ချင်းတစ်ယောက်မွေးနေ့မို့ သူတို့တွေနဲ့ စုလို့အိပ်ကြပါတယ်
ကျနော်တို့ကလည်း ဘိုကင်ကြိုခံထားကြတော့ ညဘက် ၁၀ လောက်မှ ဟိုတယ် ဝင်ဖြစ်ကြပါတယ်
ကျနော်လည်း စဝင်ဝင်ချင်းတော့ ကြက်သီးတွေထသွားသလို ခံစားလိုက်ရတော့ တခုခုတော့ တခုခုဘဲဆိုပြီး စိတ်ထဲက တွေးမိလိုက်ပါသေးတယ် ဟိုတယ်ကတော့ ပုံစံက သန့်သန့်ပြန့်ပြန့်ပါဘဲ အဲ့လိုနဲ့ 4 ယောက်အိပ်ခန်းကို တစ်ခန်းနဲ့ လူမဆံ့တော့ extra bed တစ်လုံးထည့်ပေးလာပါတယ်။ ဝန်ထမ်းလေးကတော့ ညီတို့ အဆင်မပြေတာ တခုခုဆို အကို့တို့ဆီ ချက်ချင်းဖုန်းဆက်လိုက်ဆိုပြီး သူတို့ ကောင်တာ ph no ပေးခဲ့ပါတယ် ။ ကျနော်တို့ သူငယ်ချင်းတစ်စုလည်း ကြောင်တောင်တောင်နဲ့ ကြည့်နေခဲ့ကြပြီး ဘယ်လိုကြီးလဲဟ ဒီလောက် အဆင်ပြေနေတဲ့အခန်းကို ဘာကြောင့် အဆင်မပြေရင်ကလာသေးတာ ဆိုပြီး တစ်ယောက်တစ်ပေါက်ပြောကျန်ခဲ့ကြပါတယ်
ဒီလိုနဲ့ ၁၁ လောက်ရောက်တော့ ကိုယ်တို့မှာပါလာတဲ့ လက်ကျန်လေးတွေကိုထုတ် ရှက်ကီပစ်ပြီး စကာရစမြည်ပြောနေကြတာပေါ့ အဲ့မှာ တစ်ကောင်က ထဖောက်ပါလေရော "သားကြီးတို့ ငါတို့ သရဲခေါ်ကြမယ်" တဲ့ ကျန်တဲ့ကျနော်တို့ကလည်း နည်းနည်းလေးအရှိန်တက်နေတော့ " ချကွာ ကြာသလားလို့ " ဆိုပြီး သောက်လက်စတွေကို ဖြတ်ပြီး က်ုယ်တို့ သိတဲ့ နည်းပေါင်းစုံနဲ့ ခေါ်ကြတာ သရဲမပြောနဲ့ အိမ်မြှောင်တောင် မလာခဲ့ဘူး 🤣 အဲ့မှာ တစ်ကောင်က ငါခြံထဲခန ဖုန်းသွားပြောလိုက်မယ်ဆိုပြီး ထွက်သွားပါလေရော ကျန်ခဲ့တဲ့ ကျနော်တို့ကတော့ သောက်တဲ့သူကသောက် မှောက်တဲ့ကောင်ကမှောက်နဲ့ အကုန်အိပ်ပျော်သွားကြတာပေါ့ အဲ့လိုနဲ့ မှတ်မှတ်ရရ ၂ နာရီလောက်ထိုးတော့ ကျနော်လည်း နိုးကျလာရော toilet ခနသွားမယ်လုပ်တော့ toilet အထဲက ဂျက်ချထားသလို ဘယ်လိုမှကို ဖွင့်မရဘူးဆိုတော့ မူးလည်း မူးနေတာကိုး တံခါးကို အသကုန်ဆောင့်တာ ကျနော်လည်း " ဟဲ့ကောင် ဇော်ဇော်(အမည်လွဲ) မင်း နောက်မနေနဲ့ကွာ ငါဒီမှာ စီးကျတော့မယ် ဆိုပြီး အော်အော်ခေါ်တာ ခနနေတော့ သူငယ်ချင်းတွေ နိုးလာပြီး ဟေ့ကောင် မင်းဘာတွေ လျှောက်အော်နေတာလဲ ဇော်ဇော်က ဒီမှာလေ လာစားနေတယ်ဆိုတော့ ကျနော်လည်း မျက်လုံးကို ဖြူးပြီးကြည့်တော့ ဟုတ်လည်း ဟုတ်သား ပြီးတော့ ပြန်လူချကြည့်တော့လည်း အကုန်လုံးက အိပ်နေကြတာဗျ ဒီလိုနဲ့ သူငယ်ချင်းတွေကို အဲ့အကြောင်းပြောပြတော့ မင်း မူးနေလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာပါကွာ ဘယ်မှာလဲ တံခါးဆိုပြီး သွားဖွင့်မယ်လုပ်တော့ တံခါးက သူ့အလိုလို "ဟ" နေတာ အဲ့တာမြင်တော့ ကျနော်လည်း အတော်ကို လိပ်ပြာလွင့်သွားတာ ခုနက လုံးဝ ဖွင့်မရတဲ့ဟာက ဒီတခါကျတော့ ဟ နေတော့ ပြီးတော့ ကျနော်လည်း ထင်ယောင်ထင်မှားဖစ်တာ မဟုတော့ တကယ်ကို ခေါင်းနပန်းကြီးသွားတာ
ဒါနဲ့ ကိုယ့်ကိစ္စါရင်ရှင်းရမှာမို့ toilet ထဲဝင်သွားပြီး ထိုင်နေတုန်း ခနဘဲရှိသေးတယ် ဘေးက bath tub ကြီးက ရေတွေ တစ်စစ ကျလာတာ မရပ်တော့ဘူး
အဲ့မှာ စသိလိုက်တော့တာဘဲ ကိုယ်တစ်ယောက်တည်းကိုဘဲ ခြောက်နေတယ်ဆိုတာ ကျနော်လည်း ဘယ်ရမလဲ တင်ပူအောင်တောင် မထိုင်ခဲ့ရဘူး ဟိုကောင်တွေဆီ အမြန်သွားပြီး အဲ့ဟာကိုပြောပြတော့ ယုံတဲ့ကောင်ကယုံ မယုံတဲ့အကောင်ကလည်း မင်း မူးနေလို့ပါဆိုပြီး ဇွတ်ငြင်းကြတာ အဲ့လိုနဲ့ ခနလည်းနေရော အိပ်ကြမယ်လုပ်တော့ ကုတင်ရှေ့က ကိုယ်လုံးပေါ်မှန်ကို (ကြိုပြီးပြင်ဆင်ထားတဲ့အနေနဲ့အဖြူအဝတ်စနဲ့ကာထား)တဲ့ အဝတ်စက လေလုံးဝ မတိုက်ဘဲ သူ့အလိုလို အောက်ကို ကျသွားတာ နည်းနည်းလောက်ဆော့ ခပ်လန့်လန့်ဖစ်ကုန်ကြတာ
အဲ့မှာ တကောင်ကထဖောက်တာ သားကြီးတို့ ငါ ညီးသံတစ်သံကြားနေရတယ်တဲ့ မင်းတို့ကော ကြားရလားတဲ့ ဘယ်ကလည်း ဆိုတော့ ရေချိုးခန်းထဲကလာသလိုဘဲတဲ့ ။ ကျနော်တို့လည်း သိသိရဲ့သားနဲ့ သွားတိုးရအောင် ပိုးဖလန်မှ မဟုတ်တာ 🥹 ပုဆိုး ခေါင်းမြီးခြုံပြီးအိပ်ကြတာ (နွေခေါင်ခေါင်မှာ) ၅/၁၀ မိနစ်လောက်နေတော့ နံရံနဲ့ကပ်လို့ရှိတဲ့ ဗီရိုကြီးကို လက်သည်းတွေနဲ့ တစ်ဂျိမ်းဂျ်မ်း ကုတ်နေတဲ့ အသံကြီးထွက်လာရော တကယ့်က်ု သွေးလေခြောက်ခြားစရာ အသံကြီးပါဗျာ 🥹 နည်းနည်းလည်းကြာရော အဲ့ထက်ကြမ်းလာရော ဗီရိုတွေကို ထု နံရံတွေကို ခြစ်နဲ့လုပ်လာတော့ ကျနော်တို့ထဲက ဇ မသေးတဲ့တစ်ကောင်က အော်ကုန်ရော ***** သရဲ သတ္တိရှိရင် လာပြလှည့် မိန်းမဆို ***** လိုက်မယ် ဆိုပြီး / အဲ့လိုနဲ့ ခနလောက်တော့ ငြိမ်သွားပါတယ် နောက်လည်းကျရော ရေချိုးခန်းက မီးက လင်းတစ်ချက် ပြတ်တစ်ချက်နဲ့ ဘိုထိုင်က ရေအိမ်ကိုလည်း ရေဆွဲချနေတဲ့ အသံတွေ ထွက်လို့ထွက် အကုန် မျက်နှာမှာ သွေးမရှိတော့တဲ့အထိဘဲ ။ တကယ့်ကို သေချင်စရာကောင်းတဲ့ မြင်ကွင်းကတော့ နံရံကြက်မှာ တွဲခိုနေတဲ့ အကောင်ရဲ့ မျက်နှာပါဘဲ ဘယ်လိုပုံဖော်ရမလဲဆို " ဆံပင်အရှည်ကို ဖားလားချပြီး သွားရှိတစ်ချောင်း မရှိတစ်ချောင်းနဲ့ ပါးစပ် နားရွက်ချိတ်တဲ့ထိ ရယ်ပြနေတာပါဗျာ " တကယ့်ကို သွေးလေခြောက်ခြားစရာ မြင်ကွင်းပါဘဲ အဲ့လိုနဲ့ ဘယ်လိုကို အိပ်ပျော်သွားလည်းလည်း မသိလိုက်ဘူး မနက်ကျတော့ ကောင်တာက ဝန်ထမ်းတွေက အဆင်ပြေခဲ့ကြလား ညီလေးဆိုတာကိုတောင် မဖြေချင်တော့တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ခြောက်ခံခဲ့ရတာပါဗျာ 🥹🥹

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now